ပြည်ပလိုအပ်ချက်ရှိသည့် ပဲမျိုးစုံ တိုးချဲ့စိုက်ပျိုးပြီး ပဲဈေးကွက် ပြောင်းလဲနိုင်ဖို့
မြန်မာနိုင်ငံသည် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ဝါ၊ ကြံတို့အား အဓိကသီးနှံများအဖြစ် စိုက်ပျိုး လျက်ရှိပြီး တစ်နိုင်ငံလုံးစိုက်ဧရိယာ စုစုပေါင်း၏ ၃၄ရာခိုင်နှုန်းကို စပါးစိုက်ပျိုးပြီး ၂၁ ရာခို င်နှုန်းကို ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရပါတယ်။ ဒါ့အပြင် ၁၆ ရာခိုင်နှုန်းကို ဆီထွက်သီးနှံများ စိုက်ပျိုးပြီး ကျန် စိုက်ဧရိယာများကိုတော့ စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးကြ ကြောင်း သိရှိရပါတယ်။ ပဲမျိုးစုံစိုက်ဧကအနက် ၆၆ ရာ ခိုင်နှုန်းတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တို့ကို စိုက်ပျိုးကြပြီး ကျန် ၃၄ ရာခိုင်နှုန်းမှာ ပဲတီစိမ်း၊ ပဲလွန်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့ အခြားပဲများစိုက်ပျိုးကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေး တိုင်းဒေသ ကြီးတို့တွင် ပဲမျိုးစုံစုစုပေါင်းစိုက်ဧက၏ ၅၄ ရာခိုင်နှုန်းကို စိုက်ပျိုးကြပါတယ်။ ပဲမျိုးစုံကဏ္ဍဟာ ပြည်ပပို့ကုန် အများဆုံးကဏ္ဍတစ်ခုဖြစ်ပြီး ပြည်ပပို့ကုန်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းကျော်ကို တင်ပို့လျက်ရှိပါတယ်။ မြန် မာနိုင်ငံဟာ အိန္ဒိယနိုင်ငံသို့ ပဲအများဆုံး တင်ပို့နေသည့် နိုင်ငံဖြစ်ပြီး တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနိုင်ငံ သို့လည်း တင်ပို့လျက်ရှိပါတယ်။ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁၅ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း၁၄၀၀ ခန့် တင်ပို့ခဲ့ ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ပြည်တွင်းပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အနေဖြင့် ရန်ကုန် FOB တစ်တန်ဈေးနှုန်းမှာ (၂၀-၁၀-၂၀၁၇) ရက်တွင် မတ်ပဲ အမေရိကန်ဒေါ်လာ ၃၅၀၊ ပဲစင်းငုံ အမေရိကန်ဒေါ်လာ ၂၈၀၊ ပဲတီစိမ်း အမေရိကန်ဒေါ်လာ ၆၈၀ ဖြစ်ပြီး၊ (၁-၁၁-၂၀၁၇) ရက်တွင် မတ်ပဲ အမေရိကန်ဒေါ်လာ ၃၅၀၊ ပဲစင်းငုံ အမေရိကန်ဒေါ်လာ ၂၄၅၊ ပဲတီစိမ်း အမေရိကန်ဒေါ်လာ ၆၈၀ ရှိရာ မတ်ပဲနဲ့ပဲတီစိမ်းမှာ ဈေးနှုန်းတည် ငြိမ်လျက်ရှိပြီး ပဲစင်းငုံမှာ အမေရိကန် ဒေါ်လာ ၃၅ ဈေးကျဆင်းလာခဲ့ကြောင်း သိရှိရပါတယ်။ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဈေးကွက်ရဲ့တစ်တန်ဈေးနှုန်းမှာ (၁၈-၁၀-၂၀၁၇)ရက်တွင် မတ်ပဲ အမေရိကန်ဒေါ်လာ ၆၁၅ ၊ ပဲစင်းငုံ အမေရိကန်ဒေါ်လာ ၅၈၄ ရှိပြီး၊ (၁-၁၁- ၂၀၁၇) ရက်တွင် မတ်ပဲ အမေရိကန်ဒေါ်လာ ၅၇၇၊ ပဲစင်းငုံ အမေရိကန်ဒေါ်လာ ၅၆၆ ရှိရာ မတ်ပဲတွင် အမေရိကန်ဒေါ်လာ ၃၈ နဲ့ ပဲစင်းငုံတွင် အမေရိကန် ဒေါ်လာ ၁၈ အသီးသီး ဈေးနှုန်း ကျဆင်းလာကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၂၂ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ယခင်နှစ်ထုတ်လုပ်မှု တန် ချိန် ၁၆ ဒသမ ၃၅ သန်းထက် ကျော်လွန် ထုတ်လုပ်နိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံရဲ့ သတင်းထုတ်ြ ပန်ချက်များအရ သိရပါတယ်။ အိန္ဒိယ နိုင်ငံမှာ ပဲမျိုးစုံအထွက်နှုန်းကောင်း၍ ပြည်တွင်းပဲဈေးနှုန်းများ ကျဆင်းလာတဲ့အတွက် အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် ပဲစင်းငုံ၊ မတ်ပဲ နှင့် ပဲတီစိမ်းတို့အား ပြည်ပတင်သွင်းရာတွင် တန်ချိန် အရေအတွက် ကို ကန့်သတ်တင်သွင်းရန် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ခဲ့သည့် အပြင် ၂၀၀၆ ခုနှစ်ကတည်းက ချမှတ်ခဲ့သည့် အဆိုပါပဲသုံးမျိုးအား ပြည်ပသို့ တင်ပို့ခွင့်တားမြစ်ချက်ကို ယခုနှစ် စက်တင်ဘာလမှစတင် ၍ ဖယ်ရှားပေးခဲ့ပါတယ်။ ဒါကြောင့် အိန္ဒိယ ကုမ္ပဏီများဟာ နီပေါ၊ ကနေဒါနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ပဲတင်ပို့ခွင့်လျှောက်ထား လျက်ရှိနေကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ်တွင် ယခင်နှစ်ပဲမျိုးစုံထုတ်လုပ်မှု ထက် တန်ချိန် ၆ သန်း ကျော် ပိုမိုထုတ်လုပ် နိုင်ခဲ့ကြောင်း၊ နောင်နှစ် နှစ်ကြာပါက ပြည်ပမှ ပဲတင်သွင်းရန် လိုအပ်တော့မည်မဟုတ်ဘဲ ပြည်တွင်းလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးစကားဝိုင်းဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံ၊ လယ်ယာစိုက် ပျိုးရေးဝန်ကြီးဌာန ဝန်ကြီး ရာဒါမိုဟန်ဆင်းဂ်က ပြောကြားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကနေဒါနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပဲညီလာခံမှာ ပညာရှင်များရဲ့ သုံးသပ်ချက်အရ အိန္ဒိယနိုင်ငံဟာ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့အတွက် အဓိကဈေးကွက်မောင်းနှင်သူဖြစ်ကြောင်း၊ ယခုနှစ် kharif ရာသီတွင် မတ်ပဲ ကို ၆ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးနိုင်သော်လည်း ပဲတီစိမ်းကို ၂၅ ရာခိုင် နှုန်း လျော့နည်းစိုက်ပျိုးခဲ့ပြီး ပဲစင်းငုံကိုလည်း ၇၀ ရာခိုင်နှုန်း လျော့ နည်းခဲ့ကြောင်း၊ မတ်ပဲစိုက်ပျိုးသော နိုင်ငံများမှာ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနဲ့ ပါကစ္စတန်တို့ ဖြစ်ကြောင်း၊ ပဲစင်းငုံစိုက်ပျိုး သောနိုင်ငံများမှာ အိန္ဒိယ၊ မြန်မာ၊ မာလာဝီ၊ တန်ဇန်းနီးယားနဲ့ ကင်ညာ နိုင်ငံတို့ဖြစ်ပြီး ပဲတီစိမ်းစိုက်ပျိုးသော နိုင်ငံများမှာ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒို နီးရှား၊တရုတ်နဲ့မိုဇမ်ဘစ်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါပဲသုံးမျိုးအနက် မတ်ပဲနဲ့ ပဲစင်းငုံကို အများဆုံးတင်ပို့တဲ့ နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး ပဲတီစိမ်းအများဆုံး တင်ပို့တဲ့နိုင်ငံမှာ သြစတြေးလျနိုင်ငံဖြစ်ပါတယ်။ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတို့ကို အဓိကတင်သွင်းတဲ့နိုင်ငံ ကတော့ အိန္ဒိယနိုင်ငံတစ်နိုင်ငံတည်းသာ ဖြစ်ပြီး တရုတ်နိုင်ငံကတော့ ဒုတိယအများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပါ တယ်။ ပညာရှင်ဘိုရက်ချ်၏ သုံးသပ်ချက်အရ အိန္ဒိယနိုင်ငံရဲ့ ပဲလို အပ်ချက်ဟာ အတက်ဘက်တွင်သာရှိနေပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်အတွင်း အိန္ဒိယသို့ ပဲအဓိကတင်ပို့သူသည် မြန်မာနိုင်ငံ ဖြစ်ခဲ့ သော်လည်း သြစတြေးလျ၊ တန်ဇန်းနီးယားနဲ့ ကင်ညာနိုင်ငံတို့က အိန္ဒိယနိုင်ငံသို့ ဈေးကွက်ထိုးဖောက်လာတဲ့အတွက် မြန်မာနိုင်ငံရဲ့ ဈေး ကွက်ရရှိမှုဟာ ၇၆ ရာခိုင်နှုန်းကနေ ၆၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယသို့ ပဲတီစိမ်း အဓိကတင်ပို့ သူအဖြစ် ရပ်တည်နေရာမှ တန်ဇန်းနီးယားနဲ့ မိုဇမ်ဘစ်နိုင်ငံသို့ ဈေး ကွက်ေ ဝစုများ ခွဲဝေပေးခဲ့ရသဖြင့် တင်ပို့ခွင့်ဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာနိုင်ငံဟာ ပဲစင်းငုံတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ရောင်းချနေချိန်မှာ အာဖရိကနိုင်ငံများက တစ်တန်လျှင် အမေ ရိကန် ဒေါ်လာ ၃၉၀ နဲ့ရောင်းချခဲ့တဲ့အ တွက် မြန်မာနိုင်ငံဟာ အိန္ဒိယ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်မှုလျော့ကျခဲ့ပါတယ်။ ယခုအခါ အာဖရိက နိုင်ငံများရဲ့ ပဲစင်းငုံထုတ်လုပ်မှုဟာ ယခင်နှစ်များက တန်ချိန် ၄၀ç၀၀၀ မှ ၅၀ç၀၀၀ အထိသာ ထုတ်လုပ်နိုင်သော်လည်း ယခုနှ စ်မှာ တော့ တန်ချိန် ၁၂၀ç၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်လာနိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပဲထုတ်လုပ်မှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် တွင် တန်ချိန် ၂၂ ဒသမ ၄ သန်းအထိ စံချိန်တင် ထုတ်လုပ်နိုင်ခဲ့သော် လည်း နိုင်ငံရဲ့စားသုံးမှုလိုအပ်ချက်ဟာ တန်ချိန် ၂၉ သန်းခန့်ရှိတဲ့ အတွက် တန်ချိန် ၆ ဒသမ ၄ သန်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ပဲအစည်းအဝေးတွင် ပညာရှင် Boersch က အခြားပဲများ နဲ့ပတ်သက်ပြီး တင်ပြရာမှာ dry pea ထုတ်လုပ်မှုဟာ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း တိုးတက်ခဲ့ကြောင်း၊ ကေ နဒါတွင် ၄၈ ရာခိုင်နှုန်း၊ အမေရိကန်တွင် ၂၅၀ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံတွင် ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သို့သော် ၂၀၁၇ ခုနှစ်အတွင်း ရာသီ ဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ၁၁ ရာခိုင်နှုန်း လျော့ကျလာ နိုင်ေ ကြာင်း သုံးသပ်တင်ပြထားပါတယ်။ Dry pea အဓိက ထုတ်လုပ် သောနိုင်ငံများမှာ ကနေဒါ၊ ရုရှား၊ ယူကရိန်း၊ အမေရိကန်၊ အိန္ဒိယ၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံတို့ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ငါး နှစ်အတွင်း dry pea လိုအပ်ချက် ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ၄၀ ရာခိုင် နှုန်းမြင့်တက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံက ၂၅၀ ရာခိုင်နှုန်းအထိမြင့်မား ခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် ကမ္ဘာ့ dry pea လိုအပ်ချက်သည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တန်ချိန်အားဖြင့် ၂ ဒသမ ၂ သန်း၊ ရာခိုင် နှုန်းအားဖြင့် ၅၈ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း ဘိုရက်ချ်က သုံးသပ်ခဲ့ပါတယ်။
ကမ္ဘာ့ပဲတင်သွင်းမှုကိုကြည့်ပါက နိုင်ငံများရဲ့ တင်ပို့နိုင်မှု အကန့်အသတ်ကြောင့် ၂၀၁၇ ခုနှစ်မှာ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ ကြောင်း၊ ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘာ့ပဲတင်ပို့သော နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ကျူးဘား၊ မြန်မာ၊ ယူအေအီး၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတို့ဖြစ်ကြောင်း၊ ကမ္ဘာ့ dry pea လိုအပ်ချက်သည် ပိုမိုမြင့်တက်လာနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်အစားအစာနဲ့ အာဟာရပစ္စည်း ထုတ် လုပ်ခြင်း လုပ်ငန်းများ တိုးတက်လာပြီး ဈေးကွက်လိုအပ်ချက် မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ဥပမာ တရုတ်နိုင်ငံမှ စားသုံးသူများသည် တိရစ္ဆာန်မှရသော ပရိုတိန်းထက်အပင်မှရသော ပရိုတိန်းကို ပိုမိုစား သုံးရန် ရွေးချ ယ်လာကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် ပဲတင်သွင်းမှုလိုအပ်ချက် မြင့်တက်လာနိုင်ကြောင်း ဘိုရက်ချ်က သုံး သပ်ထားပါတယ်။ အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းမှာ ထုတ်လုပ်မှုလုံလောက်လျက်ရှိပြီး တူရကီနိုင်ငံ (ပင် လယ်နက်ဒေသ)မှ ဈေး ပေါပေါဖြင့် တင်သွင်းနိုင်မှုတို့ကြောင့် ကနေဒါနိုင်ငံမှ ပဲတင်သွင်းမှု လျော့ကျသွားနိုင် မယ်လို့ Eric Fossay က သုံးသပ်ထားပါတယ်။ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်မှာ dry pea တန်ချိန် ၄၆၇ç၀၀၀ တန် အထိ တင်သွင်းခဲ့တဲ့အတွက် ယခင်နှစ်ထက် တန်ချိန် ၁၀၀ç၀၀၀ ပိုမိုတင်သွင်း ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ dry pea တင်သွင်းမှုတန် ချိန် ၁ ဒသမ ၁ သန်းအထိ မြင့်တက်လာနိုင်ကြောင်း Zhang Baosheng က သုံးသပ် ထားပါတယ်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြေထောက်ပဲ (red kidney bean) လိုအပ်ချက်သည် တန်ချိန် ၁၅၀ç၀၀၀ ကျော် ၂၀၀ç၀၀၀ ဝန်း ကျင်အထိရှိခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်တွင် တရုတ်နိုင်ငံ၏ speckled kidney bean ထုတ်လုပ်မှုသည် ၂၀၀၈ခုနှစ်တွင် တန်ချိန် ၃၅၀ç၀၀၀ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၅၀ç၀၀၀ အထိကျဆင်းခဲ့ ကြောင်း၊ ထို့ကြောင့် အိန္ဒိယ၊ ယီမင်၊ ပါကစ္စတန်နဲ့ တောင်အာဖရိကနိုင်ငံတို့ အနေဖြင့် တရုတ်ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်တော့မှာဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံရဲ့နှစ်စဉ် dry beans စားသုံးမှုမှာ တန်ချိန် ၃ ဒသမ ၄ သန်းအထိရှိကြောင်း၊ အဓိကစားသုံးတဲ့ပဲမှာ black beans ဖြစ်ပြီး အခြား red kidney beans, speckled kidney beans နဲ့ alubias ပဲများကိုလည်း စားသုံးကြောင်း၊ ဘရာဇီးနိုင်ငံဟာ အစိုဓာတ်လွန်ကဲ၍ ဘူခေု ဘနညျေ သီးနှံများ ထိခိုက်သဖြင့် အာဂျင်တီးနားနိုင်ငံမှ အမြောက်အမြား တင်သွင်းနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ အာဂျင်တီးနားနို င်ငံသို့ black beans အဓိက တင်ပို့တဲ့နိုင်ငံဖြစ်သလို ကျူးဘားနဲ့ ဗင်နီဇွဲလားနိုင်ငံ သို့လည်း တရုတ်နိုင်ငံရဲ့ black beans ထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ပုံမှန်တင်ပို့ ရောင်းချလျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ် မှာ တရုတ်နိုင်ငံဟာ black beans တန်ချိန် ၁၀၀ç၀၀၀ ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။ မြောက်အမေရိက၊ အာဂျင်တီးနားနဲ့ တရုတ်နိုင်ငံတို့ဟာ white beans အဓိကတင်ပို့တဲ့ နိုင်ငံများဖြစ်ပြီး အဓိကအားဖြင့် ဥရောပ၊ အာဖ ရိကနဲ့ အာရှတိုက်နိုင်ငံများသို့တင်ပို့ကြောင်း၊ white beans စုစုပေါင်းတန်ချိန် ၅၀၀ç၀၀၀ အထိတင်ပို့လျက်ရှိကြောင်းသိရပါတယ်။ အီဂျစ်နိုင်ငံရဲ့ ၉၃သန်းသော စားသုံးသူများမှာ နှစ်စဉ် faba beans မက်ထရစ်တန် ၇၅၀ç၀၀၀ အထိ စားသုံးကြောင်း၊ အီဂျစ်နိုင်ငံ ဟာ faba beans ကို ထုတ်လုပ်ပေမယ့်လည်း ပိုးကျရောက်ခြင်း၊ တန်ဖိုးနည်း တင်သွင်းခြင်းများကြောင့် နှစ်စဉ် တန်ချိန် ၇၀ç၀၀၀ မှ ၁၀၀ç၀၀၀ အထိသာ ထုတ်လုပ်နိုင်ကြောင်း၊ ကျန်လို အပ်ချက်အား ပြည်ပတင်သွင်းမှုအပေါ်တွင်သာ တည်မှီနေရကြောင်း၊ အီဂျစ်နိုင်ငံသို့ faba beans အဓိကတင်ပို့သူများမှာ သြစတြေးလျ၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့ဖြစ်ပါကြောင်း၊ သြစတြေးလျနိုင်ငံ သည် အီဂျစ်နိုင်ငံသို့ faba beans အများဆုံးတင်ပို့ လျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၁၁၀ç၀၀၀ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။၂၀၁၇ ခုနှစ်အတွင်း ကနေဒါ နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပဲမဟာမိတ်အဖွဲ့နဲ့ ကနေဒါပဲ ညီလာခံမှ ဆွေးနွေးချက်များကို လေ့လာချက်အရ နိုင်ငံအလိုက် စားသုံးသော ပဲအမျိုးအစားအလိုက် ပဲလိုအပ်ချက်များရှိနေတာကို သိရှိရပါတယ်။
ဥပမာ-ဘရာဇီးနိုင်ငံဟာ black beans ကို အများဆုံးစားသုံးပြီး အီဂျစ်နိုင်ငံဟာ faba beans ကို အများဆုံး စားသုံးကြတဲ့အတွက် နှစ်စဉ်လိုအပ် လျက်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်းနဲ့ပဲစင်း ငုံတို့ကို အိန္ဒိယနိုင်ငံသို့ အဓိကပို့ကုန်ဈေးကွက်အဖြစ်မှီခိုမနေဘဲ အခြားနိုင်ငံများရဲ့လိုအပ်တဲ့မျိုးစိတ်များကို စိုက်ပျိုးထုတ်လုပ်စေခြင်းဖြင့် ဈေးကွက်အသစ်များ ရှာဖွေဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုဈေးကွက်သစ်များ ရှာဖွေရာမှာလည်း အာဖရိကနိုင်ငံများရဲ့ ပဲထုတ်လုပ်မှုတိုး တက်လာပြီး ဈေးနှုန်းသက်သာစွာ ရောင်းချလာနိုင်တဲ့ အချက်ဟာလည်း မြန်မာနိုင်ငံအနေနဲ့ ယှဉ်ပြိုင် ထုတ်လုပ်နိုင်ဖို့ ထည့်သွင်းစဉ်းစားရမယ့်အချက် ဖြစ်လာပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စားသုံးမှု ပုံစံပြောင်း လဲလာမှုနဲ့ အစားအစာအာဟာရ ထုတ်လုပ်မှုပုံစံ တိုးတက်လာမှုများကြောင့် တရုတ်နိုင်ငံအနေဖြင့် ပဲတင်သွင်းမှု တိုးတက်လာနိုင်တဲ့အလားအလာ ရှိတဲ့အတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံရဲ့လိုအပ်ချက်အပေါ်မူတည်၍ ပဲဈေးကွက်ပြောင်းလဲတင်ပို့နိုင်ဖို့ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံဟာ အရည်အသွေးစစ်ဆေးမှုကို AQSIQ စည်းမျဉ်းများနဲ့ တင်းကျပ်ထားတဲ့အတွက် ပဲထုတ်လုပ်မှုကို အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရေး အထူးသဖြင့် ပိုးသတ်ဆေးအကြွင်းအကျန်များ မရှိစေရေးကို အဓိကထားဆောင်ရွက်ဖို့ လိုအပ်လှပါတယ်။အခြားပဲတင်ပို့တဲ့ အာဖရိကနိုင်ငံများရဲ့ ပဲစိုက်ပျိုးမှုအခြေအနေကို လေ့လာရာမှာအစိုးရက တောင်သူလယ်သမားများအား ပဲစိုက်ပျိုးမှုကို တွန်းအားပေးဆောင်ရွက်လျက်ရှိပြီး လိုအပ်သော အထောက်အပံ့များကို ပေးအပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ဒါပေမယ့် ၎င်းတို့အစိုးရအနေနဲ့ ရေရှည် အထောက်အပံ့ပေးခြင်းများ မပြုလုပ် နိုင်တော့ပါက ဆက်လက်စိုက်ပျိုးဖို့ အခက်အခဲရှိ လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် အထွက်နှုန်းတိုး၊ ရာသီဥတုနှင့် ပိုးမွှားဒဏ်ခံနိုင်စွမ်းရှိပြီး အာဟာရ ဓာတ် ပိုမိုကြွယ်ဝတဲ့ သီးနှံမျိုးစိတ်အသစ်များ စမ်း သပ်သုတေသနပြုရာမှာ ဒေသတွင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒါ့အပြင် မျိုးကောင်းမျိုးသန့်၊ ပိုးမွှားကင်းစင် ခြင်း၊ အရည်အသွေး ထိန်းသိမ်းခြင်းတို့ကို ဂရု စိုက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ယခင်က အဆိုပါအချက်များကို ဂရုစိုက် ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် အိန္ဒိယဈေးကွက်တစ်ခုထဲ ကိုသာ ကာလရှည်ကြာစွာ မှီခိုအား ထားခဲ့ပြီး အခြားတင်ပို့ရောင်းချနိုင်သော ဈေး ကွက်အသစ်များ တိုးချဲ့ရှာဖွေခြင်းမပြုခဲ့သဖြင့် အိန္ဒိယဈေးကွက်တစ်ခုထဲကို မှီခိုနေခြင်းအစား အခြားပဲစားသုံးသည့် ဈေးကွက်အသစ်များဖြစ် သည့် နီပေါ၊ ပါကစ္စတန်၊ အရှေ့အလယ်ပိုင်းနိုင်ငံ များသို့လည်း ဈေးကွက်ချဲ့ထွင်ရေး ကို အလေးပေး ဆောင်ရွက်ဖို့လိုပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ် သမားများအား အထွက်နှုန်းမြင့် မျိုးကောင်းမျိုးသန့် များ၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ဖြန့် ဝေပေးခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာများပံ့ပိုးပေးခြင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲတတ်စေရေးနဲ့ စနစ်တကျသိုလှောင် သိမ်းဆည်းရေး အသိပညာ မျှဝေပေးခြင်းတို့ကို ကူညီပံ့ပိုးပေးသင့်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေဖြင့် မတ်ပဲ၊ ပဲစင်းငုံတို့အစား အခြားသီးနှံ များဖြစ်သည့် မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ အစေ့ထုတ်ပြောင်းတို့ကို ပြောင်းလဲစိုက်ပျိုးနိုင်သဖြင့် သီးနှံပြောင်း လဲစိုက်ပျိုးရေးအတွက် တောင်သူလယ်သမားများအား အသိပညာ ဖြန့်ဝေပေးခြင်း၊ အရည်အသွေးမြင့် သီးနှံမျိုးထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေး သင့်သလို ထွက်ရှိလာတဲ့ သီးနှံများအား ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ရေးအတွက် ဈေးကွက်ရှာဖွေ ပေးသင့်ပါတယ်။ ထွက်ရှိလာတဲ့ လယ်ယာထွက်ကုန်ပစ္စည်း များအား ကုန်ကြမ်းအတိုင်း တိုက်ရိုက်တင်ပို့ခြင်း ထက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင် ရေး အစိုးရနဲ့ပုဂ္ဂလိကကဏ္ဍတို့ ပေါင်းစပ်ဆောင် ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်ဝင်သီးနှံ များ ပြောင်းလဲ စိုက်ပျိုးရန်အတွက် နှစ်တို၊ နှစ် လတ်၊ နှစ်ရှည်စီမံချက်များ ချမှတ်ဆောင်ရွက်ရန်လိုပြီး တောင်သူနဲ့ကုမ္ပဏီ အကျိုးတူ ပူးပေါင်း ဆောင် ရွက်မှု (Contract Farming) စနစ် ပီပြင် အောင်မြင်စေရေးအတွက် အစိုးရဌာနဆိုင်ရာများ၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရန်၊ ပြောင်းလဲစိုက်ပျိုးမယ့် သီးနှံများနဲ့ ပတ်သက်ပြီး တောင်သူများအား အသိပညာပေး ရှင်းလင်းဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
ကေခိုင်ကျော်