ကမ္ဘာ့ပဲပုပ်ဈေးကွက်နှင့်မြန်မာ့ ပဲပုပ်ကဏ္ဍအတွက် လိုအပ်ချက်များ
ပဲပုပ်ဆိုသည်နှင့် မြန်မာတို့သည် ပဲပိစပ်နှင့် လွဲမှားလေ့ရှိတတ် ကြသည်။ စင်စစ်တွင် ပဲပုပ်သည် ပဲပိစပ်မဟုတ်ချေ။ အချို့သော ထုတ်ကုန်များတွင် ပဲပုပ်နှင့် ပဲပိစပ်ကို မှားယွင်းစွာသုံးနှုန်း၍ ရိုက် နှိပ်ဖော်ပြသည်များလည်းရှိသည်။ အထူးသဖြင့် ပဲပုပ်ဆီထုတ်လုပ် မှုတွင် အချို့သောအမှတ်တံဆိပ်များသည် ပဲပိစပ်ဆီဟူ၍ မှားယွင်းစွာ ဖော်ပြမှုများရှိသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပေသည်။ ပဲပုပ် နှင့် ပဲပိစပ်တွင် ဆီကြိတ်လို့ ရသည်မှာ Soybean ခေါ်ပဲပုပ်သီးနှံသာ ဖြစ်သည်။ ပဲပိစပ်ခေါ် Horse Gram သည် ဆီကြိတ်၍မရ၊ ဆီမထွက် နိုင်ပေ။ အညာဒေသထွက် ပုန်းရည်ကြီးသည်သာလျှင်ပဲပိစပ်မှထုတ် သော ထုတ်ကုန်စစ်ဖြစ်လေသည်။ ဆီပါဝင်မှုနှင့် ပရိုတင်းဓာတ် ကြွယ်ဝသော ပဲပုပ်သည် လူသားများအတွက် ဘုရားပေးသော ဆု လာဘ်အလား ထင်မှတ်စရာရှိပေသည်။ ပဲပုပ်သည် ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြပြီး သီးနှံအတွင်း ဆီပါဝင်မှုကြောင့် ပဲပုပ်ဆီကိုလည်း ထုတ်လုပ်ကြပါသည်။ ပဲပုပ်ဆီသည် လူ့ကျန်းမာရေးကို များစွာအထောက်အကူ ပြုကြောင်း ကျန်းမာရေးသုတေသီများ၏ လေ့လာမှုအရသိရှိရသည်။ သို့ရာတွင် သဘာဝပဲပုပ်ဆီသည် သို့လှောင်ထိန်းသိမ်းမှု စနစ်မကျပါ က တာရှည်ခံရန်မလွယ်ကူပေ။ အာရှသည် ပဲပုပ်စားသုံးမှု အမြင့်မား ဆုံးဒေသဖြစ်ပြီး ပဲနို့ကဲ့သို့သော အာဟာရဖြည့်စားသောက်ကုန်များ အပြင် ဟင်းလျာများအတွက်ပါ ဖြည့်စွက်စာအဖြစ် အသုံးပြုမှုများ လည်းရှိသည်။ ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်အတွင်း မက်ထရစ် တန် ၃၅၈ သန်းခန့် ရှိခဲ့သည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ပဲပုပ်ထုတ်လုပ်မှု မက်ထရစ်တန် ၉၆ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထက် မက်ထရစ်တန် သန်း၂၀ခန့် လျော့နည်းထွက်ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဘရာဇီးနိုင်ငံသည် မက် ထရစ်တန် ၁၂၃ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင် ခဲ့ပါသည်။ ၎င်းတို့၏နောက်တွင် အာဂျင်တီးနား၊ တရုတ်၊ အိန္ဒိယ၊ ပါရာဂွေး၊ ကနေဒါ၊ မက္ကဆီကိုနှင့် ဥရောပနိုင်ငံအချို့တို့သည် ပဲပုပ် ထုတ်လုပ်မှုအများဆုံးနိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သည်။ သို့ရာတွင် ပဲပုပ်ထုတ်လုပ်မှု ၆၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ တစ်နိုင်ငံတည်းကသုံးစွဲလျက်ရှိကြောင်း လေ့လာတွေ့ရှိရပေသည်။ တရုတ်နိုင်ငံသည် ပဲပုပ်ထုတ်လုပ်မှု မက်ထရစ်တန် ၁၂ သန်းခန့်ရှိသော်ငြားလည်း ပဲပုပ် သုံးစွဲမှုမှာ နှစ်စဉ်မက်ထရစ်တန် သန်း ၁၀ဝ ကျော် ရှိနေပေသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် နှစ်စဉ်ပျမ်းမျှ ပဲပုပ်တန်ချိန်မက်ထရစ် တန် ၈၈ သန်းခန့်ကို ပြည်ပမှတင်သွင်းလျက်ရှိပြီး အမေရိကန်နှင့် ဘရာဇီးပဲပုပ်တို့၏ ဈေးကွက်ကြီးပင်ဖြစ်နေတော့သည်။
တရုတ်နိုင်ငံ၏ စားသောက်ကုန်များတွင် အရသာဖြည့်စွက် စာအဖြစ် ပဲပုပ်ထုတ်ကုန်များကို အသုံးပြုလျက်ရှိကြရာ ပဲပုပ်မှပြုလုပ်သော ပဲငပိ၊ ပဲငံပြာရည်၊ ပဲပုပ်ဆီ၊ ပဲနို့၊ ပဲနို့မှုန့် စသည့်ထုတ်ကုန်များကို စားသောက်မှု အလေ့အထ များစွာ တွေ့ရပေသည်။ ထို့ပြင် ပဲပုပ်ဆီကြိတ်ရာမှထွက်ရှိသော ပဲပုပ်ဆီကြိတ်ဖတ် (Soybean Meal) များကို Value Added ထုတ်ကုန်များပြုလုပ်လျက်ရှိသည်။ အထူး သဖြင့် ပဲပုပ်ကြိတ်ဖတ်ဖြင့်ပြုလုပ်သော အသားတုများနှင့် မုန့်အမျိုး မျိုးတို့သည် ဘာသာရေးဆိုင် ရာ အယုံအကြည်ရှိသည့် သက်သတ်လွတ်သမားများနှင့် ကလေးသူငယ်များ၊ စားသောက်ဆိုင်များတွင် ရေပန်းစားလျက်ရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် နှစ်စဉ်ပဲပုပ်လိုအပ်ချက်မြင့် တက်လျက်ရှိပြီး ၂၀၂၀ ခုနှစ်တွင် မက်ထရစ်တန်ချိန် သန်း ၁၂၀ ခန့် လိုအပ်လာမည့် အလားအလာ မြင်တွေ့ရပေသည်။ အဆိုပါပဲပုပ် လိုအပ်ချက်သည် ၂၀၁၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်ကို အထိနာစေသည့် အဓိကအချက်တစ်ချက် ဖြစ်ခဲ့လေသည်။ တရုတ်သံမဏိများကို အမေရိကန်၏ အခွန်နှုန်းထား တိုးမြှင့်မှုကို တန်ပြန်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံသည်လည်း ၂၀၁၈ နိုဝင်ဘာလအစောပိုင်းတွင် အမေရိကန်၏ ပဲပုပ်တင်သွင်းမှုအပေါ် ကန့်သတ်မှုများပြုလုပ်ခဲ့သည်။ သို့သော်လည်း ပြည်တွင်းဈေး ကွက် တည်ငြိမ်မှုကိုထိန်းချုပ်ရန် အခက်အခဲတချို့ ရှိလာခဲ့ပြီး သီးနှံ သိုလှောင်ရုံများ အဆင်သင့်မဖြစ်မှုက တရုတ်ကို ပြန်လည်အထိနာစေခဲ့သည်။ တရုတ်နိုင်ငံသည် ပဲပုပ်လိုအပ်ချက်အတွက် ဘရာဇီးနိုင်ငံမှ လည်း တင်သွင်းလျက်ရှိပေသည်။ သို့ရာတွင် ဘရာဇီးသည် ပင်လယ်ရေကြောင်း ထွက်ပေါက်အနေဖြင့် တောင်အတ္တလန္တိတ်သမုဒ္ဒရာကိုသာ အားထားရပြီး တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတန်ချိန်များစွာ တင်ပို့ရန် အတွက် အဓိကလမ်းနှစ်သွယ်ရှိရာ ပထမတစ်လမ်းမှာ ပနားမားတူးမြောင်းကိုဖြတ်၍ ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းမှ ပို့ဆောင်သော လမ်းဖြစ်ကာ ဒုတိယလမ်းမှာ အာဖရိကတိုက်ကိုပတ်၍ အိန္ဒိယ သမုဒ္ဒရာနှင့် တောင်ပစိဖိတ်လမ်းမှ ပို့ဆောင်သောလမ်းဖြစ်ပေသည်။ တရုတ်နိုင်ငံအတွက် ပနားမားတူးမြောင်းမှ ကုန်စည်များ ပို့ဆောင်ခြင်းသည် ပိုမိုလွယ်ကူသော လမ်းဖြစ်သော်လည်း ရေရှည်တွင် ဒေသတွင်း သြဇာလွမ်းမိုး ချုပ်ကိုင်နိုင်သော အမေရိကန်၏ အရိပ်အကဲကို များစွာဂရုပြုရမည်ဖြစ်ပေသည်။ ထို့အတွက်တရုတ် အနေဖြင့် ဘရာဇီးအရှေ့ဘက်ကမ်းခြေနှင့် ပီရူးအနောက်ဘက်ကမ်း ခြေအထိ မိုင်ပေါင်း ၃၀ဝ၀ ကျော်ကို ရထားလမ်းဖောက်ရန် ကြံရွယ်ထားပြီး ဘရာဇီးနှင့် ပီရူးတို့ကလည်း အဆိုပါစီမံကိန်းကို လက်ခံဖွယ် ရှိသည်။ သို့ရာတွင် အဆိုပါမိုင်ပေါင်း သုံးထောင်ကျော်၏ ၇၀ရာခိုင် နှုန်းခန့်မှာ အမေဇုန်မိုးသစ် တောဒေသဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများနှင့်ဆက်စပ်ပြီး အမေရိကန်၏ ဖိအားပေးမှုကို ရင်ဆိုင်ရဖွယ်ရှိသည်။ တရုတ်နိုင်ငံ၏ နှစ်စဉ်ပဲပုပ်တင်သွင်းမှု ၆၀ ရာခိုင်နှုန်းခန့်ကို ဘရာဇီးနှင့် အာဂျင်တီးနားတို့အပါအဝင် တောင် အမေရိကနိုင်ငံများမှ ပေးစွမ်းနိုင်ခြေရှိသည်။ ကျန် ၄၀ရာခိုင်နှုန်း အတွက် အလားအလာရှိသော နိုင်ငံများမှာ အရှေ့ဥရောပ၊ အာဖရိကနှင့် တောင်အာရှနိုင်ငံများဖြစ်နိုင်ဖွယ်ရှိကြောင်း ဟူနန်စိုက် ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များက သုံးသပ်ကြပေသည်။ ထိုသို့ ကြီးမားသော ပဲပုပ်ဈေးကွက်တည်ရှိနေသည့် တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်သည်ကတစ်ကြောင်း၊ One Belt One Road စီမံကိန်းတွင် ပါဝင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်က တစ် ကြောင်းကြောင့် ကမ္ဘာ့ပဲပုပ်ဈေးကွက်၏ ကုန်သွယ်ရေးဇာတ်ခုံပေါ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်လာနိုင်ဖွယ် ရှိပေသည်။ ထို့အတွက် မြန်မာ့ပဲပုပ် ထုတ်ကုန်များ အပေါ် လက်တွေ့ကျကျ သုံးသပ်ပြင်ဆင် မှုများ လုပ်ဆောင်ထားရန် လိုအပ်ပေသည်။
စိုက်ပျိုးထုတ်လုပ်ရေးအပိုင်း (Cultivation)
မြန်မာ့ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုအတွက် အကြီးမားဆုံး စိန်ခေါ် မှုမှာ ပဲပုပ်စိုက်ပျိုးမြေဧကများ နှစ်စဉ်လျော့နည်းလာခြင်းပင်ဖြစ် သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်ယူရရှိသော စာရင်းများအရ နှစ်စဉ် ပဲပုပ်စိုက်ပျိုး မြေဧရိယာမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် နှစ် စိုက်ဧက ခြားနားချက်ဧက
၁။ ၂၀၁၃-၁၄ ၃၈၃၃၀ဝ
၂။ ၂၀၁၄-၁၅ ၃၇၉၅၃၆ -၃၇၆၄
၃။ ၂၀၁၅-၁၆ ၃၆၇၁၉၈ -၁၂၃၃၈
၄။ ၂၀၁၆-၁၇ ၃၅၃၈၀၅ -၁၃၃၉၃
၅။ ၂၀၁၇-၁၈ ၃၄၅၄၄၈ -၈၃၅၇
၆။ ၂၀၁၈-၁၉ ၃၄၃၈၄၅ -၁၆၀၃
ထို့ကြောင့် ငါးနှစ်တာကာလအတွင်း ပဲပုပ်စိုက်ဧက လေး သောင်းကျော် လျော့နည်းသွားခြင်းမှာ မြန်မာ့ပဲပုပ်ကဏ္ဍအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေသည်။ ထို့ပြင် အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန် လိုအပ်ပေသည်။ အမေရိကန်နှင့် ဘရာဇီးနိုင်ငံတို့တွင် စိုက်ပျိုးလျက် ရှိသော ပဲပုပ်မျိုးများသည် ဆီပါဝင်မှု ပျမ်းမျှ ၃၅ ရာခိုင်နှုန်းခန့်ရှိပြီး လက်ရှိစိုက်ပျိုးလျက်ရှိသော မြန်မာ့ပဲပုပ်မျိုးများသည်၁၂-၃၀ အကြား သာရှိပါသည်။ ထို့ကြောင့် ပဲပုပ်ဆီ ထုတ်လုပ်နိုင်ရန် ဆီထွက်နှုန်းမြင့် မားသော မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ မြန်မာ့ပဲပုပ်မျိုး များ၏ တစ်ဧကထွက်နှုန်းများကို တရုတ်နှင့် ဘရာဇီးနိုင်ငံများမှ ပဲပုပ်မျိုးကွဲများ၏ အထွက်နှုန်းများနှင့် အောက်ပါအတိုင်း နှိုင်းယှဉ် လေ့လာနိုင်ပါသည်-
နိုင်ငံ အများဆုံးစိုက်ပျိုသောမျိုးများ အထွက်နှုန်း (တစ်ဧက)
အနည်းဆုံး အများဆုံး
တင်း ကီလို တင်း ကီလို
မြန်မာ ရေဆင်း - ၃ ၂၅ ၈၁၆.၇ ၃၀ ၉၈၀.ဝ၄
ရေဆင်း - ၄ ၁၅ ၄၉၀.ဝ၂ ၂၀ ၆၅၃.၃၆
ရေဆင်း - ၅ ၂၅ ၈၁၆.၇ ၃၀ ၉၈၀.ဝ၄
ရေဆင်း - ၆ ၂၅ ၈၁၆.၇ ၃၀ ၉၈၀.ဝ၄
ရေဆင်း - ၈ ၂၃ ၇၅၁.၃၆၄ ၂၈ ၉၁၄.၇၀၄
ရေဆင်း - ၁၁ ၂၇ ၈၈၂.ဝ၃၆ ၃၀ ၉၈၀.ဝ၄
ရေဆင်း - ၁၄ ၂၅ ၈၁၆.၇ ၃၀ ၉၈၀.ဝ၄
ရှမ်းလုံးစိန် ၁၀ ၃၂၆.၆၈ ၁၅ ၄၉၀.ဝ၂
တရုတ် Henong 71 ၆၀ ၁၉၆၀.ဝ၈ ၈၀ ၂၅၈၅.၃၁
ဘရာဇီး Embrapa 48 ၈၂.၆၅ ၂၇၀ဝ ၈၈.၇၇ ၂၉၀ဝ
BRS 257 ၇၆.၅ ၂၅၀ဝ ၈၂.၆၅ ၂၇၀ဝ
BRS 282 ၇၀.၄ ၂၃၀ဝ ၇၆.၅ ၂၅၀ဝ
မှတ်ချက် ၁ ဟက်တာ = ၂.၄၇ ဧက (၁ တင်း = ၃၂.၆၆၈) ကီလိုနှုန်းဖြင့်တွက်ချက်ထားပါသည်။
ပဲပုပ်အထွက်နှုန်းသည် စိုက်ပျိုးရာဒေသ၏ ရေမြေသဘာဝ နှင့် များစွာသက်ဆိုင်ပါသည်။ ပဲပုပ်သည် ပန်းပွင့်သည့်အချိန်တွင် နေ့တာတို၍ ညာတာရှည်မှုကို နှစ်ခြိုက်ပါသည်။ ညအချိန်တွင် ပဲပုပ်အပင်၏ အရွက်ရှိ ရောင်ခြယ် အစိတ်အပိုင်းတို့ သည် Photoisomerization ဖြစ်စဉ် ဖြစ်ပေါ်လေ့ရှိပါသည်။ ညအပူချိန် ၂၁ အောက် လျော့နည်းပါက Photoisomerization ကို ပိုမိုလွယ်ကူလျင် မြန်စွာဖြစ်ပေါ်စေပါသည်။ အဆိုပါဖြစ်စဉ်သည် အပင်၏ ပန်းပွင့်နှုန်း ကို မြင့်တက်စေနိုင်ပါသည်။ ထို့ အတူ အသီးတောင့်ဖြစ်ထွန်းမှုနှုန်းကို ပိုမိုအားကောင်းစေနိုင်သောကြောင့် အထွက်နှုန်း ပိုမိုတိုးတက်စေပါ သည်။
ကုန်ချောထုတ်လုပ်ရေးအပိုင်း (Industrial Processing)
မြန်မာ့ပဲပုပ်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဈေး ကွက်နှင့်တန်ဖိုး ကွင်းဆက်သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကမ္ဘာ့ပဲပုပ်ဈေးကွက်နှင့် ပတ် သက်၍ သက်ဆိုင်ရာ အသင်းအဖွဲ့များ သည် ဈေးကွက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်၍ မျက်ခြေမပြတ် ဆောင် ရွက်ရန် လိုအပ်ပေသည်။ ထို့အတူ ပဲပုပ်စားသုံးမှု တန်ဖိုးကွင်းဆက် (Food Supply Chain) တစ်လျှောက် အစားအစာ ပြင်ဆင်ထုတ်လုပ် မှုနည်းလမ်းများကို ရှာဖွေ၍ ဒေသအတွင်း ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ရမည်ဖြစ်ပေသည်။ ဥပမာအားဖြင့် ပဲပုပ်ကုန်ကြမ်း မက်ထရစ်တန် တစ်တန်လျှင် FOB ဈေးနှုန်းအရ အမေရိကန်ဒေါ်လာ ၃၇၀ ဝန်းကျင်ခန့်ရှိသော်လည်း ပဲပုပ်ဆီထုတ် လုပ်ရာမှရရှိသော ကြိတ်ဖတ် (ဝါ) ဆီဖယ်ထားသော ပဲပုပ်ကြိတ်ဖတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ကျော်ရှိပါ သည်။ ပဲပုပ်ဆီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၈၂၀ ဝန်းကျင်ခန့် ရှိနိုင်ပါသည်။ ထို့ကြောင့် ဆီ ထွက်နှုန်း အနိမ့်ဆုံး ၁၅ ရာခိုင် နှုန်းရှိသော ပဲပုပ် တစ်တန်ကို ပဲပုပ်ဆီထုပ်လုပ်ပါက ၁၂၃ ဒေါ်လာ နှင့်ညီမျှသော ပဲပုပ်ဆီနှင့် ၂၉၈ ဒေါ်လာနှင့်ညီမျှ သော ကြိတ်ဖတ်ကို ရရှိနိုင်မည်ဖြစ်ရာ စုစုပေါင်း ၄၂၁ ဒေါ်လာနှင့်ညီမျှသော ငွေကြေးပမာဏကိုရရှိ နိုင်ပါသည်။ အဆိုပါပမာဏသည် အနိမ့်ဆုံး တွက် ချက်မှုဖြစ်ပြီး ကုန်ကြမ်းတစ်တန် ရောင်းရငွေထက် ၅၁ ဒေါ်လာ ပိုမိုများပြားကာ ပဲပုပ်အရည်အသွေး နှင့် ထုတ်လုပ်မှုနည်းပညာအပေါ် မူတည်၍ ငွေ ကြေး ပိုမိုမြတ်စွန်းနိုင်ပါသည်။ ပဲပုပ်သည် Isoflavones နှင့် ဏ့သျစ့သူငစငျိ ကဲ့သို့သော ဆေးဝါးသိပ္ပံသုံး အော်ဂဲနစ်ဒြပ်ပေါင်း များ ြွကယ်ဝစွာပါဝင်သည့်အတွက် လူ့ကျန်းမာရေး အတွက် များစွာအထောက်အကူပြုနိုင်ပါသည်။ အဆိုပါအော်ဂဲနစ်ပစ္စည်းများသည် လူနေမှုဘဝ အတွက် နေ့စဉ်လိုအပ်ချက်များ ရှိနေသည်ဖြစ်ရာ ဥရောပနိုင်ငံများ၊ တရုတ်၊ အိန္ဒိယနှင့် ဂျပန်ကဲ့သို့ သောနိုင်ငံများတွင် ပဲပုပ်ကိုအသုံးပြု၍ များစွာ ထုတ်လုပ်လျက်ရှိပါသည်။ အနာဂတ်တွင် ပြည်ပမှ နည်းပညာနှင့် အရင်းအနှီးများဖြင့် အဆိုပါ ထုတ်ကုန်များ ထုတ်ယူနိုင်စွမ်းရှိစေရန် ကြိုးပမ်း ဆောင်ရွက်နိုင်ပါက တိုင်းပြည်အတွက် ပိုမိုအကျိုး ဖြစ်ထွန်းမည် ဖြစ်ပေသည်။
အရည်အသွေးကဏ္ဍ
မြန်မာ့ပဲပုပ်တင်ပို့မှုသည် နှစ်စဉ်သိသာ ထင်ရှားစွာ တိုးတက်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ် တွင် ပဲပုပ်တန်ချိန် ၁၇၀ဝ ကျော်သာ တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် တန်ချိန် ၂၀ဝ၀ ကျော်အထိတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်တွင် တန်ချိန် ခုနစ်ထောင်ကျော် ဆက်လက် တင်ပို့နိုင်ခဲ့ပြီး ပြည်ပဈေးကွက်၏ ဝယ်လိုအားမှ သိသာထင်ရှားစွာ တိုးတက်လာပါသည်။ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အကျိုးဆက်အဖြစ် တရုတ်နိုင်ငံ၏ ပဲပုပ်လိုအပ်ချက် မြင့်မားမှုကြောင့် မြန်မာ့ပဲပုပ်တင်ပို့မှု တိုးတက်လာသည်ဟု ဆိုနိုင် သော်လည်း တစ်ဖက်တွင်လည်း အိန္ဒိယနိုင်ငံသို့ ပဲပုပ်တန်ချိန် ၃၀ဝ၀ ခန့် ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပေသည်။ ပဲပုပ်၏ အရည်အသွေးကဏ္ဍသည် ကုန်ကြမ်း (Raw)အတိုင်း ထုတ်လုပ်တင်ပို့ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added Products) ထုတ်လုပ်ခြင်း နှစ်ပိုင်းစလုံးနှင့် သက်ဆိုင်လျက်ရှိပါသည်။ ထို့ကြောင့် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အထွက် ကောင်းသော မျိုးများကို သတ်မှတ်စိုက်ပျိုးရန် လိုအပ်သကဲ့သို့ GAP နည်းစနစ်များဖြင့်လည်း စိုက်ပျိုးထုတ်လုပ်သင့်ပါသည်။ ထို့ပြင် ပဲပုပ်တွင် မရိတ်သိမ်းမီ ကျရောက်တတ်သော ရောဂါများနှင့် ရိတ်သိမ်းချိန်လွန် လေလွင့်ဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာဌာနများမှ နည်းပညာဆိုင်ရာ အကူအညီနှင့် လေ့လာသုံးသပ် မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ပေသည်။ ယခုအခါ မြန်မာ့ပဲပုပ်၏ အရည်အသွေး စံချိန်စံညွှန်းမူကြမ်းကို စိုက်ပျိုးရေးအခြေခံ ထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာ ဆပ်ကော် မတီက ရေးဆွဲထားပြီးဖြစ်ပါသည်။ ဆက်လက်၍ နိုင်ငံတကာ ဈေးကွက်အတွင်း မြန်မာ့ပဲပုပ်မျိုးများ ဝင်ဆံ့နိုင်ရန် အရည်အသွေးနှင့် ဈေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လှုပ်ရှား မှုများကို သက်ဆိုင်ရာStake Holder များပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဤဆောင်းပါးဖြင့် သုံးသပ်တင်ပြလိုက်ရပေသည်။
ကျမ်းကိုး - www.world-grain.com
မောင်မောင် (CTQM )