မြိတ်နယ်စပ်မှ ဒီဇင်ဘာလအတွင်း ကဏန်းမျိုးစုံတင်ပို့
မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၉၃၂ သန်းတန်ဖိုးရှိ ကဏန်းမျိုးစုံ တန်ချိန် ၂၁၀ ကျော်တင်ပို့နိုင်ခဲ့ပါ တယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလအတွင်းကဏန်း မျိုးစုံဖြစ်သောကဏန်းပျော့ ၅၆ တန် ကျော် ကဏန်းသေး (အသေ) ၄တန် ကျော်၊ သဲကဏန်း ၄ တန်ကျော်နဲ့ ကဏန်းနီ ၁၄၅ တန်ကျော် တင်ပို့နိုင်ခဲ့ တဲ့အပြင် ရေထွက်ကုန်များဖြစ်သော ရေငန်ပုစွန် ၁၃၅ တန်ကျော်၊ ကင်းမွန် တန် ၁၂၀ ကျော်၊ ငါးခြောက် ၆ တန်၊ ငါးမျိုးစုံ ၅၈၈၄ တန်ကျော်၊ ငါးမှုန့် ၁၄၈၀ တန်၊ ငါးအသားလွှာ ၄၈ တန်၊ ပုစွန် ၁၇ တန်ကျော်၊ ပုစွန်ခြောက် ၇ တန်ကျော်၊ ရေခူခြောက် ၈ တန်ကျော်နဲ့ ကင်းမွန်ခြောက် ၃ တန် တင်ပို့နိုင်ခဲ့ပါ တယ်။ ယခုတစ်ပတ်အတွင်းမှာလည်း ကန်ဒေါ်လာ ၁ ဒသမ ၀၀၅ သန်း တန်ဖိုးရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ ၉၂၃ တန်ကျော်၊ ရေငန်ပုစွန် ၁၅ တန်ကျော်၊ သဲကဏန်း ၁ တန်ကျော်နဲ့ ကင်းမွန်အနည်းငယ်တင်ပို့နိုင်ခဲ့ပါတယ်။
ခင်မြနွယ် MIRT (DCCA)