မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၅-၃-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၄၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၄၈၈)သန်း၊ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ (၃.၃၃၁) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပဲတီစိမ်း (၉၀၆.၇၅၂) တန်၊ ကြက်သွန်နီ (၅၃၈.၅) တန်၊‌ သခွားမွှေး (၆၂၂) တန်၊ ပဲကြီး (၁၀၃.၅) တန်၊ စွန်တာနီ (၁၃၇.၅) တန်၊ ငါးရှဉ့် (၂၆.၉၆) တန်၊ မြေထောက်ပဲ (၇၀) တန်၊ ဝါဂွမ်း (၅၁.၁) တန်၊ ဖရဲသီး (၈၁၉.၂) တန်နှင့် အလူမီနီယံ သတ္တု (၃၄.၄၁) တန် တို့ဖြစ်သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆိုလာပြား၊ လိမ္မော်သီး၊ နှစ်ဘီးတပ် လယ်ထွန်စက် (အင်ဂျင်မပါ)၊ အဝတ်လျှော်စက်၊ ပလပ်စတစ်အလိပ်၊ ပိတ်လိပ်၊ အသီးထည့်သည့် စက္ကူအိတ်၊ ကြွေပြား၊ ကြမ်းခင်းကော်ဇောလိပ်နှင့် တံခါးပတ္တာတို့ဖြစ်သည်။

   ၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၅)ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ(၁၃.၃၄၅)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄.၅၆၅) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၇.၉၁၀) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ MACCS စနစ်အရ ငွေလဲနှုန်း တစ်ယွမ်လျှင် (၃၀၅.၁၄၄) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။