မူဆယ်နယ်စပ်မှ ဖရဲ၊ သခွားမွှေးနှင့် အုန်းသီးများတင်ပို့

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀ ရက်အတွင်း ကန် ဒေါ်လာ ၅ ဒသမ ၇၁၃ သန်းတန်ဖိုးရှိ ဖရဲသီး ၄၃၄၂၆ တန်ခွဲနဲ့ ကန် ကန်ဒေါ်လာ ၂ ဒသမ ၄၅၆ သန်း တန်ဖိုးရှိ သခွှားမွှေး ၁၂၀၃၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ လွယ်ဂျယ် စခန်းကတော့ ကန်ဒေါ်လာ သုည ဒသမ ၀၃၅ သန်းဖိုးရှိ ဖရဲသီးတန် ၂၇၀ ကိုတင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဖရဲ၊ သခွားအပြင် မူဆယ်မှ တစ်ဆင့် တရုတ်ပြည်ကို ကန်ဒေါ်လာ ၁၄၅၅ တန်ဖိုးရှိ အုန်းသီး ၉ တန်ခွဲနှင့် ကန်ဒေါ် လာ ၄၀၈ တန်ဖိုးရှိ ဆီးသီး  ၃ တန် ကိုလည်းတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။

   ဖရဲသီးကို တရုတ်နိုင်ငံက တစ်နှစ်ထက်တစ်နှစ်ပိုပြီး အဝယ်လိုက်လာရာက တောင်သူတွေကလည်း ဖရဲကိုပိုစိုက်လာကြကြောင်း၊ မြန်မာနိုင်ငံက စိုက်တဲ့ ဖရဲများကို မူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံကိုအဓိကတင်ပို့ကြောင်း၊ ထိုသို့တင်ပို့ရန် အနည်းဆုံး အရှည်တစ်ပေနဲ့ လုံးပတ်နှစ်ပေအရွယ်ရှိတဲ့ ဖရဲသီးများကိုသာဝယ်ယူလေ့ရှိကြောင်း၊ သခွားမွှေးဈေး ကွက် အခြေအနေကတော့ စိုက်ခင်းထဲမှ အသီးများကို လူငှားနဲ့ ဆွတ်ပြီး အညှာဖြတ်ကာ သတင်းစာစက္ကူနဲ့ထုတ်ပြီး ဆယ်ဘီးကားများနဲ့ မူဆယ်အရောက်ပွဲစားတွေကိုချိတ်ပြီး တရုတ် ကုန်သည်နဲ့ရောင်းချရကြောင်း၊ နိုင်ငံခြားဈေးကွက်မီရန် အလုံးလှရန်နဲ့ သတ်မှတ်ထားတဲ့ အရည်အသွေးရောက်အောင် ဂရုတစိုက် စိုက်ပျိုးနိုင်မှသာ ဈေးကွက်ကောင်း ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်းသိရပါတယ်။

မော်မော်အောင် MIRT (DCCA)