အသေးစား၊ အလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convenience Store ဆိုင်များ တိုးချဲ့ဖွင့်လှစ်မည်

အသေးစားအလတ်စားလုပ်ငန်းများ တိုးတက်လာစေရန်အတွက် ABC Convience Store ဆိုင်များကို ပြည်တွင်း၌ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းမှာ ပြည်တွင်းရှိ  အသေးစား၊ အလတ်စား လုပ်ငန်းအတွက် လုပ်ငန်းများအဆင်ပြေစေရန်၊ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

 

အဓိကကတော့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေသခံပြည်သူတွေအဆင်ပြေ အောင်လို့ ရည်ရွယ်ဆောင်ရွက်ပေးတာပါ။ ပြည်တွင်းက ထုတ်ကုန်တချို့က ထုတ်လုပ်မှုကောင်းပေမယ့် ထုပ်ပိုးမှုပိုင်း မှာ အားနည်းတာတွေလည်း တွေ့ရတယ်။ အဲဒါကြောင့် ပြုပြင်မှုတွေလုပ်ပေးပြီး ကျွန်တော်တို့စတိုးဆိုင်တွေမှာ ဖြန့်ဖြူး ရောင်းချပေးမယ်ဆိုရင် သူတို့လုပ်ငန်းတွေ အဆင်ပြေနိုင်ပါ တယ်ဟု ABC Head Office  ၏ ကုန်သွယ်ရေးဌာနမှ လက် ထောက်ဒါရိုက်တာ ဦးရဲဖြိုးသော်က ပြောသည်။ လက်ရှိတွင် ပြည်တွင်း၌  ABC Convenience Store  ဆိုင် စုစုပေါင်း ၉၀ ကျော်ကို ဖွင့်လှစ်ထားပြီး မကြာမီ ဖွင့်လှစ် မည့် ဆိုင်ပေါင်း ၃၀ဝ ဖွင့်လှစ်နိုင်ခဲ့ပါက ဒေသခံများအတွက် လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ် ကြောင်း၊ ထို့ပြင် မော်လမြိုင်၊ မြင်းခြံ၊ ဟဲဟိုး၊ ကျောက်ပန်း တောင်း အစရှိသည့် မြို့များမှ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသောက်ကုန်နှင့်ပတ်သက် သည့် လုပ်ငန်းများတွင် ကူညီမှုများလုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

ဖရန်ချိုင်းပုံစံမျိုး ပေးသွားဖို့လည်း ရှိပါတယ်။ ABC  အနေနဲ့က ပြည်တွင်းမှာ ဆိုင်ခွဲတွေဖွင့်လှစ် နေသလို ပူးပေါင်း ဆောင်ရွက်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေ လည်းရှိနေပါပြီ။ စိတ်ပါဝင်စားသူတွေအနေနဲ့လည်း ကျွန်တော် တို့ရဲ့ ABC Convenience Store ရဲ့ ဖေ့ဘွတ်ခ်ပေ့ချ်ကတစ်ဆင့် ဝင်ရောက်လေ့လာပြီး  ဆက်သွယ်နိုင်ပါတယ်ဟု  ၎င်းက ဆက်လက်ပြောဆိုသည်။

 

ချောစု