စစ်တွေရော မောင်တောမှပါ ချင်းလျော့နည်းတင်ပို့

    သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅၀၅၃၀ တန်ဖိုးရှိ ချင်းစို ၁၈၄ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာစစ်တွေမှ တန် ၂၀၊ မောင်တော မှ ၁၆၄ တန်ကျော် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေ မှ ၅၇ တန်၊ မောင်တောမှ ၁၈၂ တန် စုစုပေါင်း တန်ချိန် ၂၃၉ တန် ပိုမိုတင်ပို့ခဲ့လို့ ယခုတစ်ပတ် ချင်း ၅၅ တန် လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းတစ်တန်ရဲ့ မိမိ ဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ယခုတစ်ပတ်မှာ ၁၀၃၅၂၇၂ ကျပ်ရှိပြီး ယခင်နှစ် ကာလတူက ကျပ် ၉၀၂၁၂၀ ဈေးရှိတယ် လို့သိရပါတယ်။           

 မော်မော်အောင်