တစ်ဖက်နိုင်ငံမှ ကချင်ရိုးရာဝတ်စုံများ တင်သွင်းလာမှုကြောင့် ရိုးရာဝတ်စုံထုတ်လုပ်မှုလုပ်ငန်းများကို ထိခိုက်စေနိုင်

   ကချင်ပြည်နယ်အတွင်းသို့ ကချင်ရိုးရာဝတ်စုံများ တရုတ်နိုင်ငံမှ တစ်ဆင့်ဝင်ရောက်နေလျက်ရှိနေပါတယ်။ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ တရားဝင်တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားခြင်းမရှိသလိုတင်သွင်းခွင့်လည်းပြုမထားပါဘူး၊ ကချင်ရိုးရာဝတ်စုံများ ပြည်ပမှဝင်နေခြင်းအားဖြင့် မိမိနိုင်ငံတိုင်းရင်းသားများရဲ့ ရိုးရာ ဝတ်စုံထုတ်လုပ်မှုလုပ်ငန်းများ တိမ်ကောပျောက်ကွယ်သွားနိုင်တဲ့အတွက် မိမိအကျိုးစီးပွားတစ်ခုတည်းရှေ့တန်းတင်ပြီး တစ်ဖက်နိုင်ငံလုပ် ကချင်ရိုးရာအဝတ်အထည်တုများ တင်သွင်း မှုမပြုကြရန် ဇန်နဝါရီလ ၂၇ ရက်နေ့က ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ စခန်းတာဝန်ခံက အသိပေးပြော ကြားခဲ့တယ်လို့သတင်းရရှိပါတယ်။

MIRT (DCCA)