ဒီဇင်ဘာလတွင် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ နနွင်းတက်တန်၂၀၀ နီးပါးတင်ပို့

  ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၇၅၃၇ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၅၂ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန်၈၀ကျော်နဲ့ နှိုင်းယှဉ်ပါက ၂၈ တန်လျော့နည်း တင်ပို့ခဲ့ပေမယ့် ဒီဇင်ဘာတစ်လလုံးမှာ မူဆယ်မှ နနွင်းတက်တန် ၂၀၀ နီးပါးကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ နနွင်းတက်တစ်တန်ကို လိုင်စင်ဈေး အမေရိကန် ဒေါ်လာ ၇၁၅ ရှိပြီး  မိမိဘက်ပေါက်ဈေးမှာ (ငွေလဲနှုန်းအရ) ၉၆၈၈၂၅ ကျပ် ဝန်းကျင်ရှိကြောင်း မူဆယ်ကုန်စည်ဒိုင်မှ သိရပါတယ်။                                                       

    မော်မော်အောင်