ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ ခြောက်)၊ ငါးပါကင်နှင့် ဆီအုန်းတို့ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ သဲကဏန်း တန်ချိန် ၁.၆၈၀ ၊ပလာတူး တန်ချိန် ၉.၆၈၀၊ ငါးလိပ်ကျောက် တန်ချိန် ၀.၆၆၀၊ ကင်းမွန်လိပ် တန်ချိန် ၁၀.၀၄ ၊ ရေဘဝဲ တန်ချိန် ၆.၁၆၅၊ ပလာလန်း တန်ချိန် ၈.၃၀၀၊ ငါးခွေးလျှာ တန်ချိန် ၃.၄၄၀၊ လူးစီငါး တန်ချိန် ၁.၇၆၊ ငါးဇင်းပြား တန်ချိန် (၄.၄၅) နှင့် ကင်းမွန်ရှည် တန်ချိန် ၁၀.၃၅၈ တို့ဖြစ်သည်။
DOT ( ကော့သောင်း)