နည်းပညာမြင့် ရိုးရာမပျက် အထည်များဆီသို့
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်သည် ငွေထည်၊ ကြေးထည်၊ ကြိမ်ထည်၊ အိုး၊ ဂီတာ၊ ကျောက်စိမ်းအချောထည်၊ ကျောက်လူသုံးကုန်ထုတ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းစသည်ဖြင့် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းပေါင်း ၇၀ ခန့်ရှိရာ လက် ရက်ကန်း၊ စက်ရက်ကန်း၊ ချည်ထည်၊ ဖဲပိုး၊ ပိုးစစ်လွန်းရာကျော် ချိတ် လုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းနေသော စစ်ကိုင်းမြို့နယ်၊ စိန်ကုန်း တိုက်နယ်၊ ရန်နိုင်ရပ်ရှိ ပန်းဝတ်ရည် ရက်ကန်းလုပ်ငန်းပိုင်ရှင် ဦးမောင်အေးနှင့်တွေ့ဆုံ၍ ရက်ကန်းလုပ်ငန်းအကြောင်းအား လေ့လာတင်ပြရခြင်းဖြစ်သည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများ၏ ချည်ထည်၊ ဖဲပိုး၊ ပိုးစစ်အထည်တို့အား ရွှေချည်၊ ငွေချည်တို့ ရောနှောဖောက် ကာရက်လုပ်ကြသော လက်ရက်ကန်း၊ စက်ရက် ကန်းလုပ်ငန်းရှင်များ၏ မိသားစုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းအမွေဖြစ်သော ရက်ကန်းအတတ်ပညာကိုအမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့် အရှည်တည်တန့်အောင် ဆက်လက် ထိန်း သိမ်းကာ ဆောင်ရွက်သွားကြခြင်းဖြင့် ရက်ကန်းလုပ်ငန်းအား ကောင်းသထက်ကောင်းအောင်ရိုးရာမပျက်အောင် ထိန်းသိမ်း စောင့် ရှောက်လုပ်ကိုင်ဆောင်ရွက်သွားပြီး ဆန်းသစ်သည့် ခေတ်မီနည်း ပညာများဖြင့် ပေါင်းစပ်၍ ရိုးရာမပျက် လုပ်ဆောင်သွားကြခြင်းဖြင့် ရက်ကန်းလုပ်ငန်းရှင်များလူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ပန်းဝတ်ရည်လက်ရက်ကန်းလုပ်ငန်းကို လွန်ခဲ့သောနှစ် ၃၀ ခန့်က စစ်ကိုင်းမြို့နယ် စိန်ကုန်းတိုက်နယ်၊ ရန်နိုင်ရပ်တွင်စတင်တည် ထောင်ခဲ့ရာ လက်ရက်ကန်းစင်ကို ပြည်တွင်းသဲတောဝမ်းတွင်းမှ ထုတ်လုပ်ကြောင်း၊ အသုံးပြုကုန်ကြမ်းမှာ ပိုးအရိုင်းဖြစ်ကြောင်း၊ ကုန်ချောထုတ်လုပ်ပုံအဆင့်ဆင့်မှာ ပိုးအရိုင်းအား ဝယ်ယူ၍ ဆေးဆိုး အပ်ရကြောင်း၊ ဆေးဆိုးပြီးပါက ပိုးချည်ကို ရက်ဖောက်ရောက်၍ အတိုင်တွင်တန်းဆွဲရကြောင်း၊ စင်ပေါ်ရောက်ပါက အထည်စတင် ရောက်ကြောင်း သိရှိရသည်။ လက်ရက်ကန်းစင် ၂၅ စင်ရှိပြီး လုပ် သား ၅၀ ဦး ရှိသည်။ တစ်လထုတ်လုပ်မှုစွမ်းအားမှာ ၁၅ ထည်ခန့် ထွက်ရှိသည်။ ပိုးစစ်ချိတ်လုံချည်အထည်ရက်လုပ်ပုံအဆင့်ဆင့်မှာ ပိုးစိမ်း ချည်ခင်များအား အရောင်ဆေးဆိုးခြင်း၊ ဆေးဆိုးပြီး ပိုးချည်ခင်များ အား ချားလက်တွင် အမျက်အတိုင်းတပ်ဆင်၍ ပိုးချစက်ချား လက်ခုံ ဖြင့်ပိုးချခြင်း၊ ယောက်လုံးတွင်ပို့ချထားသော ပိုးချည်မျှင်များအား ပိုးပေါင်းခုံတွင်တပ်ဆင်၍ လိုအပ်သောပိုးပင်ရေအတိုင်း ပိုးပေါင်း ပေးခြင်း၊ ပိုးပင်ပေါင်းအား လွန်းထိုး၍ ဝါယာဖောက်တွင် ယောက် ရန်အတွက် ရက်ဖောက်ခုံ (စင်) တွင် တပ်ဆင်ကာ ရက်ဖောက် ယောက်ခြင်း၊ ဝါးရက်ဖောက်တွင် ယောက်ပြီးသော ရက်ဖောက်လုံး များကိုလွန်းတွင်တပ်ဆင်ကာအထည် ရက်လုပ်ခြင်းတို့ဖြစ်သည်။
ပိုးရိုင်းတစ်ပိဿာလျှင်ကျပ် ၁၄၀ဝ၀ဝ ပေးဝယ်ရကြောင်း၊ တစ်ထည်ကို တစ်လဝန်းကျင်ရက်လုပ်ရကြောင်း၊ ရက်ခမှာ တစ်ထည် လျှင် ကျပ် ၂၀ဝ၀ဝ၀၊ ပိုးချ၊ ပိုးပေါင်း၊ ပိုးဆိုးခ ကျပ် ၈၀ဝ၀ဝ ပေါင်း ကျပ်၂၈၀ဝ၀ဝ ခန့်၊ ပိုးချိတ်လုံချည်တစ်ထည်အတွက်အရင်းအနှီးရှိပြီး ပိုးချိန်လုံချည်တစ်ထည်သွင်းရဈေးမှာကျပ် ၃၈၀ဝ၀ဝ ရှိ၍ တစ်ထည်လျှင် ကျပ်တစ်သိန်းခန့်အကျိုးအမြတ်ရရှိကြောင်း၊ ပိုးချိတ် လုံချည်တစ်ထည်လျှင်ပိုး ၃၅ ကျပ် သား ခန့်ဖြင့် ရက်လုပ်ပြီး ဆေးဆိုး၊ ရက်လုပ်အလေအလွင့်မှာ ငါးကျပ်သားခန့်ရှိကြောင်း၊ ပိုးချိတ်လုံ ချည်တစ်ထည် အလေးချိန်မှာ ၂၀ ကျပ်သားခန့်ရှိကြောင်း သိရသည်။ ကုန်ကြမ်းပိုးကိုအမရပူရမြို့နယ်မှ ဝယ်ယူကြောင်း၊ အမရပူရ မြို့နယ်မှ ဝယ်ယူသော ပိုးမှာ တရုတ်ပြည်မှ ဝယ်ယူကြောင်း၊ ပြည်တွင်း ထွက်ပြင်ဦးလွင်ပိုးမှာ အရည်အသွေးလည်းမမီ၊ လုံလောက်မှုလည်း မရှိကြောင်း၊ ကုန်ချောပိုးချိတ်လုံချည်ကို အမရပူရ၊ မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချပြီ အနယ်နယ်အရပ်ရပ်မှ (သမိနမ) မှာယူမှုများ ရှိပါကလည်း တင်ပို့ရောင်းချသည်။ လက်ရှိတွေ့ကြုံရသောအခက်အခဲများမှာ ထွက်ရှိလာသော ရက်လုပ်ပြီးစီးသည့်ကုန်ချော (အထည်)အပေါ် စီးပွားရေးသမား များက ရသင့်ရထိုက်သော ထိုက်တန်သည့် ငွေကြေးပမာဏထက် ဈေးနှိမ်၍ ပေးချေမှုခံရခြင်း၊ ဝါတွင်းကာလများတွင် အလှူမင်္ဂလာ ဆောင်ဧည့်ခံပွဲများ အလွန်နည်းပါးသဖြင့် ပွဲတက်ဝတ်စုံဖြစ်သော ချိတ်လုံချည်အထည်များ ကုန်ချောထွက်ရှိသလောက်မကောက် (မဝယ်)တော့ဘဲ အရည်အသွေး၊ အရောင်စပ်၊ အဆင်ဒီဇိုင်းကို ရမယ်ချ၍ ကြိုက်ရာရွေးကောက်သာ ဝယ်နေသဖြင့် ကုန်ချောထွက်ရှိ သလောက်အထည်မရောင်းရသောကြောင့် လုပ်ငန်းရှင်များငွေကြေး ပမာဏမရ၍ ရင်းနှီးမြှုပ်နှံမှုငွေများလာခြင်း၊ အဓိကကုန်ကြမ်းဖြစ် သော ပိုးချည်ခင်များ တရုတ်နိုင်ငံမှတစ်ဆင့် ဝယ်ရပြီး ပြန်ကျစ်သော ပိုးကျစ်စက်များမှ ပိုးကျစ်ပြီး ကုန်ချောအထွက် နည်းသဖြင့် အထည် ရက်လုပ်သောလုပ်ငန်းရှင်များအနေဖြင့် လိုအပ်သော အချိန်တွင် လိုအပ်သလောက် ဝယ်ယူမရနိုင်ခြင်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း အလုပ်သမားများသည် ပုတ်ပြတ်လုပ်သားဖြစ်၍ ၎င်းတို့ကို ခေါ်ယူ သောအခါကြိုသုံးငွေတန်ဘိုး မြင့်မားသလောက် အလုပ်မှထွက်သော အခါ ၎င်းတို့ထုတ်ယူထားသော ကြိုသုံးငွေများအား ပြန်လည် မပေး ဆပ်ကြသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးဆုံးရှုံးရခြင်း၊ ပြည်ပ ဈေးကွက်သည် ပြည်တွင်းဈေးကွက်ထက်ဈေးကောင်းပိုရသဖြင့် ပြည်ပဈေးကွက်ရလိုခြင်း စသည်အခက်အခဲများနှင့် ကြုံတွေ့ရသည်။ ချည်ထည်လက်ရက်ကန်းထုတ်လုပ်မှုမှာ အရင်းအနှီးနည်း သလို အမြတ်အစွန်း နည်းပါးသဖြင့် အိမ်တွင်း ဝတ်ဆင်သုံးစွဲမှုအဆင့် သာရှိ၍ စီးပွားဖြစ်ရက်လုပ်မှုအလွန်နည်းပါး လာပြီး အမြတ်အစွန်း များသော လွန်းရာကျော် ပိုးစစ်ချိတ်လက်ရက်ကန်းများသာ စီးပွားဖြစ် ပြောင်းလဲလုပ်ဆောင်လာကြသည်။
ရက်ကန်းလုပ်ငန်းမှာ ရိုးရာအလုပ်မပပျောက်ကြောင်း၊ လွန်ခဲ့ သောနှစ် ၄၀ ကျော်က ဂျပန်အမျိုးသမီးတစ်ဦး မန္တလေးမှာနေပြီး စစ်ကိုင်းမြို့ ရန်နိုင်ရပ်ရှိ မြတံဆိပ်ရက်လုပ်ငန်းလုပ်ငန်းပိုင်ရှင် ဒေါ်ဝင်းကြည်၊ ဒေါ်ဆန်းတို့ထံ ရက်ကန်းပညာအား စက်ဖြင့် ထုတ် လုပ်ရန် တစ်နှစ်ခန့်ပညာလာရောက်သင်ယူကြောင်း၊ နိုင်ငံခြားမှစက် ဖြင့် လုံးဝမလုပ်နိုင်သော လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံခြားမှ စမ်းသပ် လုပ်ဆောင်သော်လည်း မအောင်မြင်၍ မလုပ်နိုင်ကြောင်း၊ ရက်ကန်း အစစစ်ကိုင်းကဖြစ်ကြောင်း၊ စစ်ကိုင်းကအရင်းအနှီး ငွေမရှိ၍ မကျယ် ပြန့်ကြောင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၏ ပညာကိုနိုင်ငံခြားမှလာရောက်သင်ယူသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်း သိရှိရသည်။ စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းတိုက်နယ်၊ ရန်နိုင်ရပ်ရှိ ပန်းဝတ် ရည်ရက်ကန်း၌ စက်ရက်ကန်း လုပ်ငန်းကိုလွန်ခဲ့သော ၁၀ နှစ်ဝန်း ကျင်က စတင်လုပ်ကိုင်ခဲ့ကြောင်း၊ စက်ရက်ကန်းတစ်စင်၏ တန်ဖိုး မှာ ၁၇ သိန်းဝန်းကျင်ခန့်ရှိပြီး ၁၆ စင်ရှိကြောင်း၊ စက်ရက်ကန်းအား သဲတောဝမ်းတွင်းမှ ဝယ်ယူကြောင်း၊ အသုံးပြု ကုန်ကြမ်းကိုအမပူရ (တရုတ်ပြည်)မှ ဝယ်ယူကြောင်း၊ ကုန်ချောပုဆိုးကိုလည်း အမရပူရ မြို့နယ်သို့ ပြန်လည် သွင်းကြောင်း၊ ထုတ်လုပ်ပုံအဆင့်ဆင့်မှာ ချည် ဆေးဆိုး၊ ဆေးဆိုးပြီးယောက်လုံးနှင့်ရစ်၊ ရစ်ပြီးပါကစင်ပေါ်တင်ပို့၊ ယောက်လုံးမှစက်ရက်ကန်း စင်ပေါ်ကသံလုံးကိုပြန်ရစ်ပြီးပါက ရက် လုပ်ကြောင်း၊ စက်ရက်ကန်းစင် နှစ်စင်လျှင်လုပ်သား မကျွမ်းကျင် ပါက အလုပ်သမားတစ်ဦးနှုန်း၊ လုပ်သားကျွမ်းကျင်ပါက စက်ရက် ကန်းစင် နှစ်စင်လျှင်လုပ်သား တစ်ဦးနှုန်းဖြင့် လုပ်သား ၁၃ ဦးရှိ ကြောင်း၊ လုပ်သားတစ်ဦးလျှင်တစ်နေ့ ပုတ်ပြတ်အနေဖြင့် ပုဆိုး တစ်ကွင်းပြတ်လျှင် ကျပ် ၄၀ဝ/၅၀ဝ/၃၅၀ ခန့်ရှိပြီး တစ်ဦးလျှင် (၁၀ ကွင်းမှ ၁၅ ကွင်း) အထိပြီးစီးကြောင်း၊ ရောင်းဈေးမှာ ကျပ် ၄၅၅၀/၄၆၅၀ ခန့်ရှိ၍တစ်ကွင်း ကုန်ကျစရိတ်မှာ ကျပ် ၃၅၀ဝ/ ၄၀ဝ၀ ခန့်ရှိ၍ တစ်ကွင်း အမြတ်ငွေမှာ ကျပ် ၁၀ဝ၀ ဝန်းကျင် ရှိ ကြောင်း၊ အလုပ်သမား တစ်ဦးလျှင် စပေါ်ငွေ ကျပ် ၅၀ဝ၀ မှ ၁၀ဝ၀ဝ ခန့်သာပေးကြောင်း၊ အခက်အခဲအနေဖြင့် ဈေးတက်၍မရကြောင်း၊ နည်းပညာအနေဖြင့် အသံမမြည်အောင် နိုင်ငံခြားစက်သုံးနိုင်လျှင်အဆင်ပြေနိုင်ကြောင်း၊ နိုင်ငံခြားမှလည်း စက်ပြုပြင်ထိန်းသိမ်းရန် နည်းပညာများ လိုအပ်ကြောင်း၊ အားသာချက်အနေဖြင့် စက်ရက် ကန်းလုပ်ငန်းမှာ ရပ်ဆိုင်းထားသည်မရှိပါ ၍လုပ်သားများအတွက် အဆင်ပြေပါသည်။ ရှေးယခင်ကရှင်ဘုရင်ပုဆိုးပိုး ဆိုသည့်အတိုင်း ရှင်ဘုရင်များ သာ ဝတ်ခွင့်ရှိပြီး လူတိုင်း ဝတ်ခွင့်မရကြောင်း၊ ယခုအခါ လူတိုင်းဝတ် ဆင်ခွင့်ရှိပြီး ဝတ်ဆင်ထားပါက ဆောင်းရာသီတွင်အနွေးဓာတ်ပေးပြီး နွေရာသီတွင် အအေးဓာတ်ပေးသောကြောင့် ကျန်းမာရေးအရ လိုက်ဖက်သည့်ပစ္စည်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ ဘက်မှ လည်း တတ်နိုင်သည့်အင်အားဖြင့်ပို၍ ဆန်းသစ်သောအရည်အသွေး ကောင်း မွန်မြင့်မားသော ထုတ်ကုန်များကို ဖန်တီး ထုတ်လုပ်ပေးနိုင်ခြင်းဖြင့် မိမိတို့အရပ်ဒေသ၏ အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ပြီး အလုပ်ရှင်၊ အလုပ်သမားပြဿနာမရှိပါကလည်း လုပ်ငန်းရှင်များ လည်း အဆင်ပြေ၊ အလုပ်သမားများလည်း အလုပ်အကိုင်မပျက် သောလုပ်ငန်းဖြစ်၍ ကောင်းသထက်ကောင်းအောင် ရိုးရာမပျက် ဆက်လက် ထိန်းသိမ်း စောင့်ရှောက်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ခင်စောဝင်း ( DOCA၊ စစ်ကိုင်း )