တရားမဝင်တင်ဆောင်လာတဲ့ ရေယာဉ်ပေါ်မှ စားသောက်ကုန်နဲ့ ကြိမ်များကို ဝါးတန်းဆိပ်ကမ်းတွင်သိမ်းဆည်းရမိ

   ရန်ကုန်တိုင်းဒေသကြီး ပြည် တွင်းပြည်ပဆိပ်ကမ်း ၁၂ ခုတွင် တစ်ခု အပါအဝင်ဖြစ်တဲ့ ပြည်တွင်းကမ်းရိုးတန်းသွား ဝါးတန်းဆိပ်ကမ်းတောက လူးအနီး ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေတဲ့ ရေကြောင်း OSS အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက မြိတ်မှ ရန်ကုန် သို့ထွက်ခွာလာတဲ့ ရန်မျိုးအောင် ရေယာဉ်ပေါ်တွင် စားသောက်ကုန်များနဲ့ အတူ အထောက်အထားမဲ့ ကြိမ်များတင်ဆောင်လာကြောင်း သက်ဆိုင်ရာ သစ်တောဦးစီးဌာနဲ့ Mobile Team  အဖွဲ့ထံသို့ ဆက်သွယ်သတင်းပေးပို့မှု အရ ဒီဇင်ဘာလ ၂ ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့ နယ်၊ ဝါးတန်းအမှတ် (၄) ဆိပ်ကမ်းတွင် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်အဆင့် သစ်တောမှတာဝန်ရှိ သူများ၊ အမှတ် (၄) ဝါးတန်းဆိပ်ကမ်း Mobile Team မှ တာဝန်ရှိသူများ၊ ဆိပ်ကမ်းမြို့ နယ် မော်တင်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူး ပေါင်းလျက် ရန်မျိုးအောင် ရေယာဉ်ပေါ်သို့ တက်ရောက်စစ်ဆေးရာ ရေယာဉ်ပေါ်တွင် အထောက်အထားမဲ့ တင်ဆောင်လာတဲ့  ကြိမ်ကြီး ၄၉၈၀ လုံးနဲ့ ကြိမ်သေး ၁၆၄၅၀ လုံး ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄ သိန်းဖိုးအား စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အဆိုပါ စစ်ဆေးတွေ့ရှိ ကြိမ်များနဲ့ သယ်ဆောင်လာတဲ့ပစ္စည်းပိုင်ရှင်တို့အား ရေယာဉ်နဲ့အတူ သစ်တောဥပဒေအရ  အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

DCCA