တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်များမှ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်များတင်သွင်း

ဇူလိုင်  ဒုတိယပတ် အတွင်း တရုတ်၊  ထိုင်းနဲ့  အိန္ဒိယ နယ်စပ်များမှ အမေရိကန်ဒေါ်လာ  ၆ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ  ဆိုင်ကယ်မျိုးစုံ ၁၃၅၈၄ စီး တင်သွင်းခဲ့ပါတယ်။  ယခင်တစ်ပတ် ထက် ထိုင်းနယ်စပ်နဲ့  အိန္ဒိယ နယ်စပ် တို့မှပိုမိုတင်သွင်းခဲ့သော်လည်း တရုတ် နယ်စပ်မှ  ဆိုင်ကယ် တင်သွင်းမှုလျော့ ကျခဲ့သဖြင့် နယ်စပ်သုံးခုမှ  ဆိုင်ကယ် ဝင်ရောက်မှု  ၁၄၁၁ စီး   လျော့နည်းခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန်နဲ့   ကုန်သွယ် ရေး စခန်းများမှ  သိရပါတယ်။
ဆိုင်ကယ်တင်သွင်းမှု    အခြေ အနေကိုကြည့်ပါက  တရုတ်နယ်စပ်ဖြစ် တဲ့  မူဆယ်ကုန်သွယ်ရေးဇုန်မှ  ၁၁၅၈၉ စီး၊ ကန်ပိုက်တီးကုန်သွယ်ရေး စခန်းမှ အစီး ၆၀ ၊  ထိုင်းနယ်စပ်ဖြစ်တဲ့  မြဝတီ ကုန်သွယ်ရေး ဇုန်မှ  ၁၈၁၀ စီး၊  အိန္ဒိယ နယ်စပ်ဖြစ်တဲ့   တမူးကုန်သွယ်ရေး စခန်းမှ ၁၂၅ စီး အသီးသီး  တင်သွင်းခဲ့ တယ်လို့ သိရပါတယ်။ ကန်ပိုက်တီးကုန် သွယ်ရေးစခန်းမှ ဇူလိုင်ဒုတိယပတ်မှာ တင်သွင်းလာတဲ့ ဆိုင်ကယ်တံဆိပ်များ ကတော့   မြညေိ နြတ ၂၀၁၆ ွှသပသာထေ ၁၂၅ယ နဲ့ မြညေိ နြတ ၂၀၁၆ ၤူပာသ ၁၂၅ တို့ဖြစ်ပါတယ်။အဆိုပါ  ဆိုင်ကယ်များ  အပြင် ကန်ပိုက်တီး     ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၀၇၂ သန်းတန်ဖိုးရှိ  သုံးဘီးဆိုင်ကယ်၅၇ စီး၊ မူဆယ်  ကုန်သွယ်ရေးဇုန်မှ  အမေရိ ကန်ဒေါ်လာ  သုည  ဒသမ ၂၃၉ သန်း တန်ဖိုးရှိ  သုံးဘီး ဆိုင်ကယ် ၁၇၆ စီးပါ တင်သွင်းနိုင်တယ်လို့  ကုန်သွယ်ရေး ဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ သတင်း ရရှိပါတယ်။           

                ခင်မိုးသူ