ပြည် မန်ကျည်းမှည့် နယ်ဝယ်လက်ရှိပြီး ဈေးကွက်ဝင်ရောက်မှုများလာ

     ပြည် မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ထုံးဘို၊ ပန်းတောင်းတို့မှ ယခင်ရက်သတ္တပတ်များက ထက် မန်ကျည်းမှည့် ပိဿာချိန်  ပိုမိုဝင်ရောက်လာပါတယ်။ ရန်ကုန်နဲ့ ရခိုင်ဝယ်လက်များထံသို့လည်း ပုံမှန် တင်ပို့နေရ သလို မန်ကျည်းမှည့်ဈေးကလည်း ဈေးငြိမ်လျက်ရှိနေပါတယ်။
ယခုတစ်ပတ် မန်ကျည်းမှည့်  တစ်ပိဿာလျှင် ပွဲရုံဈေး ကျပ် ၃၂၀၀ ရှိပြီး ဒေသတွင်း မန်ကျည်းမှည့်ဈေး ကျပ် ၃၆၀၀ အထိ ကျဆင်းလာတာ တွေ့ရပါတယ်။ ဈေးကွက်အတွင်း ပွဲရုံ များသို့ အစေ့အနည်းငယ်ပါ မန်ကျည်းမှည့်လည်း ဝင်ရောက် လာတာတွေ့ရပြီး ဈေးနှုန်း အနည်းငယ် ကျဆင်းလာတာလည်း တွေ့ရပါတယ်။ ဒေသတွင်း ဈေးများတွင် လက်လီ တစ်ပိဿာ ဈေး (အစေ့ပါ) ကျပ် ၃၀၀၀ နဲ့  အရောင်းအဝယ်ဖြစ်နေတာ တွေ့ရပါတယ်။ ပွဲရုံဈေးကတော့ (အစေ့ပါ) ကျပ် ၂၇၀၀ သာ ရှိပြီး ယခုတစ်ပတ်မှ ဝင်ရောက်နေတာ ဖြစ်ပါတယ်။
မန်ကျည်းသီးစိမ်းများလည်း  ဈေးကွက်သို့ ဝင်ရောက် နေပြီး လက္ကား တစ်ပိဿာကျပ် ၄၀၀၀ နှင့် လက်လီဈေးကျပ် ၆၀၀၀ တို့ဖြင့် ရောင်းချလျက်ရှိပါတယ်။ မန်ကျည်းသီးစိမ်း ပေါ်စဖြစ်လို့ စားသုံးသူများမှ ဝယ်ယူမှုရှိတာကြောင့် အရောင်း အဝယ်ကောင်းနေကြောင်း တွေ့ရပါတယ်။
            နီနီဝင်း