မြေသြဇာ ဆက်တိုက်အဝင်လျော့

        ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ  ၄ရက်အထိ သီတင်းပတ်အတွင်း ကန် ဒေါ်လာ ၈၄၅၄၂၄တန်ဖိုးရှိမြေသြဇာ ၃၁၆၀ဒသမ ၆၈၉တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။  ဒီတစ်ပတ် ကနေဒါနိုင်ငံမှ တန်ချိန်၅၀၀၊ တရုတ်နိုင်ငံမှ ၆၁၉ ဒသမ ၄၈၉တန်၊ အိန္ဒိယနိုင်ငံမှ ၇ ဒသမ ၅၀တန်၊ အီရန်နိုင်ငံမှ ၁၀၄ တန်၊ ဂျပန်နိုင်ငံမှ ၅၄ တန်နဲ့ ထိုင်းနိုင်ငံမှ ၁၈၇၅ ဒသမ၇၀တန် တင်သွင်း ခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ  ပိုတက်၊ အမိုးနီးယားဆာလဖိတ်၊ သြဂဲနစ်၊ နိုက်တြိုဂျင်၊ ဓာတ်ဆား၊ အာမိုနဲ့ ကွန်ပေါင်းတို့ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၇၁၃၀ကျော်နဲ့ နှိုင်းယှဉ်ရင်တန်ချိန် ၃၉၇၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။

 

သီတာဝင်း (DOT)