ရှမ်းကြက်သွန်ဖြူကို ပြည်တွင်းပြည်ပဈေးကွက်အတွက် အဝယ်လိုက်

    ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးဈေးကွက်မှာ ရှမ်းကြက်သွန်ဖြူတွေ အဝင်လှိုင်လာပါတယ်။ နယ်အစုံကထွက်လာပြီဖြစ်လို့  ဈေးကွက်မှာတစ်ပတ်ကို ပိဿာချိန်ထောင်နှင့်ချီပြီး ဝင်ရောက်မှုရှိနေပါတယ်။ လှောင် လက်တွေ ကလည်း ဝယ်ယူပြီး လှောင်နေသလို၊ ပြည်တွင်းစားသုံးမှုအတွက်ပါ ရန်ကုန်ဝယ်လက် များမှ ဝယ်ယူခြင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ကျိုင်းတုံ၊ တာချီလိတ်မြို့မှ ဝယ်လက်များက   ဝယ်ယူနေခြင်းတို့ကြောင့် အရောင်းအဝယ်မှာလည်း သွက်နေ တယ်လို့သိရပါတယ်။ ဒီနှစ်က ကြက်သွန်ဖြူအထွက်မှာလည်း ပုံမှန်အတိုင်းသာရှိ တာကြောင့် တဖြည်းဖြည်းဈေးတက်လာနိုင်တယ်လို့ ခန့်မှန်းကြပြီး ဝယ်လက်တွေ ကဝယ်လှောင်နေကြ တယ်လို့လည်း သိရပါတယ်။ အရင်နှစ်တွေကတော့ လွိုင်လင် ခရိုင်၊ လဲချားမြို့နယ်ကထွက်တဲ့ ခရမ်းစွဲကြက်သွန်ဖြူတွေကိုသာ ထိုင်းနိုင်ငံက အဝယ်ရှိပေမယ့် မနှစ်ကစလို့ တောင်ကြီးခရိုင်ကထွက်တဲ့ ကြက်သွန်ဖြူတွေကိုပါ အဝယ်ရှိလာတယ်လို့ သိရပါတယ်။ ခရမ်းစွဲကြက်သွန်ဖြူကအထွက်နောက်ကျပြီး ဒီလဆန်းမှာမှ ဈေးကွက်ကိုစပြီး ဝင်လာတာဖြစ်ပါတယ်။
ဒီတစ်ပတ် ရှမ်းကြက်သွန်ဖြူဈေးနှုန်းတွေကတော့ (လတ်ခြား ) ကျပ် ၁၉၀၀၊  ( ထူး ၁ )ကျပ်  ၂၀၀၀ ၊ (ထူး-၂)ကျပ် ၂၁၀၀၊ (ထူး - ၃ )ကျပ် ၂၄၀၀၊ (ထူး-၄ ) ကျပ် ၁၈၀၀ဈေးနဲ့ လဲချားခရမ်းစွဲက တစ်ပိဿာကိုကျပ် ၃၀၀၀ မှ  ၃၂၀၀ဈေးရှိပါတယ်။
ဧဧခိုင်-တောင်ကြီး