ပဲစင်းငုံက ပြောတယ် . . . . . ကျွန်တော်တာဝန်ကျေပါတယ်
သီးနှံစတင်ပေါ်ခဲ့သည်မှ ယနေ့အထိ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံတစ်တင်းအနိမ့်ဆုံး ကျပ် ၂၄၀၀၀၊ အမြင့်ဆုံး ကျပ် ၂၇၀၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာကို လေ့လာတွေ့ရှိ ရပါတယ်။ ယခင်နှစ်အလားတူကာလဖြစ် တဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ အနိမ့်ဆုံးတစ်တင်း ၄၆၉၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ကျပ် ၅၁၀၀၀၊ ဖေဖော်ဝါရီလမှာ အနိမ့်ဆုံးတစ်တင်း ၄၁၅၀၀ ကျပ်၊ အမြင့်ဆုံးတစ်တင်း ကျပ် ၄၆၀၀၀ ဈေး တွေဆိုတော့ ယခုနှစ်အနေနဲ့ ယှ ဉ်ကြည့်ရင် တော်တော်ကွာဟနေတာကို တွေ့ရပါတယ်။ ပဲစင်းငုံသီးနှံအကြောင်းကို လေ့လာကြည့်ရင် ယခင်လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေထွက် ကုန်သွယ်ရေးကော်ပိုရေးရှင်းမှာ တာဝန်ထမ်း ဆောင်ခဲ့စဉ်က ကိုယ့်ဌာနက ဝယ်ယူခဲ့တဲ့ပစ္စည်း နိုင်ငံခြားကိုရောင်းချရင်လည်း အိန္ဒိယနိုင်ငံတစ် နိုင်ငံတည်းကိုသာ ဦးတည်ရောင်းချခဲ့ရတာမျိုးပါ။ (သူ့နိုင်ငံရောက်မှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ပြု ပြင်ပြီး၊ အခြားနိုင်ငံတွေကို ဆက်ပို့တာမျိုးရှိနိုင်ပါတယ်) ဆိုလို တာက အခြားသီးနံှတွေကို နိုင်ငံအတော်တော်များများက ဝယ်ခဲ့ပေမယ့် ပဲစင်းငုံသီးနှံကတော့ အိန္ဒိယတစ်နိုင်ငံထဲကို တင်ပို့ရတာကို ပြောချင်တာပါ။ နိုင်ငံတစ်နိုင်ငံတည်းကိုသာ ဦးတည်ရောင်းချရတဲ့ ပဲစင်းငုံသူ့နိုင်ငံက စားသုံး တဲ့ လူဦးရေများပြားမှု၊ သူ့နိုင်ငံရဲ့ရာသီအပေါ်မှာ ပျက်စီးမှု၊ အထွက်နည်းမှုဆိုတာတွေကြောင့် ဈေးကောင်းရခဲ့၊ အကျိုးအမြတ်ကောင်းကောင်းရခဲ့ဖူးလေတော့ --နောက်ထပ်ရလေ-- မြတ်လေ-- အကျိုးရှိလေဦးမလားဆိုပြီး ကိုင်ချင်၊ ဆွဲချင်၊ လှောင်ချင်ကြတယ်။ ယခင်နှစ်က အမြင့်ဆုံးအဖြစ် တစ်တင်း ကျပ် ၅၄၀၀၀ လောက်အထိ ဆွဲကိုင် လှောင်ခဲ့တဲ့ လူတွေ အထိနာခဲ့တာလည်း လော လောလတ်လတ်ပါ။ ယခုအနေအထားကတော့ သိပ် မထိရဲ၊ မတို့ရဲဘဲ ေ ရာင်းဝယ်နေကြတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။
တစ်ခါ 'ထုတ်ကုန်လုံခြုံစိတ်ချရမှု ဈေးကွက်စောင့်ကြည့်မှုနှင့် စားသုံးသူအကာအကွယ်ပေးရေး' ဟောပြောပွဲတွေ နယ်မှာထွက်ရင် ကျောင်းတွေမှာ ကျောင်းသားတွေချည်းပဲ ပြောရတဲ့ အခါရှိသလို မူလတန်းကျောင်းတွေမှာ ဆိုရင် မိဘတွေပါရောပေါင်းပြီး ဟောပြောတဲ့အခါ စိုက်ရေးပျိုးရေးထွက်ရှိမှု အကျိုးအမြတ်စတာတွေ မေး မြန်းကြတော့-- လာပြီ ဇာတ်လိုက်ကျော် ပဲစင်းငုံ - ဆရာကျွန်တော်တို့တစ်တွေ ပဲစင်းငုံဈေးကောင်း မရဘူး၊ သိပ်မကိုက် ဘူးပြောကြတယ်၊ ညည်းကြတယ်။ ဟောပြောပွဲအပြီး လူကြီးတွေနဲ့ သီးသန့်စကားဝိုင်းဖွဲ့ပြောကြတဲ့အခါ "ခင်ဗျားတို့ပြောတဲ့ ပဲစင်းငုံမကိုက်ဘူးဆိုတာ ဘာကိုပြောတာလဲ ကျွန်တော်ကိုရှင်းပြကြပါဗျာ" ဆိုတော့ "ဒီလိုပါ ဆရာ၊ မနှစ်က ပဲစင်းငုံတစ်တင်းကျပ် ၄၀၀၀၀ ကျော်၊ ကျပ် ၅၀၀၀၀ ကျော်ရတယ်ဗျ၊ ဒါပေမဲ့ ဒီနှစ်ကျတော့ တစ်တင်းကျပ် ၂၅၀၀၀၊ ကျပ် ၂၆၀၀၀ လောက်ပဲရတာဆိုတော့ ယခင်နှစ်ရဲ့ ထက်ဝက်ဈေးလောက်ဖြစ်နေလို့ ဘယ်ကိုက်မလဲ ဆရာ" "ဒါဖြင့် ကျွန်တော့်နဲ့ဒီကတောင်သူတွေနဲ့ ဆွေးနွေးကြည့်ရအောင်" "လုပ်ပါဆရာ ပြောပါ" "ကျွန်တော်မေးမယ် ပဲစင်းငုံသီးနှံဟာ သီးညှပ်သီးနှံလား၊ သီးထပ်သီးနှံလား" "သီးညှပ်သီးနှံပါ" "ဒါဆိုရင် သူ့အတွက် တစ်ဧက စိုက်ပျိုးသည်မှ ထွက်ရှိသည်အထိ ဘယ်လောက် ကုန်ကျသလဲ ဥပမာ- ပဲစင်းငုံတစ်တင်းကို ဘယ်လောက်ကုန် သလဲ" ဆိုတော့ ဟို- ဟာ-ဒီလို- ဟိုလိုတွေဖြစ်ကုန်ပါတယ်။
ကျွန်တော်တို့တောင်သူတွေရဲ့ အဓိက အားနည်းချက်က တစ်ဧကတစ်တင်း ဘယ် လောက်ကုန်တယ်ဆိုတာ သေသေချာချာ သတ် သတ်မှတ်မှတ် တွက်ချက်မှုမရှိလေတော့ "ဘယ်ဟာတော့ မပြောတတ်တော့ဘူးဆရာ" "ကဲ-- ကျွန်တော်ပြောပြမယ် ထယ်ထိုးတယ်၊ ထွန်တယ်၊ ကြောင်းဆွဲတယ်၊ ပဲစင်းငုံအတွက်သီးသန့်လုပ် ဆောင်ရသလား ဒါမှမဟုတ် အခြားသီးနှံဖြစ်တဲ့ မြေပဲ၊ ပဲတီစိမ်း၊ နှမ်းတွေအတွက် ထယ်ထိုး၊ ထွန်၊ ကြောင်းဆွဲတာ လား ဆိုတော့" စဉ်းစားကြတယ်။ "ဟုတ်တယ် ဆရာပြောသလို ထွန်၊ ထယ်၊ ကြောင်း ဆွဲတာ ပဲစင်းငုံအတွက် မပါတော့ဘူး" မျိုးဖိုး ဘယ်လောက်ကျသလဲ" တစ်ဧကကို ပင်ကြား တန်းကြားအရ မတူတော့ မတူကြပါဘူး။ တကယ် သုံး ရင် မျိုးလေးပြည်၊ ခြောက်ပြည်၊ ရှစ်ပြည် အများဆုံးပါပဲဗျာ" "ပဲစင်းငုံအတွက်ထူးပြီးတော့ ပေါင်းလိုက်ခ၊ မြက်နုတ်ခ ကုန်သလား" "ဒါလည်း ထူးမကုန်ပါဘူးဆရာ တန်းကြားထွန်ထယ် လေးသွား၊ ခြောက်သွားဆိုတော့ မကုန်ပါ ဘူး ဆရာ" "ဒါဖြင့် ပဲစင်းငုံ အတွက် သွင်းအားစုဖြစ်တဲ့ မြေဆီ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအတွက် ဘယ်လောက်ကုန်သလဲ" "အဲ ခုနကဆရာကိုပြောသလို ပဲစင်းငုံအတွက် ထူးပြီး မြေဆီမထည့်ရသလို ပိုးသတ်ဆေး၊ ပေါ င်းသတ်ဆေးလည်း ပိုမသုံးရပါဘူးဆရာရယ်၊ ချုပ်ပြောရရင် သူ့အတွက် ထူးကုန်တာဆိုလို့ မျိုးစေ့လေးပြည်၊ ခြောက်ပြည်၊ ရှစ်ပြည်ဖိုးပဲ ကုန်တာပါဗျာ" "ဒါဆိုရင် ပဲစင်းငုံ တစ်တင်းကျပ် ၂၅၀၀၀ ကျော် ရတာကို မကိုက်ရ တာလ ည်း ပြောကြပါဦး" "အင်း ဒီလိုဆိုတော့လည်း ဆရာရှင်းပြတော့ ရိုးပြတ်တော အလယ်ခေါင် နွားအုပ်ဝင်လာသလို ရှင်းနေတာပဲကို" "လယ်ပြင်မှာ ဆင်သွားသလို လုပ်စမ်းပါဗျာ" "ကျုပ်တို့အညာ သားတွေ ဆင်ဆိုတာ တိရစ္ဆာန် ရုံ ရောက်မှ ဘုရားပွဲ မှာဆပ်ကပ်လာမှ ကြည့်ရတာ ဆိုတော့ ကိုယ့် ဒေသရိုးပြတ်တောထဲ နွားအုပ်ဝင် စားတာကို ဥပမာပေးတာပဲဗျာဟု" ပြောပြီး ဝါးကနဲ ဝိုင်း ရယ်ကြပါတော့တယ်။ ရင်းရင်းနှီးနှီး ပျော်ပျော် ရွှင်ရွှင်နဲ့ပေါ့ဗျာ" ဒါ့ပြင် ထပ်မေးပါဦးမယ်" အဲဒီပဲစင်းငုံကို ကျွန်တော်တို့လူမျိုးတွေ ဘယ်လို စားသလ" "ဟုတ်သား မေးမှပြောရဦးမယ် ဗမာ တွေ ပဲစင်းငုံကိုမစားကြပါဘူး၊ မစားတတ်ဘူး ဆိုတာ ပိုမှန်မယ်ထင်တယ်။ ကျုပ်တို့သိသလောက် ကိုယ်ရောင်း တဲ့သူတွေ စားတာတွေ့ဖူးတယ်။ မြင်းကိုကျွေးတာတွေ့ဖူးတယ်" "ကောင်းရော" "တကယ်တော့ ပဲစင်းငုံဟာ အိန္ဒိယလူမျိုး တွေစားကြတာ စားတတ်တာမျိုး၊ ကိုယ့်ပြည်တွင်း မှာ စိုက်ပျိုးထွက်ရှိတဲ့သီးနှံ ကိုယ့်လူမျိုးမစားတတ်၊ စားလေ့မရှိတဲ့သီးနှံ ဒီလောက်တန်ဖိုးသင့် ရောင်း ရရင် ကျေးဇူးတင်ဖို့မေ ကာင်းဘူးလား" "ဟုတ်တော့ ဟုတ်ပါတယ် ဆရာရယ်- ဒါပေမဲ့ မနှစ်က ဈေး ကောင်းရခဲ့လေတော့ ဒီနှစ်ဈေးကောင်းစေချင်၊ ပိုမြတ်ချင်တာပေါ့ဗျာ လူ့အ ကျင့်ကိုဗျ" အဲဒီမှာ ဈေးကွက်ရဲ့အကြောင်းကို ပြောရပါတယ်။ ကုန်ပစ္စည်း တစ်ခုရဲ့ စိုက်ပျိုးထုတ်လုပ်ထွက်ရှိမှု၊ ဝယ်ယူစားသုံးသူရဲ့အင်အား၊ အထွက်များသလို စားသုံးသူများရဲ့လား၊ စားသုံးသူများပေမယ့် ရာသီဥတု ဖျက်ဆီးလို့ သီးနှံအထွက်လျော့အား ပျက်စီးစေတာ စတာတွေကို ရှင်းပြရပါတယ်။ ဥပမာ ဒီနှစ်မိုးကြက်သွန်(ဥစိုက်) ရေစကြိုမှာ မိုးများလို့ ပျက်စီးတယ်။ ဆိပ်ဖြူနဲ့ပေါက်မှာ ထွန်ယက် မရလို့အထွက်နည်းခဲ့တယ်။ ပြည်တွင်းမှာဆို တစ်ပိဿာ ကျပ် ၁၅၀၀၊ ကျပ် ၂၀၀၀ ကျော်နေတာ။ ဒါကိုကြည့်ပါ။ ဒါကပြည်တွင်းမှာ ပင်ဖြစ်တယ်။ နိုင်ငံခြားကို တင်ပို့ရောင်းချတဲ့သီးနှံ၊ သူ့နိုင်ငံထွက် ရှိမှု စားသုံးမှုဝယ်လိုအားစတာတွေကို ရှင်းပြရ တယ်။
တစ်ဆက်တည်းမြေဆီ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဆိုတဲ့ သွင်းအားစုကို အသုံးပြုရင် မသိနားမလည်တာကို တတ်သိနားလည်တဲ့သူတွေဆီမှာ (ဥပမာ- စိုက်ပျိုးရေး) လေ့လာမေးမြန်း အသုံးပြုကြဖို့၊ ဆေးသုံးများတဲ့ သီးနံှတွေကို နိုင်ငံခြားတိုင်းပြည်တွေက လက်မခံကြကြောင်း ထပ် ရှင်းပြခဲ့ပါတယ်။ ကိုယ်လည်းမောတယ်၊ သူတို့ လည်းသဘောပေါက်ကြပါတယ်။ ဝမ်းလည်းသာတယ်ဆရာ ဒါတွေကို ကျွန်တော်တို့မသိပါဘူး။ အခုလိုရှင်းပြ လို့ ကျေးဇူးတင်ပါတယ်။ စားသုံးသူအကာအကွယ်ပေးရေး တွေကိုလည်း တစ်နှစ်သုံးကြိမ်လောက်လာပြီး ဟောပြောစေချင်တယ်လို့ တောင်းဆိုကြပါတယ်။ ဟောပြောပွဲပြီးတော့ ပြန်ကြပါတယ်။ လမ်းဘေး ဝဲယာမှာ နောက်ကျ စိုက်တဲ့ သက်ကြီးမျိုးကိုစိုက်တဲ့ ပဲစင်းငုံခင်းတွေကို တွေ့နေရတုန်းပါ။ ပဲစင်းငုံခင်းတွေ နားဖြတ်နေတုန်းမှာ ပဲစင်းငုံခင်းက ပဲစင်းငုံသီးနှံတွေက ကိုယ့်ကိုကျွန်တော်ကတော့ တောင်သူကိုလည်း အကျိုးပြုပါတယ်။ ရောင်းဝယ်ဖောက် ကားတဲ့ ကုန်သည်တွေကိုလည်း အကျိုးပြုပါတယ်။ နိုင်ငံတော်ဘဏ္ဍာကိုရှာတဲ့ နေရာမှာ၊ တစ်ဖက်တစ် လမ်းက ထမ်းဆောင်နေပါတယ်လို့ လေယူရာယိမ်း ရင်း ယိမ်းနွဲ့နေရာက ကျွန်တော်တို့အဖွဲ့ကို ပြော နေသယောင် ခံစားနေ ရတယ်။ ပဲစင်းငုံက ဘာ ပြောသလဲဆိုတော "ကျွန်တော် တာဝန်ကျေ ပါတယ်" တဲ့။
မြင့်ဦး (ပခုက္ကူ)