မြဝတီကုန်သွယ်ရေးဇုန်မှ လယ်ယာထွက်ကုန်ပိုမိုတင်ပို့နိုင်

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်က ဇန်နဝါရီလ ၁ ရက်မှ  ၂၃ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၅၃၂ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် များဖြစ်တဲ့ ကြက်သွန်နီ  ၃၇၂ တန်ကျော်၊ မြေပဲဆံ ၅၃၅ တန်ကျော်၊ နနွင်းတက် ၆ တန်ကျော်၊ ပဲလွန်းဖြူ  ၁၉ တန်ကျော်နှင့် ငရုတ် သီးခြောက် ၁၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ လယ်ယာထွက်ကုန်တင်ပို့မှုဟာ တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ခင်မြနွယ် MIRT (DCCA)