အောင်ပန်းဈေးကွက်သို့ ချင်းဥမများ အဝင်လှိုင်

    ဒီတစ်ပတ်မှာ မိုးကလည်းရွာလိုက်တော့  တောင်သူတွေအတော်များများ ကလည်း ဖော်လို့ရလာတာကြောင့် အောင်ပန်းချင်းဈေးကွက်မှာ ချင်း (ဥမ) တွေ အဝင်များနေတယ်လို့ သိရပါ တယ်။ ချင်းတက်တွေကတော့ ပြီးခဲ့တဲ့တစ်ပတ်ကစပြီး အဝင်နည်းသွားပါတယ်။ လက်ကျန်ရှိနေတဲ့ တောင်သူတွေထံမှာတောင် ပိဿာချိန် က ထောင်ချီခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ချင်းတက်တွေ  နည်းလာတဲ့အချိန်မှာ ဝယ်လက်တွေက ဝင်လာတဲ့ ချင်း (ဥမ)ကိုသာ ပိုပြီးဝယ်ယူနေတယ် လို့လည်း သိရပါတယ်။ ပြည်ပတင်ပို့ဖို့ဝယ်လက်တွေ ကလည်း ဒီဈေးနဲ့ဆိုရင် မကိုက်လို့  ဈေးအကျကို စောင့်နေကြတယ်လို့လည်း သိရ ပါတယ်ဒါကြောင့် ပြည်တွင်းသုံးဈေးပတ်သမားတွေသာ  ဝယ် ယူမှုရှိနေပါတယ်။   ဥမကချင်းတက်တွေလို တာရှည်အထားမခံတာကြောင့်  တောင်သူတွေ၊ လှောင် လက်တွေကလည်း ချင်းတက်တွေလို သိပ်ပြီး မလှောင်ထားချင်ကြပါ ဘူး၊ ဟိုပုံးချင်း ဈေးကွက်မှာတော့  ချင်းတက်ကလက်ကျန် လုံးဝမရှိတော့ပါဘူး။အထွက်နှုန်းကလည်း နည်းတာကြောင့် လွန်ခဲ့တဲ့ နှစ်လခန့်ကစပြီး ပစ္စည်း လက်ကျန်ပြတ်သွားတယ်လို့ သိရပါတယ်။ ချင်း (ဥမ) တွေကလည်း အောင်ပန်းထက် နောက်ကျမှ  ထွက်တာကြောင့် ဒီလကုန်မှသာ ဈေးကွက်ကိုဝင်လာနိုင်တယ်လို့ သိရပါတယ်။ ချင်းစိုကလည်း ဈေးကောင်းခဲ့တာကြောင့် ချင်းခြောက်လည်း မကျန် ဘူးလို့ သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း (ဥမ) က တစ်ပိဿာ ၈၀၀ ကျပ်ဈေးရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်ဈေး ပေါက်နေပါတယ်။ တစ်ပတ်အတွင်း ချင်း (စို) ပိဿာချိန် ရှစ်သောင်းလေးထောင်၊ ချင်းခြောက် ပိဿာချိန် ငါးသောင်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ အောင်ပန်း ပွဲရုံ တွေထံက သိရပါတယ်။
ဧဧခိုင်-တောင်ကြီး