ဒီတစ်ပတ်ဘိလပ်မြေအဝင်ပို

  ဇန်နဝါရီ ၁၅ ရက်မှ ၂၁ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၄၁၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၅၀၀၄ ဒသမ ၇၅တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဗီယက်နမ်နိုင်ငံမှ ၄ဒသမ ၇၅ တန်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀၀၀ နဲ့ထိုင်းနိုင်ငံမှ စိန်တံဆိပ် ဘိလပ်မြေ တန်ချိန် ၇၀၀၀  တင်သွင်းခဲ့တယ်လို့ သိရပါတယ်။   ယခင်သီတင်းပတ်   တင်သွင်းတန်ချိန် ၈၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆၇၀၀ေ ကျာ် တင်သွင်းမှုပိုခဲ့ တယ်လို့ သိရပါတယ်။

 

သီတာဝင်း(DOT)