ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် လေးသိန်းကျော်ဝင်



အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၇ သန်းတန်ဖိုးရှိ နို့ဆီ ၃၆၈၁၅၆ တန် အား ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ တင်သွင်းခဲ့သည်။ ယခုပတ် အတွင်း မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ မှ တင်သွင်းခဲ့ပြီး တင်သွင်းခဲ့သည့် အမျိုး အစားများမှာMilk Product Falcon Brand, Tea pot Gold Brand, Hawk Brand  တို့ဖြစ်ကြောင်း သိရသည်။ ယခင်တစ်ပတ်က နို့ဆီ ၂၈၄၅၄၄ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခင်တစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ရှစ်သောင်းကျော်  ပိုမိုခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း နယ်စပ်မှ နို့ဆီတင်သွင်းမှုမရှိကြောင်း သိရှိရသည်။                                                                  

                    

အိမ့် (DOT)