ကျောက်မီးသွေးတင်ရေယာဉ်ဝမ်းဗိုက်အတွင်းမှ တရားမဝင်သစ်ခွဲသားများ စစ်ဆေးတွေ့ရှိ

   မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်း နယ်မြေမှ Mobile Team အဖွဲ့ဟာ ဂေါဝိန်ဆိပ်ခံဘောတံတားမှာ အခြေပြုပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက် Mobile Team လုပ်ငန်း များကိုဆောင်ရွက်နေပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့ ၁ရး၃၀ နာရီမှာ ဂေါဒန် (ရွှေကြက်ယက်) ဆိပ်ကမ်းအနီးမှာ ဆိုက်ကပ်ထားတဲ့ ကျောက်မီးသွေးတင်  xxxx  ရေယာဉ်အား ဝင်ရောက်စစ်ဆေးရာမှာ ရေယာဉ်ဝမ်း ဗိုက်အတွင်းမှာ သိုဝှက်သယ်ဆောင်လာတဲ့ တရားမဝင်သစ်မာခွဲသားမျိုးစုံကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

   သိမ်းဆည်းရမိတဲ့ သစ်ခွဲသားများမှာ ''အင်''အမျိုးအစားဖြစ်ပြီး တန်ချိန် အားဖြင့် ၁၉ ဒသမ ၆၀၉၂၊ အရေ အတွက်အားဖြင့် ၅၇၃ ချောင်း၊ ခန့် မှန်းတန်ဖိုးမှာ ကျပ် ၈၂ ဒသမ ၃၅၉ သိန်းရှိတယ်လို့သိရပါတယ်။ ဖမ်းဆီးရမိ အင်ခွဲသားများကို မဟာအောင်မြေ သစ်တောဦးစီးဌာနသို့ အပ်နှံသွားမှာ ဖြစ်ပြီး သစ်သိုဝှက်တင်ဆောင်လာသော ကျောက် မီးသွေးတင်  xxxx  ရေယာဉ်ခန့်မှန်းတန်ဖိုးကျပ် ၇၇၆ သိန်းကို အကောက်ခွန်ဦးစီးဌာနသို့လွှဲပြောင်းအပ်နှံပြီး အကောက်ခွန်ဦးစီးဌာန လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲများဖွင့် လှစ်ထားပြီး ရေယာဉ်နဲ့သစ်ခွဲသားပိုင်ရှင်၊ ရေယာဉ်မောင်းတို့အား မဟာအောင်မြေသစ်တောဦးစီးဌာနက အမရပူရရဲစခန်းမှာအမှုဖွင့်အရေးယူဆောင်ရွက်နေပြီလို့သိရပါတယ်။

   နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မန္တလေးတိုင်းဒေသကြီး ဆိပ်ကမ်းနယ်မြေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် တို့မှာ Mobile Team  အဖွဲ့က တာဝန်ယူထမ်းဆောင်လျက်ရှိ ရာ နိုဝင်ဘာလ အတွင်းမှာ တရားမဝင်သစ်များကို(၃) ကြိမ်ရှာဖွေတွေ့ရှိကာ အကောက်ခွန်အမှုတွဲဖွင့်အရေးယူနိုင်ခဲ့ပါတယ်။

   နိုဝင်ဘာလအတွင်း သိမ်းဆည်းရမိသစ်များမှာ ကျွန်းနဲ့သစ်မာ၊ သစ်လုံးခွဲသားအရွယ်စုံ ၂၈၁၆ ချောင်း ၅၂ ဒသမ ၅၆ တန်နဲ့ သစ်လုံး ၅၅ လုံး ၇ ဒသမ ၃၇ တန် အသီး သီးဖြစ်ပါတယ်။

DCCA