စိန်ခေါ်မှု၊ ယှဉ်ပြိုင်မှုများမှသည် ခိုင်မာသည့် ဈေးကွက်ဆီသို့
အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် အိုင်ဗရီကို့စ်နိုင်ငံက မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်တန်ချိန် ၁၈၀၀၀ ကို စားသုံးရန်မသင့် ဟုဆိုကာ ဖျက်ဆီးလိုက်ကြောင်း Ghana Web သတင်းဌာနနှင့် Africa News သတင်းဌာန တို့က ဧပြီ ၁၇ ရက်တွင် ရေးသားဖော်ပြ လာကြသည်။ အဆိုပါသတင်းမှာ မြန်မာ့ဆန်ဈေးကွက်ကို ထိခိုက်စေသည်သာမကဘဲ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း များစွာကျဆင်း စေခဲ့သည်။ Ghana Web သတင်းဌာန၏ အဆိုအရ မြန်မာနိုင်ငံမှ တင်ပို့ လာသည့်ဆန်ကို အိုင်ဗရီကို့စ်နိုင်ငံသာမကဘဲ တခြားအာဖရိကနိုင်ငံများဖြစ်သည့် တိုဂိုနှင့် ဂါနာနိုင်ငံများကလည်း မြန်မာ့ဆန်ကို လက်ခံခြင်းမရှိဘဲ ငြင်းဆန်ခဲ့ကြောင်းသိရသည်။ အိုင်ဗရီကို့စ်နိုင်ငံ က မြန်မာ့ဆန်အရည်အသွေးကို လက်ခံနိုင်ခြင်းမရှိဘဲ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများမှာလည်း အလုပ်ရှုပ်ခဲ့ရ သည်။
မြန်မာ့ဆန်၏ အရည်အသွေးမှာ ယခင်ကတည်းကပင် ကောင်းမွန်မှုရှိခြင်းကြောင့် ကမ္ဘာ့ဈေးကွက်တွင် နေရာတစ်နေရာ ရရှိလာ ခြင်းဖြစ်ပြီး ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံများထဲတွင် မြန်မာ နိုင်ငံလည်း ပါဝင်ေ နခြင်းဖြစ်သည်။ ထိုကဲ့သို့ မူလအရည်အသွေး ကောင်းမွန်မှုရှိသည့် မြန်မာ့ဆန်မှာ ဝယ်ယူသူ ကုန်သည်ပွဲစားများ၏ သယ်ယူပို့ဆောင်မှုတွင် စနစ်မကျခြင်း၊ မူလအရည်အသွေးကို ထိန်းသိမ်းနိုင်မှု မရှိခြင်းတို့ကြောင့် ဂုဏ်သိက္ခာကျဆင်းရမည့်အရေး နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ အိုင်ဗရီကို့စ်နိုင်ငံတွင် ဖျက်ဆီးခံရသော မြန်မာ့ဆန်များသည် ဆိပ်ကမ်းတွင်သဘောၤတင်သည့် အချိန်ကတည်းက မိုးမိခဲ့သည့် အပြင် လမ်းခရီးတွင်လည်း အချိန်ကြာမြင့်ခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိရောင်းနေသည့် ဆန်အရည်အသွေးသည် ပြဿနာမရှိ ကြောင်း၊ အရည်အသွေးကောင်းမွန်ကြောင်း၊ အဆိုပါသင်္ဘော တစ်စင်းသည်သာ အခန့်မသင့်၍ ယခုကဲ့သို့ ဖြစ်ပွားရခြင်းြ ဖစ်ပြီး သင်္ဘောပေါ်တွင်အချိန်ကြာမြင့်၍ ဆန်အရည်အသွေး ထိခိုက်ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာတာဝန်ရှိသူများသည် ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ တကာဈေးကွက်များ၌ ခိုင်မာသည့် ဈေးကွက်တည်ဆောက်နိုင်ရေးနှင့် အရည်အသွေးပြည့်မီသည့် ဆန်များ တင်ပို့နိုင်ရေး ညှိနှိုင်း အစည်း အဝေးတစ်ရပ်ကို ကျင်းပခဲ့ကြသည်။ ယင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်တွင် ကုမ္ပဏီ ၈၃ ခုက ဆန်တန်ချိန် ၁ ဒသမ ၂ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈၁ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၇၀ မှ ဆန်တန်ချိန် ၈ ဒသမ ၅ သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၈၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ နယ်စပ်မှ ဆန်တင်ပို့မှုအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၅၅ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၉၅ သန်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၁၀၃ ခုမှ ဆန်တန်ချိန် ၁ ဒသမ ၀၇ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၅၉ သန်း တင်ပို့နိုင် ခဲ့ကြောင်း မြန်မာ့ဆန်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့မှုနှင့်ပတ် သက်ပြီး ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးက အာဖရိကသည် ဆန်ကိုစိုက်ပျိုးထုတ်လုပ်နိုင်သော်လည်း စားသုံးမှုသည် စိုက်ပျိုးထုတ်လုပ်နိုင်မှုထက်များ ပြားသဖြင့် အာရှဒေသရှိနိုင်ငံများထံမှ ပြန်လည်ဝယ်ယူ တင်သွင်းရကြောင်း၊ မြန်မာနို င်ငံမှ ဆန်တင်ပို့သည့်နိုင်ငံများတွင် အာဖရိက နိုင်ငံများလည်း အပါအဝင်ဖြစ်ကြောင်း၊ ကမ္ဘာ့ဆန်တင်ပို့မှု အများ ဆုံးနိုင်ငံများသည် အိန္ဒိယ၊ ထိုင်း၊ အမေရိကန်၊ ပါကစ္စတန်၊ ဗီယက် နမ်၊ အီတလီ၊ တရုတ်၊ ဥရုဂွေး၊ ကမ္ဘောဒီး ယားနှင့် မြန်မာနိုင်ငံတို့ ဖြစ်ပြီး ကမ္ဘာ့ဆန်တင်သွင်းမှုအများဆုံး နိုင်ငံများမှာ တရုတ်၊ ဘီနင်၊ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန်၊ ယူအေအီး၊ အင်္ဂလန်၊ တောင်အာဖရိကနှင့် အီရတ်နိုင်ငံတို့ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသည့် နိုင်ငံဖြစ်သည့် အားလျော်စွာ တိုးတက်ပြောင်းလဲလာသည့် ွူသဘေူ စီးပွားရေးစနစ်တွင် စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်မှုများစွာကို ရင်ဆိုင်ကြုံ တွေ့နေရလျက်ရှိပြီး မြန်မာ့လယ်ယာ ကဏ္ဍတွင်လည်း စိန်ခေါ်မှုနှင့် ယှဉ်ပြိုင်မှုများစွာရှိနေရာ တောင်သူများ၊ ကုန်သည်များနှင့် နိုင်ငံတော် ပါအကျိုး ဖြစ်ထွန်းနိုင်ရေးအတွက် ခိုင်မာသည့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရေး ပိုမို ကြိုးပမ်းလုပ်ဆောင်နိုင် ရန် လိုအပ်လျက်ရှိကြောင်း ထပ်မံ ပြောကြားခဲ့သည်။
မြန်မာ့ဆန်စပါး ကုန်သွယ်မှုကဏ္ဍသည် လုပ်ငန်းနယ်ပယ် အလွန်ကျယ်ပြန့်သောကြောင့် ရှုပ်ထွေးမှုများ၊ စိန်ခေါ်မှုများ၊ အခက် အခဲများနှင့် အကန့်အသတ်များစွာဖြင့် ဆောင်ရွက်နေရပြီး အဆိုပါ ကိစ္စများအား အဆင်ေြ ပချောမွေ့စွာ ကျော်ဖြတ်ဆောင်ရွက်သွား နိုင်ရန် အထူးလိုအပ်ကြောင်း၊ အိုင်ဗရီကို့စ်တွင် ဖျက်ဆီးခံရသည့် ဆန်များကို မြန်မာနိုင်ငံကကုမ္ပဏီ သုံးခုထံမှ ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီဖြစ်သည့် Olam International Co.Ltd u FOB စနစ်ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အာဖရိကတိုက် Guinea တွင် ရောင်းရန်ဖြစ်ကြောင်း၊ ဆန်တင်သည့် သင်္ဘောသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၂၀၀၀ ကို တင်ဆောင်၍ ရန်ကုန်ဆိပ်ကမ်းမှ ၂၀၁၈ ခုနှစ် အောက် တိုဘာလတွင် ထွက်ခွာခဲ့ပြီး Guinea ဆိပ်ကမ်းသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်များကို သင်္ဘောချရာ၌ တန်ချိန် ၄၀၀၀ ချပြီးနောက် ဆန်အလေးချိန် မပြည့်ဆိုသည့် ပြဿနာပေါ်သည်ဟု သိရကြောင်း၊ အာဖရိကနိုင်ငံ များသို့ လှည့်လည် ရောင်းချရာတွင်လည်း လက်မခံနိုင်သည်ဟု သိရကြောင်း၊ ဆန်အိတ်များသည် ကီလို ၅၀ ရှိရမည်ဖြစ်၍ ၄၅ ကီလို သာရှိသည့်အတွက် လက်မခံဘဲ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု သိရ ကြောင်း၊ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဝယ်ယူတင်ပို့သည့် ကုမ္ပဏီ၊ ဆန်အရည်အသွေးနှင့် အလေးချိန်စစ်ဆေးသည့် Inspection Agency ၊ ဝယ်ယူသူ Buyer များ၏ အားနည်းချက်ကြောင့် ဖြစ်သည် ကို ဆန်းစစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ယခုကဲ့သို့ ဖြစ်စဉ် နောက်ထပ် မဖြစ်စေရန် စနစ်တကျ စီစဉ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ နိုင်ငံတကာ ဆန်စပါး ဈေးကွက်ကြီးများသည်လည်း ဈေးကွက် ရရှိရေးကို အပြိုင်အဆိုင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ သည်လည်း နိုင်ငံတကာဈေးကွက်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ခိုင်မာသည့် ဈေးကွက် တည်ဆောက်နိုင်ရေးနှင့် အရည် အသွေးပြည့်မီသည့် ဆန်များတင်ပို့နိုင်ရေးကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့အစည်းများမှ ပိုမိုတွန်းအားပေး ပူးပေါင်း ဆောင် ရွက်ပေးကြပါရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က တိုက်တွန်း ပြောကြားခဲ့ သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး ၁၀ နိုင်ငံထဲ တွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများသို့ နှစ်စဉ် ဆန်တင်ပို့ ရောင်းချမှုများရှိနေရာ တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့သည်မှာ အာဖရိကနိုင်ငံများသို့ပင် ဖြစ်သည်။ ယခင်က ဆန်တင်ပို့မှုများတွင် မည်သည့်ပြဿနာမျှ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်း မရှိသော်လည်း အိုင်ဗရီကို့စ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ယခုပြဿနာ မှာ မြန်မာ့ဆန် ပုံရိပ်ကို များစွာ ထိခိုက်စေခဲ့ရသည်။ ယခုကဲ့သို့ မြန်မာ့ဆန်နှင့်ပတ်သက်၍ ဂုဏ်သိက္ခာများစွာ ကျဆင်းခဲ့ရမှုအပေါ် အာဖရိကနိုင်ငံများသို့ မြန်မာ့ဆန် တင်ပို့ခဲ့သည့် စင်ကာပူအခြေစိုက် Olam International ကုမ္ပဏီကိုလည်း မြန်မာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ခေါ်ယူတွေ့ဆုံပြီး ဖြေရှင်းချက် တောင်းကာ အဖြစ်မှန်ကို ကျယ်ကျယ်ပြန့်ပြန့် သတင်းထုတ်ပြန်ပေးရန် လိုအပ်သည်။ အိုင်ဗရီကို့စ်တွင် မြန်မာ့ဆန် ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ မည်သည့်အတွက်ကြောင့် ဖျက်ဆီးရသည်ကို ခိုင်လုံသည့် အထောက် အထားစာရွက်များ တောင်းရန်လိုအပ်မည်ဟု ထင်ပါသည်။
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ပြောသွားသကဲ့သို့ မြန်မာ့ဆန်များပြည်ပ နိုင်ငံများသို့ တင်ပို့မှုနှင့် ပတ်သက်၍ အလုံးစုံ မူဝါဒကို ပြန်လည်ဆန်း စစ်ရန် လိုအပ်နေ သည်။အိုင်ဗရီကို့စ် နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြဿနာနှင့်ပတ်သက်ပြီး ဆန် တင်ပို့သည့် နိုင်ငံခြားကုမ္ပဏီကို အဓိကအပြစ်တင်ရန်ရှာနေရမည်မဟုတ်ဘဲ နောက်နောင်တွင် ယခုကဲ့သို့ ပြဿနာမျိုး မဖြစ်ပေါ်စေရေးအတွက် အား နည်းချက်၊ အားသာချက်များကို ဝိုင်းဝန်းအဖြေရှာကြရမည်ဖြစ်သည်။ ဝန်ကြီး ဌာနနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ပါသည်။ ပြည်ပနိုင်ငံများမှ ဆန်လိုအပ်ချက်မှာ များပြားနြေ ခင်းကြောင့် မြန်မာ့ ဆန် တင်ပို့ရောင်းချရမှုမှာလည်း ဆက်လက်မြင့်တက်လာဖွယ်ရှိနေသည်။ ထိုကဲ့သို့ အခြေအနေမျိုးကို လက်လွတ်မခံဘဲ အရည်အသွေးကောင်းသည့် ဆန်များဖြစ်ရေးကို ကြိုးပမ်းရမည်ဖြစ်သလို ရေရှည် အကျိုးစီးပွားအတွက် ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာ့ဆန်အရေး ကိစ္စနှင့်ပတ်သက်၍ ရေရှည်အကျိုးကို မျှော်ကိုးပြီး အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမည်ဆိုပါက စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဖြစ်ကာ Global စီးပွားရေးစနစ်တွင် စိန်ခေါ်မှု၊ ယှဉ်ပြိုင်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပြီး ခိုင်မာသည့်ဈေးကွက်များဆီသို့ မလွဲမသွေ ရောက်ရှိလာမည် ဖြစ်ပါ သည်။
စိန်သံ