မြန်မာ - ထိုင်းနယ်စပ်မှ ငါး မျိုးစုံ တန် ၁၇၀၀၀ ကျော် တင်ပို့

 မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်း တန်ဖိုးရှိ ရေချိုငါးမျိုးစုံ ၁၇၂၃ တန်ကို တင်ပို့ခဲ့ ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ ရေချိုငါးမျိုးစုံ ၄၂ တန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ တန် ၃၉၀၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ၅၃၁၅ တန်ကို အသီးသီး တင်ပို့ခဲ့ပါတယ်။ မြဝတီကုန်သွယ်ရေးမှ ရေချိုငါးမျိုးစုံအပြင် ဂဏန်း ၁၃ တန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပုဇွန် ၂ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ အခြားရေထွက် ၁၉ တန်ကျော် မြိတ်ကုန်သွယ်ရေး စခန်းမှ ငါးမှုန့် ၂၅၄ တန်ကျော် ရေငံပုဇွန် ၁၆တန်ခွဲ၊ ငါးအသားလွှာ ၇ တန်၊ ကင်းမွန် ၂ တန်ကျော်ကို တင်ပို့ခဲ့ပါ တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။                                                                       
     

ခင်မိုးသူ