မြဝတီနယ်စပ်လိုင်စင်မဲ့ကား သွားလာခွင့် ပိတ်ပင်ခြင်းနှင့် အေးခဲအသားများအကြောင်း

           ကညန လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို ယခုလ ၃၀ ရက်နေ့ လာမည့်တနင်္လာနေ့ မှစတင်ကာ မြဝတီမှမဲဆောက်ဘက်သို့ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု သိရှိရသည်။ အထက်အမိန့် အရ ဒေသအာဏာပိုင်များက အဆိုပါအမိန့်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု အကြောင်းကြားခြင်းခံရသည့် အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ လိုင်စင်မရှိေ သာမော်တော်ယာဉ်များအပါအဝင် မည့်သည့်အဖွဲ့အစည်းက ဖြစ်စေ ထိုင်း ဘက်ခြမ်း မဲစောက်ဘက်သို့ လုံးဝသွားခွင့်မပြုတော့သည်ကို မဲဆောက်သို့ တရားဝင်ပြေးဆွဲနေကြသည့် ခရီးသည်ယာဉ်လိုင်းမှ ကားသမားများက ကြိုဆိုလိုက်ကြ သည်။ ရွှေမြန်မာယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက “ကြိုဆိုတယ်ဗျာ ကျနော် တို့ခရီး သည်တင်ကားတွေက အစီးရေ ၁၀ဝ လောက်ရှိတယ် ဝစ်သောက်ဒဏ်ကိုခံနေရတာ လိမ့်နေတာပဲ ဒီသတင်းကြား ရတာ ဝမ်းသာတယ်ဗျာ” ဟု ပြောဆိုသည်။ မြဝတီမြို့ခံ လိုင်စင်မဲ့ယာဉ် အသုံးပြုနေသူတစ်ဦးက “အနေအထားတစ်ခုအရ သုံးနေရတာပါ လိုင်း ကားရှိတာကတော့ဟုတ်ပါတယ် ထင်သလိုတော့ ခရီးမပေါက်ဘူးလေ ကချင်ပြည်နယ် အစိုးရ လွှတ်တော်မှာ လိုင်စင်မဲ့ကားတွေ ပြည်နယ်လိုင်စင်ရရှိရေး ဆွေးနွေးနေကြသလို ကရင်ပြည်နယ်အစိုးရလွှတ်တော် မှာလည်း ဆွေးနွေးပေးစေချင်တယ်ဗျာ ပြည်နယ်အစိုး ရဆိုတာက ကျနော်တို့ရဲ့မိဘတွေပါပဲ အားကိုးပါတယ်” ဟုဆိုကြောင်း ကြားသိရပါသည်။

             ထို့ပြင်မြဝတီ-ရန်ကုန်တစ်လျှောက် တစ်ဘက်နိုင်ငံမှ ကြက်အရှင်များ၊ တရားမဝင်သယ်ပို့ နေမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း၊ မြဝတီ-ကော့ဂရိတ်လမ်းတစ်လျှောက် ကြက်သယ်ယာဉ်အရေအတွက်မှာ လွန်စွာ များပြားလာ ကြောင်း သတင်းရရှိ၊ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတဆင့် တင်သွင်းနေမှုများသည် ရန်ကုန် ကြက်၊ ဘဲဒိုင်များအရောက် ကြီးမားကျယ်ပြန့်နေသည့်အတွက် နိုင်ငံတွင်း ကြက်မွေးမြူရေး  လုပ်ငန်းများကိုပါ ထိခိုက်စလျက်ရှိကြောင်းလဲသိရသည်။

             ထို့အတူ နိုင်ငံတွင်း တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်လာသည့် အခြားကုန်စည်တစ်မျိုးမှာ ပုဇွန်များ ဖြစ်ကြောင်း၊ ပုဇွန်ဖြူများသည်လည်း ရန်ကုန်ဈေးကွက်အရောက် တရားမဝင် တင်သွင်းနေသည် မှာ အေးခဲကြက်မြစ်၊ ကြက်သည်း၊ ကြက်နှလုံး များနည်းတူ မြန်မာပြည်အတွင်း အနှံ့အပြားသို့ ရောက်ရှိနေရာယူလျက်ရှိသည်ဟုလည်း သိရ ပါသည်။

 

သတင်းရင်းမြစ် -  မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်း