နို့ဆီ၊ နို့မှုန့် တင်သွင်းမှု ဆက်လက် ကျဆင်း

ဇွန် ၁၉ ရက်မှ ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ   ဝ ဒသမ ၃၅၂ တန်ဖိုးရှိ နို့ဆီ ၂၆၆တန်အား ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ  တင် သွင်းခဲ့သည်။ ယခုတစ်ပတ်တွင် မလေး ရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ တင် သွင်းခဲ့ပြီး တင်သွင်းခဲ့သည့်အမျိုးအစား မှာ ABEVIA GOLD BRAND ဖြစ် ကြောင်း သိရသည်။ ယခင်သီတင်းပတ် တွင် နို့ဆီ ၃၁၈ တန်    တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်  တင်သွင်းမှုနှင့်  နှိုင်းယှဉ်လျှင် ၅၂ တန်  လျော့နည်း တင် သွင်းခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု မှ ဇွန် ၁၉ ရက်မှ ၂၅ရက်အတွင်း  အမေ ရိကန်ဒေါ်လာ ဝ ဒသမ ဝ၂၅တန်ဖိုးရှိ နို့မှုန့် ၂၅တန်အား တင်သွင်းခဲ့သည်။  ဂျာမနီနိုင်ငံမှသာ တင်သွင်းခဲ့ခြင်းဖြစ် သည်။ ယခင်သီတင်းပတ်က နို့မှုန့် ၁၂၆ တန် တင်သွင်းနိုင်ခဲ့ပြီး ယခုအပတ်နှင့် နှိုင်းယှဉ်ပါက   ၁၀၁ တန် တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယခုတစ်ပတ်တွင် ပင်လယ်ရေကြောင်းမှ  နို့ဆီ၊ နို့မှုန့်အဝင် ဆက်လက်လျော့နည်းလျက်ရှိကြောင်း သိရသည်။