မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိ ရာ ၂-၁၂-၂၀၂၃ ရက်နေ့မှ ၄-၁၂-၂၀၂၃ ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်း များဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ချင်းခြောက်၊ ပြောင်းမှုန့်၊ နနွင်းတက်၊ မကျည်းသီး (အစေ့ပါ)၊ ငါးဖမ်းပိုက်၊ ပုလင်းကွဲ၊ တောထန်းမြစ်ခြောက်၊ ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်းဆီ ဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများ ဖြစ်သော ခဲ/သတ္တုများ နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့သည်။ 
 

   သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက် ပစ္စည်းကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့သည်။

   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့ အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၃၈၃) အမေရိကန်ဒေါ်လာသန်း၊ သွင်းကုန် (၄.၀၇၈) အမေရိကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄.၄၆၁ ) အမေရိကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သည်။

ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် (၉၆.၆၂) ကျပ် ဖြစ်ကြောင်းသိရှိရသည်။