ပြည်ထောပတ်ပဲသီးနှံ ယခင်နှစ်ဈေးထက် နှစ်ဆခန့်ပိုရခဲ့

 ဇူလိုင်လလယ် ပြည်ပဲဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပ ဝယ်လက်ပဲများ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို လက်လီ ပဲများလည်း ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။  ထောပတ်ပဲသီးနှံဟာ လက်ကျန်ပဲ အနည်းငယ်ဖြင့် လက်လီ သမားအချို့ နေ့စဉ်ဝယ်ယူလျက် ရှိခဲ့ ကာ တစ်ရက်လျှင် အိတ် ၂၀ ဝန်းကျင်  ရောင်းချခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၃၁၀၀၀ နဲ့ အခြား လက်လီပဲများဖြစ်သော ဘိုကိတ်၊ ပဲပုပ်၊ ပဲလွန်းဖြူ သီးနှံများထက် ဈေးကောင်း  ပိုရ ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ် ဇူလိုင်လက ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၅၀၀၀ သာရရှိခဲ့လို့ ယခုနှစ်ဈေးဟာ ယခင်နှစ်ရဲ့ဈေးထက်နှစ်ဆ ခန့် ပိုရနေခဲ့ တာကို တွေ့ရပါတယ်။                         

      ခင်ဆွေဝင်း