သီးနှံဖျက်ပိုးမွှားအန္တရာယ်ဇီဝနည်းဖြင့် ကာကွယ်

      ယခုအခါတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့် ရေးအတွက် သီးနှံများကို အရှိန်အဟုန်မြင့်တိုးမြှင့်ဆောင်ရွက်နေကြရသည်။ အထွက်ကောင်းသော သီးနှံများမျိုးများရွေးချယ် စိုက်ပျိုးလာကြသည်။ သီးထပ်သီး ညှပ်သီးနှံပုံစံများ စိုက်ပျိုးလာကြသည်။ ဤသို့ စိုက်ပျိုးလာသည်နှင့်အမျှ သီးနှံများနှင့် ယှဉ်တွဲပါလာသည့် ဖွားဖက်တော်များမှာ သီးနှံများကို ဖျက်ဆီးမည့် ပိုးမွှားရောဂါများပင် ဖြစ်သည်။သီးနှံထုတ်လုပ်သူများကလည်း စပါး၊ ပဲ မျိုးစုံ၊ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက်သစ်သီးဝလံ၊ စားဖိုဆောင်သီးနှံစသည့် လူသားတို့ အတွက် အဓိကရိက္ခာများကို ထုတ်လုပ်ကြသည်။  ဤသို့ထုတ်လုပ်ကြရင်းပင် မိမိတို့၏သီးနှံများ အရောင်းအသွေးလှပရေး၊ အနာအဆာ ကင်းဝေးရေး၊ ကြီးထွားဖွံ့ဖြိုးလတ်ဆတ်ပြီး ဝယ်သူစွဲမက်မှုရှိရေး စသည်တို့ကို အပြိုင်စွမ်းဆောင်လာကြသည်။ ဤသို့ဖြင့် သီးနှံများကို ဖျက်ဆီးသည့် ပိုးမွှားရော၈ွများကို တားဆီးနိုင် မည့် ဓာတုဆေးများ၊ အပင်ကြီး ထွားဖွံ့ဖြိုးေ စမည့် ဟော်မုန်းဆေးများကို လိုလားတောင့်တ လာကြသည်။
      ဤသည်ကို အကွက်မြင်သော စီးပွားရေးသမားများသည် သီးနှံဖျက်ဆီးသော ပိုးမွှားရောဂါများကို တားဆီးနိုင်မည့် ဓာတုဆေးများနှင့် အပင်ဟော်မုန်းဆေးများကို အလုံးအရင်းနှင့် အချိန်ကိုက် ထုတ်လုပ်လာကြသည်။ ယခုအခါတွင် ထုတ်လုပ်ပြီးသော ပိုးသတ်ဆေးအမျိုးပေါင်း ၁၀၀၀ ကျော်နှင့် ဆေးစုစုပေါင်း တန်ချိန် ၁၃ သန်း ကျော်ရှိနေပြီဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ထောက်ပြထားသည်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင်းသို့ စီးဝင် လာသော ပိုးသတ် ဆေးမှာ တန်ချိန်သုံးသောင်းကျော်ရှိနေပြီဟု ဆိုပါသည်။ ရိက္ခာသီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းကလည်း ဓာတုပိုး သတ်ဆေးများကို လက်မလွတ်တမ်းသုံးစွဲလာကြသည်။ ဤသို့ သုံးစွဲရင်း အပျော့စား ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ ပေါင်းသတ် ဆေး၊ အပင်ဟော်မုန်းဆေးများမှသည် အပြင်းစားအထိ၊ ခြေလွန်လက်လွန်ဖြစ်လာကြသည်။ ဤသို့ဖြင့် ပတ်ဝန်းကျင်ရေ၊ မြေ၊ လေထုညစ်ညမ်းစေခြင်းအပြင် လူသားတို့၏ အသက် အန္တရာယ်ကိုပင် ထိပါးလာခံနေရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ ထုတ်ပြန်ချက် အရ ကမ္ဘာ့လူဦးရေ ၂၅သန်းသည် ဓာတုပိုးသတ်ဆေးဓာတ်<ကင်း အာနိသင် အဆိပ်သင့်ခြင်းများခံစားနေရပြီး နှစ်စဉ် လူပေါင်း ၂၀၀၀၀ ကျော်ခန့် အသက်စတေးခံနေကြရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် လည်း ဓာတုဓာတ်ကြွင်းအဆိပ်သင့်၍ နှစ်စဉ် လူပေါင်း ရာနှင့်ချီ၍ အသက်ဆုံးရှုံးနေသည်မှာ သတင်းစာနှင့် ဂျာနယ်များတွင် မကြာခဏ ဖတ်ရှုနေရသည်။
ဤသို့ ဓာတုပိုးသတ်ဆေး ဓာတ်ကြွင်းအာနိသင်ကြောင့် လူသားတို့၏ အသက်ခန္ဓာဆုံးရှုံးမှု၊ အနိဋ္ဌာရုံများကြောင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းအဖွဲ့နှင့် ပညာရှင်များက ဤအနိဋ္ဌာရုံများကို တားဆီးနိုင် ရန်  နည်းလမ်းများကို တွေးတောကြံဆလာခဲ့ကြသည်။ ပထမခြေလှမ်းအနေဖြင့် ပွဲဦးထွက် လာသည်မှာ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်း စနစ် ပင်ဖြစ်သည်။ ၎င်းစနစ်ကြီးက ကမ္ဘာ့ပိုးမွှားရောဂါကာကွယ်ရေး ဇာတ် ခုံပေါ်သို့ ရောက်လာပြီး နှစ်မကြာခင်မှာပင် ၎င်းစနစ်ထဲ၌ သီးနှံဖျက်ပိုးမွှားကို တန်ပြန်ဖျက်ဆီးစားသောက်သည့် သက်ရှိဇီဝများ၊ မှိုများ၊ ဗက်တီးရီးယား၊ ဗိုင်းရပ်(စ်)ပိုးများဖြင့် ကာကွယ်သည့် စနစ်ကို သွတ်သွင်းလာခဲ့သည်။ ဤစနစ်သည် ထိရောက်မှုရှိပြီး လူသားတို့ အတွက် အန္တရာယ်ကင်းဝေးနိုင်ပြီး သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကိုလည်း လွတ်မြောက်နိုင်သဖြင့် ကမ္ဘာ၌ တွင်တွင်ကျယ်ကျယ် အသုံး ပြုလျက်ရှိနေပြီဖြစ်သည်။
          မြန်မာနိုင်ငံတွင်လည်း မကြာသေးမီကပင် အညာဒေသ၌ ပြည်ပအကူအညီဖြင့် နကျယ်သားရဲကောင်တစ်မျိုးကို မွေးမြူ၍ မြေပဲခင်း၊ နှမ်းခင်း၊ ကုလားပဲခင်းများတွင် လွှတ်ပေးရာ သီးနှံဖျက်ပိုး မွှားများရန်မှ ကင်းဝေးစေ သည့် ရလဒ်ကို တွေ့ရှိရသည်။ ဤစနစ်သည် ကုန်ကျစရိတ်တစ်ကျပ်ရှိပါက ခြောက်ကျပ်အကျိုး အမြတ်ရရှိပါသည်။ သီးနှံဧက ၅၀တွင် လင်ကောင်ပိုငှက်အထီးအမတစ်စုံ အိမ်ပြုလုပ်ပေးထားခြင်းဖြင့် ကြွက်ဖျက်ဆီးမှု အန္တရာယ် မှ လုံးဝကင်း လွတ်သည်ဟုဆိုပါသည်။ အိန္ဒိယနိုင်ငံတွင် မြေပဲ၊ ကုလားပဲသီးနှံများ တွင် ကျရောက်ဖျက်ဆီးသော ငမြှောင်တောင်ပိုးကို စိုက်ခင်းများတွင် အသားစားငှက်များနားရန် တန်း(သို့)သစ်ကိုင်းခြောက်များ ပြုလုပ် ပေးခြင်းဖြင့် သီးခင်းများတွင် ပိုးကြောင့် ပျက်စီးမှု (၁၀-၁၅)ရာခိုင်နှုန်း လျော့ကျသည်ဟုဆိုပါသည်။ ဇီဝသက်ရှိ မှို၊ ဗက်တီးရီးယား၊ ဗိုင်းရပ်(စ်)ပိုးများ အသုံးပြု၍ ပိုးမွှားများကို ကာကွယ်နှိမ်နင်းသည့် နည်းစနစ်မှာ ခေတ်စားလာ ပါသည်။ လွယ်ကူ၊ ကုန်ကျစရိတ်သက်သာ၊ ဘေးအန္တရာယ်ကင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုရှင်းသဖြင့် ပိုမိုတွင်ကျယ်လာခြင်း ဖြစ်ပါသည်။ ဇီဝသက်ရှိဖြစ်သည့် ဂီတာကျိုင်းသားရဲကောင် တစ်ကောင် သည် ဖြုတ်ပိုးများ၏ ပိုးတုံးလုံးငါးကောင်ထိ ဖမ်းစားနိုင်ပါသည်။ နှံကောင်တစ်ကောင်သည် စပါးနှံစုတ်ပိုး၊ ဆစ်ပိုး၊ ဘတ်ပိုးအစုများကို တစ်နေ့လျှင် သုံးလေးစုထိ ဖျက်ဆီးစားသောက်နိုင်သည်။ ရေနေ ဘတ်ပိုးတစ်ကောင်သည် ဖြုတ်ပိုး  ငါးကောင် မှ  ၁၀  ကောင်ထိ စားသောက်နိုင်သည်။ နဖာချေးတစ်ကောင်သည် တစ်နေ့လျှင် ရွက်လိပ်ရွက်ခေါက်ပိုးများ၏ ပိုးတုံးလုံးအကောင်နှစ်ဆယ်မှ သုံးဆယ်အထိ ဖမ်းယူစားသောက်နိုင်ပါသည်။ ပင့်ကူများ၊ နကျယ်များ၊ ဓားခုတ်ေ ကာင်များသည် သီးနှံစုတွင် ဖျက်ဆီးသော ပိုးမွှား အစုံတို့၏ ပိုးတုံးလုံးများ၊ ဥများ၊ ရုပ်ဖုံးများ၊ အကောင်ကြီးများကို အလုံးအရင်းနှင့် စားသောက်ပစ်နိုင်ကြသည်။
     ဝံပုလွေပင့်ကူ တစ်ကောင်သည် တစ်နေ့လျှင် ဖြုတ်ပိုးငါး ကောင်မှ ၁၅ ကောင်အထိ စားသောက်နိုင်သည်။ ရေနေ သမင်တစ် ကောင်သည် တစ်နေ့လျှင် ရေနေပိုးမွှား ငါးကောင်မှ ဆယ်ကောင်ထိ စားသောက်ဖျက်ဆီးနိုင် သည်။ ဤသည်မှာ ဇီ၀ သက်ရှိများ၏ အစွမ်းပင်ဖြစ်ပါသည်။ စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ သစ်သီး ဝလံ၊ ဟင်းသီးဟင်းရွက်သီးနှံများတွင် ကျရောက် ဖျက်ဆီးသော  ဖြုတ်၊ ပိုးတုံးလုံးများ၊ ဥများ၊ ရွက်ခေါက်ပိုးတုံးလုံး များကို လိပ်ခုံးကျိုင်း နှင့် ဂီတာကျိုင်းများက တာဝန်ယူဖျက်ဆီးပစ်နိုင်စွမ်းပါသည်။ စပါး၊ ဂျုံဝါ၊ ပဲမျိုးစုံ၊ ပြောင်း၊ မြေပဲ၊ နေကြာ၊ နှမ်း၊ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်များကို စားသောက်ဖျက်ဆီးကြသော ဆစ်ပိုး၊ ဖြုတ်၊ ရွက် လိပ်ရွက်ခေါက်ပိုး၊ နှံစုပ်ပိုးဥများ၊ ပိုးတုံးလုံးများ၊ သီးလုံး ဖောက် ပိုးများ။ ထွာကောင်စိမ်းများ၊ ရွက်စားပိုး၊ ခူမွှေးစုတ်၊ ရွက်ကပ်ပိုး စသည်များကို ပုရစ်၊ နှံကောင်၊ ရေနေဘတ်ပိုး၊ ပုစဉ်း၊ နဖာချေးပိုး၊ နကျယ်များ၊ ပုရွက်ဆိတ်၊ ဝံပုလွေပင့်ကူ၊ ယင်များက တာဝန်ယူစားသောက်ရှင်းလင်းပစ်နိုင်စွမ်းရှိကြပါသည်။ ဤသိ့ု့သီးနှံဖျက်ဆီးသော ပိုးမွှားများကို တန်ပြန်ဖျက်ဆီးစားသောက်သော ဇီဝသက်ရှိများကို ဂေဟစနစ်မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းေ ပးခြင်း၊ ဇီဝသက်ရှိ များကို သီးသန့်မွေးမြူ၍ စိုက်ပျိုးခင်းများအတွင်းသို့ လွှတ်ပေးခြင်းဖြင့် ပိုးမွှားအန္တရာယ်ကို ကာကွယ်နိုင်ပါသည်။ မကြာသေးမီကပင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန က စပါး၊ ပြောင်း။ ဂျုံ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ လက်ဖက်၊ ကော်ဖီ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်များတွင် ကျရောက်ဖျက်ဆီး သော ယင်ဖြူ၊ ဆစ်ပိုး၊ ကျိုင်း၊ ဖလံ၊ ဖြုတ်၊၊ ပိုးချည်လောက်ကောင်၊ ပိုးတုံးလုံးစသည့် ဖျက်ပိုးမွှားများကို ဗော့ဗျူရီးယားမှို၊ မက်တာရိုင်ဇီ ယမ်မှို၊ ဗာတီစီလီယမ်မှိုဖြင့် ကာကွယ်နှိမ်နင်းခြင်း သုတေသနအောင် မြင်မှုရလဒ်ကို တောင်သူလယ်သမားကြီးများအား လက်တွေ့ပြသပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အလားအလာကောင်းသော သုတေ သနရလဒ်တစ်ခုဖြစ်သည်။
       အမေရိကန်နိုင်ငံ၊ မစ်စိစိပီတက္ကသိုလ်မှ အင်တိုမိုပက်သိုဂျင်း နစ်မှိုကို အသုံးပြု၍ ဂျုံ၊ ပြောင်း၊ ကြံ။ ပန်းသီး၊ ဆီအုန်း၊ ကော်ဖီသီးနှံ တို့တွင် မြေအောင်းပိုးကာကွယ်နှိမ်နင်းရေးတွင် အသုံးပြုခဲ့သည်။ အာဖရိကတွင် ကြံသီးနှံ၊ သြစတြေးလျတွင် နှံစားသီးနှံ၊ အမေရိကားတွင် အလှစိုက်ပန်းများတွင် ကျရောက်သောပိုးမွှားများ ကာကွယ်နှိမ်နင်းရန် အသုံးပြုခဲ့သည်။ ၁၉၇၉ခုနှစ်တွင် သြစတြေးလျနိုင်ငံ Biocase Co.,Ltd  မှ Wireworm ဖျက်ပိုး ကာကွ ယ်နှိမ်နင်းရေးတွင် အသုံးပြု ခဲ့သည်။ Bioblast Co.,Ltd မှ အဆိုပါ မှိုကို ခြများ နှိမ်နင်းရာတွင် အသုံးပြုခဲ့ရာ (၄-၁၀)ရက်အတွင်း အားလုံးသေကျေပျက်ဆီးကုန်သည် ဟုဆိုပါသည်။ သီးနှံများတွင် ကျရောက်ဖျက်ဆီးသော ဖြုတ်ပိုး၊ ဘတ်ပိုး၊ စုတ်ပိုး၊ ဆစ်ပိုး၊  ရွက်လိပ်ရွက်ခေါက်ပိုးတို့၏ ခန္ဓာကိုယ်၊ ဥများ၊ လောက်ကောင်များတွင် စွဲကပ်၍ရောဂါဖြစ်စေသော မက်တာရိုက် ဇီယမ်မှို၊ မိုနီလီအေးမှိုနှင့် ဗြူဗဲရီးယားဘတ်စီးယားနာမှို တို့သည် အဆိုပါ ဖျက်ပိုးမွှားများကာကွယ်နှိမ်နင်းရာတွင် ထိရောက်မှုရှိသည်။ ဆစ်ပိုးများ၊ ရွက်လိပ်ရွက်ခေါက်ပိုးများ၊ ခူမွှေးစုတ်များ၊ ရွက်ဖြတ်ပိုး များ၏ ခန္ဓာကိုယ်တွင် စွဲကပ်၍ ရောဂါရစေသော နမူလီယာရိုင်လီယီး မှိုသည်လည်း ကာကွယ်နှိမ် နင်းရာတွင်အကျိုးများစေပါသည်။ ခူ ကောင်များ၊ လောက်ကောင်များ၊ ပိုးတုံးလုံးများကို ရောဂါရစေပြီး သေကျေပျက်စီးစေနိုင်သော နယူကလီးယားပိုလီဟက်ဒရိုး၏ ဗိုင်းရပ်(စ်)နှင့် ဗာလူကိုဗိုင်းရပ်(စ်)ပိုးများသည်လည်း ဖျက်ပိုးမွှားများ ကာကွယ်နှိမ်နင်းရာတွင် အဓိကကျသော ဇီဝဇာတ်ကောင်များ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါနှင့် ကုလားပဲ သီးလုံးဖောက်ပိုးလောက် ကောင်တွင် ဗိုင်းရပ်(စ်)ရောဂါကျရောက်သေဆုံးပါက ၎င်းအသေကောင်ကို အမှုန့်ကျိတ်၍ ရေနှင့်ဖျော်ပြီး သီးနှံစိုက်ခင်းများကို ပက်ဖျန်းရာ အဆိုပါဖျက်ပိုးမွှားများ နှိမ်နင်းနိုင်ကြောင်းတွေ့ရှိရပါ သည်။ အဆိုပါ မှိုများ၊  ဗက်တီးရီးယားများ၊ ဗိုင်းရပ်(စ်)များသည် လူသားတို့အတွက် အန္တရာယ်မရှိဟု ဆိုပါသည်။ သို့ပါ၍ ဓာတုဓာတ်ကြွင်းလည်း ကင်းစင်း၊ သဘာဝပတ်ဝန်း ကျင်ညစ်ညမ်းမှုလည်းကင်းရှင်း။ လွယ်ကူသက်သာမှုလည်းရှိသည့် ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။

 

အောင်ဆန်း (စိုက်ပျိုးရေး)