ဆန်တင်ပို့မှုပိုမို

          နိုဝင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နဲ့    မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၈၄ သန်းတန်ဖိုးရှိ   ဧည့်ထမဆန် ၁၇၀ဝ၃ တန်ကျော် တင်ပို့ခဲ့ ကြောင်းသိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှုများ မှာ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ ၅၅၆၆ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ   ၂၇၇၅ တန်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ၈၆၅၇တန်တင်ပို့ပြီး မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ၅တန်တင်ပို့ ခဲ့ကြောင်းသိရပါတယ်။ ယခင်တစ်ပတ် ဆန်တင်ပို့မှုနဲ့နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၃၉၀၉ တန် ပိုမိုကြောင်း သိရပါတယ်။ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုညဒသမဝ၂၉ သန်းတန်ဖိုးရှိ    ဆန်ကွဲတန်ချိန်   ၁၀ဝ ကျော်   တင်ပို့ခဲ့ရာ လွယ်ဂျယ်စခန်းမှ တန်ချိန် ၆၀ကျော်နဲ့   တာချီလိတ်စခန်းမှ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် တန်ချိန် ၅၀ ခန့် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  နိုဝင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၆၉ သန်း တန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ ပေါင်း ဆန် ၇၅၈၅ တန်တင်ပို့ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ ဗီယက်နမ်နိုင်ငံသို့ ၁၆၂၅ တန်၊ ဖိလစ်ပိုင် နိုင်ငံသို့တန်ချိန် ၂၀ဝဝ၊ စင်ကာပူနိုင်ငံသို့ ၇၂ တန်၊ တရုတ် နိုင်ငံသို့ ၅၁ တန်ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၁၃၈၀ နဲ့ အီးယူနိုင်ငံများသို့ ၂၄၅၇ တန် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ၄၀၃၅ တန် လျော့ကျခဲ့တာတွေ့ရပါတယ်။
ယခုတစ်ပတ်ဆန်နဲ့ ဆန်ကွဲတင်ပို့မှု စုစုပေါင်းမှာ ဆန် ၂၄၅၈၈ တန်နဲ့ ဆန်ကွဲ ၃၉၇၅ တန် ဖြစ်ပါတယ်။  ယခုတစ်ပတ် မှာ ဆန်ပိုမိုတင်ပို့ခဲ့သော်လည်း ဆန်ကွဲတင်ပို့မှုလျော့ကျခဲ့တာ တွေ့ရပါတယ်။                                
        ယဉ်ယဉ်အေး