ပြောင်းဖူးနှင့်ပြောင်းဖူးစေ့ ဝယ်လိုအားကောင်းသဖြင့် တောင်သူများ ပိုမိုစိုက်ပျိုးနိုင်

       မကွေးတိုင်းဒေသကြီး ရေနံချောင်း မြို့နယ်နှင့် စလင်းမြို့နယ်များတွင်ကိုင်း မြေများ၌ ပြောင်းဖူးကိုသီးညှပ်နှင့် သီးသန့်အဖြစ် နေရာပေးပြီး စိုက်ပျိုးနေ ကြရာ ယခင်နှစ်ကထက် ပြောင်းဖူးနှင့် ပြောင်းဖူးစေ့ ဈေးကော င်း ရခြင်းများ ကြောင့်ဖြစ်ကြောင်း သိရသည်။''ဖူးစားပြောင်းစိုက်နေကြတယ်။အရင်းအနှီးကလည်း မျိုးစရိတ်၊ မြေသြ ဇာစရိတ်ပဲ ရှိတယ်။   အလုပ်သမားခ ကလည်း မြေပဲလိုအများကြီးမငှားရဘူး။ဈေးကွက်မှာ ပြောင်းဖူး အဖူး ၁၀၀ ကို ကျပ်၂၀၀၀၀ ဈေး ရောင်းရတယ်။ပြောင်း ရိုးခေါ် ပြောင်းပင်တစ်ခင်း သုံးဧကကို အပင်အနေအထားကို မူတည်ပြီး ကျပ်၂၀၀၀၀ ဈေးပေးပြီး  နွားစာ၊ မြင်းစာ အဖြစ် ရောင်းရတယ်။ ဒါကြောင့် စိုက် ကြတာပါ''ဟု စလင်းမြို့နယ် ဖောင်း လင်း ကျေးရွာက ဒေသခံတောင်သူတစ်ဦးကပြောသည်။  လက်ရှိ ပြောင်းဖူး အဖူး ၁၀၀ လျှင် ကျပ် ၂၀၀၀၀ ဈေးရှိပြီး ပြောင်းဖူး စေ့ တစ်တင်းကျပ် ၁၂၅၀၀ ရှိကြောင်း သိရသည်။ ဖူးစားပြောင်းကို မြေပဲနှမ်း နှင့် ကုလားပဲစိုက်ခင်းေ တွမှာ  သီးညှပ် စိုက်ကြကြောင်း တောင်သူများထံက သိရသည်။ရေနံချောင်းမြို့နယ်တွင် ဖူးစား ပြောင်းဧက ၁၃၄၅၅ စိုက်ရန် လျာထား ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းအရ သိရပါသည်။

ရွှေစင်