မူဆယ်၊ မြဝတီ၊ တာချီလိတ်မှ ကြက်သွန်နီ တင်ပို့

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ ၃၅၆၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၁၂၅၄ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှကန်ဒေါ်လာ ၂၉၅၈၀၂ တန်ဖိုးရှိ ကြက်သွန်နီ ၁၀၀၈ တန်ကျော်နဲ့တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၉၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၇၈၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀၀ တင်ပို့ခဲ့တာမို့ ယခုသီတင်းပတ်မှာ တော့ ကြက်သွန်နီ တန် ၉၅၀ ကျော် ပိုမိုတင်ပို့ခဲ့တာ  တွေ့ရပါတယ်။  မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခင် သီတင်းပတ်က ကန်ဒေါ်လာ ၆၄၂၆၉ တန်ဖိုးရှိ  ကြက်သွန်နီ ၂၂၁ တန်ကျော် တင်ပို့ခဲ့လို့ယခုသီတင်းပတ်မှာတော့ ကြက်သွန်နီ ၇၈၇ တန်ကျော်အပို့ပိုမိုခဲ့ပါတယ်။တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း ယခင်သီတင်းပတ်က ကန်ေ ဒါ်လာ ၅၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀  တင်ပို့ခဲ့တာမို့ ယခုသီတင်းပတ်မှာတော့ တန် ၁၀၀ လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ ကြက်သွန်နီ တစ်တန်ကို (ငွေလဲနှုန်းအရ) မိမိဘက် ပေါက်ဈေး ၃၂၅၇၄၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ 

တင်တင်ထွန်း