ဝါဂွမ်းနဲ့အတူ ပိုးချည်မျှင်ပါတင်ပို့

   မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာ၂၀ ရက်မှ ၂၆ ရက် သီတင်းတစ်ပတ်အတွင်း ကန်ဒေါ်လာ ၆၈၈၀၀ တန်ဖိုးရှိ ပိုးချည်မျှင် ၁၇ တန်ခွဲ ကို တင်ပို့ခဲ့တယ်လို့  သိရပါတယ်။ ပိုးချည်မျှင်နဲ့အတူ ပုံမှန်တင်ပို့နေကျ ငွေချည် ၆ ချည်မျှင်ရှည်ဝါ  ၈၀၆ တန်ကိုလည်း ကန်ဒေါ်လာ   ၁ဒသမ ၇၇၃သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်က ဝါဂွမ်း ၇၇၄ တန်သာ  တင်ပို့ခဲ့လို့  ယခုသီတင်းပတ်မှာ ၆၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ငွေချည် ၆ ဝါမှာ ဝါအထွက်နှုန်းကောင်းခြင်း၊ မြေသြဇာ တုံ့ပြန်မှုရှိခြင်း တို့ကြောင့် တောင်သူတွေအတွက် စီးပွားရေးတွက်ခြေကိုက်လျက်ရှိကြောင်း မကွေးမြို့မှ ဝါစိုက်တောင်သူတွေထံကသိရပါတယ်။

မော်မော်အောင် MIRT (DCCA)