မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/ သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့

              မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၄) ရက်နေ့မှ စက်တင်ဘာလ(၅) ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆) တန် ၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်း ကောင်းမွန် လျက်ရှိကြောင်း သိရှိရသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၄) ရက်နေ့မှ စက်တင်ဘာလ(၅) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ပုဇွန်စာ တစ်တန်လျှင် (၃၀၀) ဒေါ်လာနှုန်းဖြင့် (၁၈၀) တန် ၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ် ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၂၁၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။