ကျပ်သိန်း ၂၀၀ နီးပါးခန့်မှန်းတန်ဖိုးရှိ ဆင်သားရေခြောက် ၉၈ ပိဿ ာကျော် သိမ်းဆည်းရမိ

   ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ မန္တလေး- မူဆယ်ကုန်သွယ်မှုလမ်းကြောင်းအတိုင်း မောင်းနှင်လာသောစိတ်ကြိုက်မှန်လုံယာဉ်လိုင်းပေါ်မှ ယာဉ်အမှတ် ၅ခ/xxxx  ယာဉ်အား နောင်ချို  Mobile Team   အဖွဲ့သို့ဝင်ရောက်စစ်ဆေးခံရာ ယာဉ်နောက်ပိုင်းမှာ သိုဝှက်တင်ဆောင်လာတဲ့ ဆင် သားရေခြောက် ၁၀ ထုတ်၊ ၉၆ ဒသမ ၁၆ ပိဿ    ာခန့်မှန်းတန်ဖိုးကျပ် ၁၉၆ဒသမ၃၂၀သိန်းအား ပိတောက်ခွဲသား၊ တမလန်းဓါးရွေများနဲ့အတူစစ်ဆေးတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တို့မှာ ယာဉ်ပေါ်ပါကုန်များအား Mobile Team  အဖွဲ့မှ စစ်ဆေးစဉ် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သိရပါတယ်။

   သိမ်းဆည်းရမိတဲ့သစ်များနဲ့ ဆင်သားရေခြောက်များကို လုပ်ထုံး လုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်ထားပြီးနောက် မြို့နယ်သစ်တောဦးစီးဌာနသို့အပ်နှံပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ပစ္စည်းများတင်ဆောင်လာတဲ့ ယာဉ်ခန့်မှန်းတန်ဖိုးကျပ်သိန်း ၁၇၀ ကိုလည်း အကောက်ခွန်အမှုတွဲဖွင့်၍ အကောက်ခွန်ဦးစီးဌာနသို့ အပ်နှံထားပြီးဖြစ်တယ် လို့သိရပါတယ်။

DCCA