ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့ . . . .
အစိုးရက စွက်ဖက်ပါရစေဟုဆိုလျှင် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းကို လွတ်လွတ်လပ်လပ် ကိုယ်ထင်ရာလုပ်ကိုင်လိုသူများက ကြိုက် ကြမည် မထင်ပါ။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း ရှင်များက အစိုးရနှင့် ဆက်ဆံရသောလုပ်ငန်းများ တွင် အစိုးရက တတ်နိုင်သမျှ လျှော့စေလိုသည်။ လုံးဝမပတ်သက်လို အစိုးရက ပါဝင်မှုမရှိလျှင် ပိုကောင်းသည်ဟု ယူဆကြသည်များကို မကြာ ခဏပွတ်တိုက်မိနေပါသည်။ အစိုးရက စွက်ဖက် သည်ဟုဆိုရာတွင် နိုင်ငံနှင့်ချီသော လုပ်ငန်းများ တွင် အစိုးရကဏ္ဍက မပါဝင်လျှင် မရသည်များရှိသည်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များ နားလည်ရန် လိုအပ်ပါသည်။ အစိုးရ၏ စည်းမျဉ်းစည်းကမ်းမူ ဘောင်များသည် စီးပွားရေး လုပ်ငန်းများ အောင် မြင်စေရန် အထောက်အပံ့ပေးနေသည့် လုပ်ငန်း များအဖြစ် နားလည်ပေးရန် လိုပါသည်။
မြန်မာလူမျိုးများသည် စီးပွားရေးကို ကုန်ဖလှယ်စနစ်မျိုးသာ လိုလားသည်ဟု ပြောလိုပါ သည်။ ရော့ပတ္တမြား ၊ ရော့နဂါးဟူသော စနစ်မျိုးကိုသာ ပိုကြိုက်နှစ်သက်ကြသည်ဟု တွေးမိပါသည်။ စာချုပ်စာတမ်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေ၊ နည်းဥပဒေများ စသည့်ဘောင်များ၊ အကန့် အသတ်များကို အချုပ်အနှောင်အဖြစ်ခံစားတတ် ကြပါသည်။ ဖြေလျှော့ပေးစေချင်ကြပါသည်။ ဖြေ လျှော့မပေးသည်များ တင်းကျပ်သည်ဟု ယူဆ သည်များကို မကြာခဏ တွင်တွင်တောင်းဆိုပြီး လျှော့ချစေတတ်ကြပါသည်။ စီးပွားရေးလုပ်ငန်းများကို အစိုးရမှဆောင်ရွက်ခြင်းအစား ပုဂ္ဂလိကကဏ္ဍကို ဦးဆောင်ပြီး လုပ်ဆောင်စေသည့်အခါ ယခင်က အစိုးရက စီးပွားရေးကို ဦးဆောင်လုပ် ဆောင်စဉ်က ပြဋ္ဌာန်းခဲ့သော ဥပဒေ၊ နည်းဥပဒေ များသည် အစိုးရမှ စီးပွားရေးကို မလုပ်သည့် အခါတွင် အဆီအငေါ်မတဲ့ ဖြစ်လာကြပါသည်။ သို့ဖြစ်၍ အစိုးရမှလည်း ပြောင်းလဲဖြေလျှော့မှု များကို ဆက်တိုက်ပြုလုပ်ပေးလာရပါသည်။
ဖြေလျှော့မှုများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် အခြေခံလုပ်ငန်းစဉ်ကြီး (၆)ရပ်ဖြင့် ဆောင်ရွက်နေရာတွင် ကုန်သွယ်မှု ဖြေလျှော့ခြင်းကို ပထမဆုံး အကောင်အထည်ဖော်လျက်ရှိပါသည်။ ပြီးလျှင် ကုန်သွယ်မှု လျင်မြန်ချောမွေ့မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့ဖြစ်ပါသည်။ အဆိုပါ သုံးချက်လုံးသည် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အဆင် ပြေစွာလုပ်ကိုင် နိုင်ရေးကို ဦးတည်ပါသည်။ စီးပွား လုပ်ငန်းများ အများစုမှာ ပုဂ္ဂလိကလုပ်ငန်းများဖြစ် ပေါ်လာပြီး ပြည်ပပို့ကုန်များတွင်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်များက တင်ပို့မှုများသာ အများစုဖြစ် လာသဖြင့် ယခင် ဥပဒေများ၊ အမိန့်များ၊ လုပ်ထုံး လုပ်နည်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ အဆင် ပြေစွာဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်နိုင်စေရန် ပြုပြင်ပြောင်းလဲမှုအမျိုးမျိုးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကုန်သွယ်ရေးဦးစီးဌာနသည် ယခင်က စီးပွားရေးလုပ်ငန်းများမှ ပြည်ပတင်ပို့ လိုသည့် အခါ ပို့ကုန်သွင်းကုန်များအားလုံးကို ထုတ်ကုန်သွင်း ကုန်လိုင်စင်ဖြင့်သာ တင်ပို့ခွင့်ပြုခဲ့ ရာမှ ဖြေလျှော့မှု အများအပြား ပြုလုပ်ပေးခဲ့ပြီး ထုတ်ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရန် မလို သော ကုန်ပစ္စည်းအမျိုးမျိုးကို ခွင့်ပြုလာခဲ့ရာ လိုင် စင်လိုအပ်သော ကုန်စည်များမှာ ထောင်ဂဏန်း အနည်းငယ်သာ ကျန်ရှိသည်ကို တွေ့နိုင်ပါသည်။
ထို့ပြင် လိုင်စင်ရယူခြင်းကိုလည်း ယခင်က နေပြည်တော် ရုံးချုပ်တွင်သာ ခွင့်ပြုပေးရာမှ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင်ပါ လိုင်စင် လိုအပ်လျှင် လျှောက် ထားနိုင်သည့် အခြေအနေေ ရာက်ရှိလာပါသည်။ ယင်းအပြင် အွန်လိုင်း မှလည်း လိုင်စင်လျှောက်ထားနိုင်သည့် အဆင့်သို့ရောက်ရှိလာပါသည်။ တင်ပို့တင်သွင်းခြင်းများကို ယခင်က လာရောက် မေးမြန်းစုံစမ်း ကြရသော်လည်း၊ ယခုအခါ ဝန်ကြီးဌာနမှ လွှင့်တင်ထားသော Website များမှ သိရှိနိုင်ခြင်း၊ ဖုန်းဖြင့် မေးမြန်းနိုင်သည့် Call Centre များကိုပါ ဖွင့်လှစ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင်ရ မြန်ဆန် သွက်လက်ရန် နည်းမျိုးစုံစဉ်းစားအဖြေ ရှာ၍ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။ ထို့ပြင် ကုန်သွယ်မှုများ ပိုမိုကောင်းမွန် ရေး၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင် များဈေးကွက်ရှာဖွေရာတွင်လည်း ပိုမိုကောင်းမွန်လာစေရန်နှင့် လွယ်ကူမှုရှိစေရန်အတွက် ကုန်သွယ်မှု မြှင့်တင်ရေးဌာနကိုပါမြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အဖြစ် ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
Ease of Doing Business
ကမ္ဘာ့ဘဏ်မှာ methodology များဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း များစွာ (ယခုအခါ နိုင်ငံပေါင်း ၁၉၀) ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများတွင် ပြည်တွင်းပြည်ပ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူချောမွေ့သည့် အခြေအနေမည်မျှရှိသည့် တိုင်းတာသုံးသပ်ချက်ကို နှစ်စဉ် တိုင်းတာလေ့လာသုံးသပ်ပြီး တစ်နိုင်ငံခြင်းအတွက် ရမှတ်များသတ်မှတ်ပေးကာ၊ အဆင့်များထုတ်ပြန်ပေးခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ စီးပွားရေးလုပ်ငန်းငယ်များ လုပ်ကိုင်ရလွယ်ကူမှု အခြေအနေ အဆင့်အတန်းကို ကမ္ဘာ့ဘဏ်မှ Ease of Doing Business တွင် အဆင့်များ သတ်မှတ်ထုတ်ပြန်ပေးထားပါသည်။ အဆိုပါ အဆင့်သတ် မှတ်ချက်တွင် ကျောင်းများမှ အဆင့်သတ်မှတ်ချက်ကဲ့သို့ပင် စာမေးပွဲဖြေဆိုသူများအားလုံး၏ ရမှတ်များကိုသတ်မှတ်ထားသည့် methodology ဖြင့် မေးမြန်းထားသည့် မေးခွန်းမှ အဖြေများကို လိုက်ပြီး ရမှတ်များ ပေးပါသည်။ စာမေးပွဲကို မေးခွန်းပေးစစ်ခြင်းပုံစံ ဖြစ်ပါသည်။ ရမှတ်များကို လိုက်၍ အဆင့်များသတ်မှတ်ပါသည်။ အဆင့်တစ်သည် စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်ရ လွယ်ကူမှု အကောင်းဆုံးဟု သတ်မှတ်ပေးပြီး ယှဉ်ပြိုင်သည့်နိုင်ငံေ ပါင်း ၁၉၀ တွင် ရမှတ် အနည်းဆုံးရသည့်နိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အနည်းဆုံးနိုင်ငံ အဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။ ဤအမှတ်များပေး၍ စစ်ဆေးတိုင်း တာရာတွင် ကမ္ဘာ့နိုင်ငံများ အများအပြားပါဝင်လာသဖြင့် ဒေသကို လိုက်၍ စိစစ်မှုပုံစံတွင် ဒေသအလိုက်အုပ်စု ခွဲပေးခြင်း၊ လူဦးရေ အနည်းအများကို လိုက်၍ စစ်ဆေးတိုင်းတာသည့် မြို့အရေအတွက် ကိုတစ်ခု၊ သို့မဟုတ် နှစ်ခုသတ်မှတ်ပေးခြင်းတို့ ပြုလုပ်ပေးပါသည်။
ဆိုလိုသည်မှာ နိုင်ငံ၏ လူဦးရေသည် သန်း တစ်ရာအောက်ဖြစ် လျှင် စီးပွားရေး မြို့ကြီး တစ်မြို့ကိုသာ စစ်ဆေးပေးပြီး၊ သန်းတစ်ရာ အထက်ဖြစ်လျှင် မြို့ကြီးနှစ်မြို့ကို စစ်ဆေးပေးပါသည်။ မြန်မာနိုင်ငံ သည် လူဦးရေ သန်းတစ်ရာအောက်ဖြစ်သဖြင့် စီးပွားရေး ဆိပ်ကမ်းမြို့တော် ဖြစ်သော ရန်ကုန်မြို့ကိုသာ စစ်ဆေးတိုင်းတာပြီး တရုတ် နိုင်ငံသည် လူဦးရေသန်းတစ်ရာကျော်သဖြင့် ဘေဂျင်းမြို့နှင့် ရှန်ဟိုင်း မြို့ကြီး နှစ်မြို့ကို စစ်ဆေးတိုင်း တာပါသည်။ နိုင်ငံတစ်ခုလုံးကို ခြုံပြီး ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ စံပြနေရာတစ်နေရာ သို့မဟုတ် နှစ် နေရာကိုသာ တိုင်းတာခြင်း ဖြစ်ပါသည်။ အဆိုပါနေရာများသည် လည်း နိုင်ငံ၏ စီးပွားရေး အချက်အချာ ဖြစ်ရပါသည်။ အမှတ်ပေး စည်းမျဉ်းများဖြင့် နှစ်စဉ်တိုင်းတာရာတွင် အခြေခံ အကျဆုံးအမှတ် ပေး စည်းမျဉ်းမှာ စီးပွားရေးလုပ်ငန်းများအတွက် အစိုးရဌာနများက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများကို ကြန့်ကြာသည့်အချိန်၊ ကုန်ကျ သည့် စရိတ်နှင့် လုပ်ငန်းအဆင့်များကို မည်မျှလျှော့ချ ဆောင် ရွက်ပေးသနည်းဆိုသည်ကို နိုင်ငံရှိ ဒေသခံ စီးပွားရေးလုပ်ငန်းငယ် တစ်ခုအား နမူနာပြ ပုံစံထားကာ မေးခွန်းများကို အဆိုပါ နိုင်ငံရှိ လုပ်ငန်းရှင်များသို့ တိုက် ရိုက်မေးမြန်း ဖြေဆိုခိုင်းခြင်း ဖြစ်ပါသည်။ အလွန် စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ နိုင်ငံ၏ စီးပွားရေးနှင့် ဆက်စပ် သော အစိုးရဌာနများအနေဖြင့် လုပ်ငန်းရှင်များအတွက် မည်သို့ ဆောင်ရွက်ပေးနေသည်။ မည်သို့လုပ်ငန်း များ အဆင်ပြေအောင် ဆောင် ရွက်ပေးနေသည်ကို မြင်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်းတစ်ခု သိုလှောင်ရုံ တစ်လုံးဆောက်လုပ်သည့်အခါ မြို့တော်စည်ပင်သာယာ တွင် ဆောက်လုပ်ရေးအတွက် မည်သို့ လုပ်ငန်းလုပ်ခွင့်လျှောက်ရ သည်၊ မည်သည့်အချက်များလိုသည်၊ မလိုသည်တို့ကို ရန်ကုန်စည်ပင် ကို မမေးဘဲ စီးပွားရေးလုပ်ငန်းရှင်များကို တိုက်ရိုက်မေးပြီး အဆင့် များ တွက်ကြည့်ခြင်း၊ ကြန့်ကြာချိန်တွက်ခြင်း၊ ကုန်ကျစရိတ်တွက်ခြင်း တို့ကို ဖြေဆိုသူများထံမှ အဖြေများပေါ် အခြေခံပြီး အမှတ်များပေး ခြင်း ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများအတွက် ဖြေလျှော့ပေးမှုများကို ဒုတိယ သမ္မတ (၁)ကိုယ်တိုင် ဦးဆောင်ပြီး Ease of Doing Business လုပ်ငန်း များ၊ ပြုပြင်ပြောင်း လဲမှု Reform များ၊ Action Plan များကို စဉ်ဆက်မပြတ် ဆောင်ရွက်ကာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များ သက်သာ ချောင်ချိရေး၊ လုပ်ကိုင်ရလွယ်ကူရေးအတွက် ဆောင်ရွက်ပေးနေပါသည်။ လျှော့ပေးမှုများကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းဖြင့် ပို့ကုန်များလည်း တိုးတက်လာပါသည်။ ပို့ကုန်နှင့် ကုန်သွယ်မှု တိုးတက်လာသည် နှင့်အမျှ ပို့သမျှကုန်ပစ္စည်းအားလုံးသည် ဝယ်သူဘက်မှ ကြိုက်နှစ် သက်သည့် အရည်အသွေးရှိရန်၊ ဝယ်သူနိုင်ငံဘက်မှ သတ်မှတ်ထား သည့် သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေ၊ နည်းဥပဒေ များကို လိုက်နာရန်၊ ဗဟုသုတရှိထားရန် လိုအပ်သည်ကို တွေ့လာ ကြရပါသည်။ ယခင်ကမကြုံခဲ့ဖူးသော ပြဿနာများ၊ အခက်အခဲ များကိုလည်း တွေ့ရှိလာရပါသည်။ အရည်အသွေးပိုင်း တွင် အခက် အခဲဖြစ်ပေါ်မှုနည်းပါးသော နယ်စပ်ကုန်သွယ်မှုတွင်ပင် အရည် အသွေးဆိုင်ရာ အခက်အခဲများ၊ အကန့်အသတ်များကို တွေ့လာရ သည်ဟု သိရပါသည်။
အစိုးရက ပါဝင်ပတ်သက်ခြင်း သို့မဟုတ် စွက်ဖက်ခြင်း
ထိုသို့တင်ပို့ရာတွင် အရည်အသွေးဆိုင်ရာ အခက်အခဲများ၊ အကန့်အသတ်များ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာခြင်းများကို မကြာ ခဏကြုံတွေ့လာရသည့်အခါ ၊ စီးပွားရေးလုပ်ငန်းများတွင် လုံး၀ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခြင်းသည် အကန့်အသတ်ရှိပြီး အစိုးရ၏ ပါဝင်ပတ်သက်မှုများ သို့မဟုတ် အစိုးရမှ စွက်ဖက်ခြင်းများကို ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံများတွင် စီးပွားရေးကဏ္ဍ၌ မဖြစ်မနေ လိုအပ်လျက် ရှိသည်ကို သိမြင်လာရပါသည်။ ဥပမာ-ပဲမျိုးစုံ ပြည်ပ တင်ပို့မှုကို လွတ်လပ်စွာ တင်ပို့မှုအား နှစ်ပေါင်းများစွာ လွတ်လပ်စွာ ဆောင်ရွက် ခဲ့ပါသည်။ အစိုးရမှ ဝင်ရောက်စွက်ဖက်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘဲ ဖြေလျှော့မှုကို အပြည့်အ၀ ပေးထားခဲ့သည်ဟု ဆိုနိုင်ပါသည်။ မကြာမီ ကာလ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံဘက်မှ တင်သွင်းနေသော ပဲများ ကို ကိုတာစနစ်ဖြင့် ကန့်သတ်ခဲ့သည့်အခါ တင်ပို့သူများအပြင် တောင်သူ များအထိပါ အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။ အိန္ဒိယ ကုန်သည် များဘက်မှ အသာစီးရယူကာ ကုန်သွယ်မှုကို တစ်ဖက်သတ် ဆောင် ရွက်နိုင်သည်ကို တွေ့ရပါသည်။ ထိုကိစ္စသည် အိန္ဒိယအစိုးရမှ ပါဝင် ပတ်သက်မှုကြောင့် အိန္ဒိယ ကုန်သည်များနှင့် တောင်သူများ အကျိုး ကျေးဇူးရှိစေခြင်းဖြစ်ပါသည်။ အိန္ဒိယအစိုးရသည် ယခင်ကတည်းကပင် တောင်သူများအတွက် Minimum Supporting Price (MSP) ကို ဆောင်ရွက်ပေးခြင်း၊ ပဲနှင့်ပတ်သက်ပြီး ပဲတင်သွင်းတင်ပို့ခြင်းများကို ဆောင်ရွက်သည့် အစိုးရ တစ်စိတ်တစ်ပိုင်း အရင်းအနှီးပါဝင်သည့် Semi Government Agency များ ထူထောင်ထားပြီး ကုန်ဈေးနှုန်း ထိန်းသိမ်းရန် စီစဉ်ထားခြင်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့နိုင်ပါ သည်။
တရုတ်နိုင်ငံတွင်လည်း ဆန်စပါး၊ ပြောင်းနှင့် သကြားတို့ကို အရေးကြီးစားသောက်ကုန်အဖြစ် သတ်မှတ်ထားပြီး တောင်သူများအား Subsidies ဟူသော အထောက်အပံ့ပေးကာ တွက်ခြေကိုက် အောင် ဆောင်ရွက်ပေးခြင်း၊ အဆိုပါ သီးနှံများကို ပြန်လည်ဝယ်ယူ ပေးခြင်း၊ ပြည်ပမှ တင်သွင်းမှုများကို အခွန်အတုတ်စသော criteria ဟူသော ကုန်သွယ်မှုဆိုင်ရာ အတားအဆီးပုံစံမျိုးထားကာ ပြည်တွင်း ရှိ စိုက်ပျိုးသူတောင်သူများနှင့် ကုန်သည်များ အခက်အခဲမဖြစ်စေရေး ကို ထိန်းသိမ်းပေးထားပါသည်။ ပြည်ပမှ ဝယ်ယူရာတွင်လည်း အကန့် အသတ်များဖြစ်စေရန်အတွက် ကိုတာစနစ်သတ်မှတ် ပေးထားသည် ကိုတွေ့နိုင်ပါသည်။ သို့ဖြစ်၍ လွတ်လပ်စွာ ကုန်သွယ်ရာမှ ကိုတာ စနစ်များနှင့် ရင်ဆိုင်လာရသည့် အခါ အစိုးရချင်း စီးပွားရေးညှိနှိုင်း မှုများလိုအပ်လာပြီး အစိုးရကဏ္ဍက မဖြစ်မနေ ပါဝင်လာရပြန်ပါသည်။ G to G or Government to Governmentအဖြစ် အစိုးရချင်း ညှိနှိုင်း ပေးရသည့် အခြေအနေများကို လုပ်ပေးလာရပါသည်။ အစိုးရချင်း ညှိနှိုင်းသည့်အခါ အစိုးရက ဖွဲ့စည်းပေးထားသော အစိုးရ၏ အရင်း အနှီးပါသော အစိုးရ အေဂျင်စီများ၊ ကော်ပိုရေးရှင်းကြီးများ လိုအပ် လာပါသည်။
ဒုတိယ တံတိုင်း
နိုင်ငံတကာ ကုန်သွယ်မှုလုပ်ငန်းများတွင် အကောက်ခွန်ကို နိုင်ငံအတွင်းမှဖြစ်စေ၊ နိုင်ငံအတွင်းသို့ဖြစ်စေ၊ ကုန်ပစ္စည်းများ ဝင်ထွက်ရာတွင် လွယ်လွယ်ကူကူမဝင်စေရန်၊ တစ်နည်း ပြောမည်ဆိုလျှင် ကုန်ပစ္စည်းများတွင် ပါဝင်လာနိုင်သည့် အရည်အသွေးနိမ့်မှု၊ ရောဂါ ပိုးမွှားများ၊ အပင်နှင့် တိရစ္ဆာန်ရောဂါများ၊ ဓာတုဆေးကြွင်းများတို့ကို ကာကွယ်ရန် အကောက်ခွန်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများဖြင့် ထိန်းသိမ်းထား တတ်ကြပါသည်။ ထို့ပြင် အကောက် ခွန် နှုန်းထားများဖြင့်လည်း ထိန်းသိမ်းထားခဲ့ကြသည်။ နိုင်ငံတကာ ကုန်သွယ်မှုတွင် Free and Fair Trade အဖြစ် တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာကြသည့်အခါ အကောက်ခွန်နှင့် ပတ်သက်ပြီး တစ်စုံ တစ်ရာ ကောက်ခံမှုမရှိသည်အထိ ဖြေလျှော့မှုများကို ပြုလုပ် လာကြပါသည်။ ထိုသို့ Free Trade Area များကို အများအပြား တည် ထောင်ပြီး ကုန်သွယ်မှုပြုလာသည့်အခါတွင် မိမိနိုင်ငံမှ အမျိုးအစားတူ ထုတ်ကုန်များကို ကာကွယ်ရန်၊ ကုန်ထုတ်လုပ်သူများကို ကာကွယ် ရန် အစိုးရများတွင် တာဝန်ရှိလာပါသည်။ အဆိုပါ ကိစ္စမျိုးကို ထိန်းသိမ်းနိုင်ရန် ပထမတံတိုင်းဖြစ်သော အကောက်ခွန်ကို ငွေကြေး တန်ဖိုးသင့် မထားတော့ဘဲ လုံး၀ ဖွင့်ပေး လိုက်သည့်အခါ၊ နိုင်ငံတကာ လွတ်လပ်စွာနှင့် မျှတစွာ ကုန်သွယ်မှုဟူသောအချက်ကိုလည်း မထိခိုက် စေရဘဲ၊ မိမိနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရမည့် ဒုတိယတံတိုင်း တစ်ခု လိုအပ်လာပါသည်။ ထိုသို့ကာကွယ်ရာတွင် လည်း၊ Protectionism ဟူသော ကိုယ်ကျိုးစီးပွားကာကွယ်ရေး ပုံစံမျိုးဖြစ်မသွားစေရန်လည်း လိုအပ်ပါသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များရှိ ကုမ္ပဏီများ အတွက် အခြားသော နိုင်ငံများမှ ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်လာရ သည့် အခါငွေအင်အား၊ နည်းပညာများ၊ ဈေးကွက်ဝေစုများတွင် ပြိုင်ဆိုင်နိုင်ရန် မလွယ်ကူသဖြင့် အဆိုပါ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ အနေဖြင့် နိုင်ငံအစိုးရမှ ပြည်တွင်းကုမ္ပဏီများကို အထောက်အကူ ပြုနိုင်ရန် လိုအပ်လာပါ သည်။ အဆိုပါ နိုင်ငံငယ်များ၏ အစိုးရများ သည် ပြည်တွင်း ကုမ္ပဏီငယ်များကိုကာကွယ်ရန်၊ အကောက်ခွန် တံတိုင်းအစား နောက်ထပ် ဒုတိယ တံတိုင်းတစ်ခုကို တားဆီးရန် လိုအပ်လာပါသည်။ အဆိုပါ ဒုတိယတံတိုင်းကို ပြည်တွင်း အခွန် အတုတ်များ၊ အရည်အသွေး သတ်မှတ်ချက်များဖြင့်သာ အဓိက တားဆီးလာသည်ကို တွေ့မြင်နိုင် ပါသည်။
သို့ဖြစ်၍ ပြည်ပပို့ကုန်တင်ပို့သူများသည် မိမိတို့တင်ပို့မည့် နိုင်ငံများရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ပုံများကိုပါ သေချာစွာ လေ့လာရန်လိုအပ်လာပါသည်။ တင်သွင်းရာတွင်လည်း မိမိတို့နိုင်ငံ၏ တင်သွင်း ရာတွင် တွေ့ကြုံရမည့် ကုန်သွယ်မှုဆိုင်ရာအတားအဆီးများနှင့် ကုန်သွယ်မှုနှင့် မသက်ဆိုင်သော အတားအဆီးများကိုပါ သေချာစွာ သဘောပေါက်ရန်လိုအပ်ပါသည်။ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းကို ဆောင်ရွက်သူများ သည် ပြည်တွင်း ဈေးကွက်၏ ကျပ်တည်းမှုကို ကျော်လွှားနိုင်သော်လည်း အသိပညာ ဗဟုသုတပိုမိုရှိရန်လိုအပ်လာပြီး နည်းပညာပိုင်းဆိုင်ရာ အသိအမြင်များ ပိုမိုရှိရန် အားထုတ်လာရမည်ကို အနာဂတ် ကုန်သွယ်မှုတွင် တွေ့ ရှိနေရကြောင်း ဖော်ပြအပ်ပါသည်။ နိုင်ငံတကာ ကုန်သွယ်မှုတွင် လည်းကောင်း၊ ပြည်တွင်းမှ တောင်သူများ၊ ကုန်သည်များကို ကာကွယ်ရာတွင် လည်းကောင်း အစိုးရ၏ စွက်ဖက်မှုများသည် လိုအပ်လျက်ရှိပြီး အစိုးရဌာန များအနေဖြင့်လည်း ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတ များ၊ နိုင်ငံတကာ အတွေ့အကြုံများနှင့် ပညာရပ်များ ပိုမိုလိုအပ်လာ နေပြီဖြစ်ကြောင်း အနာဂတ် ကုန်သွယ်မှု ခန့်မှန်းချက်ကို တင်ပြလိုက်ပါသည်ခင်ဗျား။
မျိုးသူ (ကုန်သွယ်မြှင့်)