ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ်ကုန်အခြေအနေများကို အသိပေးကြေညာ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပ ဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းအားဖြင့် ထုတ်လုပ်နိုင် စွမ်းကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်အတွက်လည်းကောင်း၊ ထုတ်လုပ်သူများ၏ ရောင်း ဈေးပိုမိုရရှိရန်အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံခြား ကုမ္ပဏီများနှင့်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်ပစ္စည်း အုပ်စုခုနစ်မျိုးကို လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များဖြင့် ထုတ်လုပ်သူများထံမှတစ်ဆင့် ဝယ်ယူ၍ ပြည်ပသို့တင်ပို့ခွင့် ပြုကြောင်းကို အမိန့်ကြော်ငြာစာအမှတ် ၂၄/၂၀၁၉ ဖြင့် အသိပေးထုတ်ပြန်ခဲ့သည်။
ထိုသို့ ပြည်ပသို့တင်ပို့ခွင့်ပြုခဲ့သည့် ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးတွင် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသော ကောက် ပဲသီးနှံများ ပါဝင်ပြီး အဆိုပါကုန်စည်များကို ပြည်ပသို့တင်ပို့ မည့် နိုင်ငံခြားကုမ္ပဏီများနှင့်နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ အနေဖြင့် ရှင်းလင်းစွာသိရှိဆောင်ရွက်နိုင်ရန်အတွက် ပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းတို့အတွက်တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်နိုင် သော ထုတ်ကုန်အခြေအနေများကို ပူးတွဲပါအတိုင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ကုန်သွယ်ရေးဦးစီးဌာန