မဲဆောက်အထူးစီးပွားရေးဇုန်တွင် နယ်စပ်ကုန်သွယ်ရေးဇုန် တည်ထောင်မည်

ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်တွင် တည်ဆောက်မည့် အထူးစီးပွားရေးဇုန်အတွင်း နယ်စပ် ကုန်သွယ်ရေးဇုန် တည်ထောင်ရန် အတွက် မြေနေရာသတ်မှတ်နိုင်ရေးအားIndustrial Estate Authority of Thailand (IEAT)နှင့်ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း ဘဏ္ဍာရေးဌာန (Treasury Department)   ၏ ညွှန်ကြားရေးမှူးချုပ်Mr  Chankkrit  ကပြောကြားခဲ့ပါသည်။မဲဆောက် အထူးစီးပွားရေး ဇုန်၏ အကျယ် အဝန်း မှာ မြေရိုင် ၂၀၀၀(တစ်ရိုင် = သုည ဒသမ ၃၉၅ ဧက) ရှိရာ နယ်စပ်ကုန်သွယ်ရေးဇုန်အတွက် ရိုင် ၆၀၀ ကို လျာထားမည်ဖြစ်ကြောင်းနှင့် ယင်းအထူးစီးပွားရေးဇုန်သည် မြန်မာ နိုင်ငံ မြဝတီမြို့နှင့်ချိတ်ဆက်နိုင်သော ကြောင့် နယ်စပ် ကုန်သွယ်ရေးဇုန်ဖွံ့ဖြိုး တိုးတက်လာရန် အလားအလာအကောင်း ဆုံးနေရာဖြစ်ပါသည်။ထိုင်းအစိုးရသည် နယ်စပ်ဒေသ များတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု များ ကို မြှင့်တင်နိုင်ရန်အတွက် အထူးစီးပွား ရေးဇုန်များ အလျင်အမြန်ဖွံ့ဖြိုးလာစေရန် တွန်းအားပေးဆောင်ရွက် လျက်ရှိ ကြောင်း၊ အထူးစီးပွားရေးဇုန် တည်ထောင် မည့် ဒေသများတွင် ကုန်သွယ်ရေး တိုး တက်မှုကို အထောက်အကူပြုစေရန် အတွက် အခွန်အကောက်များ ကို လျှော့ ချ ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း နှင့် အထူးစီးပွားရေးဇုန်အတွင်း နယ်စပ် ကုန်သွယ်ရေးဇုန်ထားရှိသကဲ့သို့ စက်မှုဇုန် ကိုလည်း တည်ထောင်မည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဗန်ကောက်မြို့