ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တို ဘာလ ၁၀ ရက်နေ့အထိ  အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ရာဘာ (၈၃၆.၂၅)တန်၊ ဆန်ကွဲ (၁၃၈၆.၇၅)တန်၊ နှမ်း(နက်) (၂၄၂.၂၅)တန်၊ ပြောင်း (၁၁၀၂.၀၀၀) တန်၊ ပဲယင်း (၃၅၅.၉၈၇) တန်၊ ပဲတီစိမ်း (၂၅၃.၀၀၀) တန်၊ ဆန် (၂၀၃.၇၅) တန်၊ ပဲလွန်းဖြူ (၆၈.၅၀၀) တန်၊ မြေပဲ (အခွံပါ) (၃၃.၉၀) တန်နှင့် စွန်တာနီပဲ (၃၄.၀၀၀) တန် တင်ပို့နိုင်ခဲ့သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၅.၀၀၈) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၈၀၅) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၂.၃၀၅) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၁.၀၁၈) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက်စပ်ပစ္စည်း (၀.၈၂၁)ဒေါ်လာသန်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၆၅၄) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၀.၄၇၃)ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၄၅၂)ဒေါ်လာသန်း၊ မီးဖိုချောင်သုံး ပစ္စည်းများ (၀.၃၁၆) ဒေါ်လာသန်းနှင့် ဆေးဝါးပစ္စည်းများ (၀.၂၇၇) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

(DOT ချင်းရွှေဟော်)