ဟိုပုံးနနွင်းဈေးကွက်မှာ ပစ္စည်းလက်ကျန်များနေလို့ ဝယ်လက်ကို ထိုင်စောင့်နေရ

ဒီတစ်ပတ် နနွင်းဈေးကွက် အရောင်းအေးနေသလို ပစ္စည်း အဝင်လည်းနည်း နေပြီလို့ သိရှိရပါတယ်။ ပစ္စည်းအဝင်နည်းသွားပေမယ့် လှောင် လက်တွေက အဝင် လှိုင်ချိန်မှာ ပစ္စည်းတွေဝယ်စုထားကြပြီး အခုချိန်မှာဝယ်လက်မရှိ လို့ ကုန်သည်များမှာ ပစ္စည်းရှိပြီး ဝယ်လက်ထိုင်စောင့်နေရတယ်လို့လည်း သိရှိရပါ တယ်။ နနွင်းဈေးကတော့ တစ်ပိသာကို ကျပ် ၁၃၀၀ မှ ကျပ် ၁၇၀၀ ထိဈေးရှိနေပါတယ်။ဒီတစ်ပတ်မှာတော့ ချင်းရော နနွင်း ပါ အရောင်းအေးနေ တယ် လို့သိရှိရပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိသာကျပ် ၂၆၀၀ ဈေးရှိတယ်လို့ သိရှိရပါ တယ်။ အရောင်းအဝယ်ကတော့ တစ်ပတ်အတွင်းအမှုန့်ကြိတ်သမားလောက်သာ အဝယ်ရှိလို့ ပိသာချိန်သုံးသောင်းခန့်လောက်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ဟိုပုံးဈေးကွက်မှာ  နနွင်းအဝင်မရှိတော့ဘူးလို့  သိရှိရပါတယ်။ အရောင်း အဝယ်ကတော့ မိုးများတာရယ် ဝယ်လက်ဖြစ်တဲ့ ရခိုင်၊ စစ်တွေဘက်မှာ လမ်းတွေ ပျက်နေတာကြောင့် အရောင်းအေးနေတယ်လို့သိရှိရပါတယ်။   နနွင်းပေါက်ဈေး ကတော့ တစ်ပိသာကို ကျပ် ၁၂၀၀ မှ ကျပ် ၁၅၀၀ အထိ  ဈေးရှိတယ်လို့ ဟိုပုံး ဈေးကွက်မှ သိရှိရပါတယ်။