မြန်မာ့ဆန်စပါးဈေးကွက် အရွေ့
အတိတ်ကို ပြန်သုံးသပ်ခြင်း
မြန်မာ့ဆန်စပါး ဈေးကွက်ကို ပြန်လည်လေ့လာ သုံးသပ် ကြည့်ပါက ၂၀၀၃ ခုနှစ်အထိ ပုဂ္ဂလိကလုပ်ငန်းရှင်များမှာ ပြည်တွင်း ဈေးကွက်ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်ပတင်ပို့မှုကို နိုင်ငံပိုင် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး (MAPT) တစ်ဦးတည်းကသာ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၃ နှစ် ကုန်ပိုင်းတွင် နိုင်ငံတော်က ဆန်စပါး မူဝါဒချမှတ်ပြီးနောက်ပိုင်းတွင် တပ်မတော် အစိုးရက ရွေးချယ်ထားသည့် ကုမ္ပဏီ များ (Selected Companies) နှင့် ရေနက်ကွင်းလုပ်ငန်းပြ ကုမ္ပဏီများက ၂၀၀၈ခုနှစ် မတိုင်မီကာလအထိ ပြည်ပဈေးကွက်သို့ တင်ပို့ခွင့်ရရှိခဲ့ကြပါသည်။ ၂၀၀၈ မှ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ခွဲတမ်းစနစ်ဖြင့် အခြား လုပ်ငန်း ရှင်များပါ လုပ်ပိုင်ခွင့်ရခဲ့ပြီး၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ဒေသ လမ်းကြောင်းများမှ လွတ်လပ်စွာ တင်ပို့နိုင်ရန် ပို့ကုန်လိုင်စင် လျှောက်ထားခွင့် ရရှိခဲ့ပါသည်။ ၂၀၀၃ - ၂၀၀၈ ခုနှစ်အတွင်း ပြည်ပ တင်ပို့မှုကို အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ အာဆီယံနှင့် အာဖရိက ဈေးကွက်သို့ အဓိကထားတင်ပို့ခဲ့ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ရုရှားနှင့် အရှေ့ အလယ်ပိုင်း ဈေးကွက်များသို့ ထပ်မံတိုးချဲ့ တင်ပို့ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဥရောပသမဂ္ဂ (အီးယူ)က စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်း ခဲ့ပြီးနောက်ပိုင်း ဥရောပဈေးကွက်သို့ပါ ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြပါသည်။
ဈေးကွက်ပါရာဒိုင်းအရွေ့
၂၀၁၁ ခုနှစ် တွင် တပ်မတော်အစိုးရက ဦးသိန်းစိန် အစိုးရလက်ဝယ်သို့ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးပြီးနောက် ယခင်တပ်မတော်အစိုးရ လက်ထက်က ကုန်သွယ်မှုကို ထိန်းချုပ်ကိုင်တွယ်နေသည့် ကုန်သွယ်မှုေ ကာင်စီ (Trade Council) ကို ဖျက်သိမ်းခဲ့ သည်။ ဆန်စပါး ပြည်ပတင်ပို့မှုကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုခဲ့ပြီး အထူးသဖြင့် နယ်စပ်ကုန်သွယ်မှု မျက်နှာစာကို စတင်ဖွင့်လှစ်ခဲ့သည်။ ထိုအချိန် မှစ၍ ဆန်စပါး ပြည်ပဈေးကွက် ၏ အပြောင်းအလဲ စတင်ခဲ့ပါသည်။ ဥရောပ ဈေးကွက်မှ လည်း ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု (Sanction) ကို ၂၀၁၂ သြဂုတ်လအတွင်း ရုပ်သိမ်း ပေးခဲ့ပြီး GSP အခွင့်အရေးကိုလည်း ပြန်လည်ပေးအပ်ခဲ့သဖြင့် အီးယူေ ဈးကွက်သစ်တစ်ခု ထပ်မံရရှိခဲ့ပါသည်။
၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ ကမ္ဘာ့ဆန်ဈေးကွက် အခြေ အနေ ကမ္ဘာ့ဆန်ထုတ်လုပ်မှု၊ စားသုံးမှုနှင့် အရန်ရိက္ခာထားရှိမှုကို USDA ၏ ကိန်းဂဏန်း များအရ သုံးသပ်ကြည့်လျှင် အောက်ပါဇယားများတွင် ဖော်ပြထားသည့် ကိန်းဂဏန်းများ ကိုကြည့်လျှင် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းသည် တည်ငြိမ်မှု ရှိနေပြီး ထုတ်လုပ်မှု၊ စားသုံးမှုနှင့် လက်ကျန် (အရန်) ပမာဏသည် တည်ငြိမ်နေသည်ကို တွေ့ရပါသည်။ တရုတ်ဈေးကွက် ဆန်စုဆောင်း ချိန်နှ င့် မြန်မာဈေးကွက် အသစ် (သို့) နယ်စပ်တင်ပို့မှုကို ၂၀၁၁ နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် လယ်ယာစွန့်ခွာမှုတို့ကို တရုတ်အစိုးရက ကိုင်တွယ် ဆောင်ရွက်ရာတွင် စပါးအခြေခံဈေးနှုန်း သတ် မှတ်ဝယ်ယူခြင်း၊ ဆန်စပါး အဓိကစိုက်ပျိုးသည့် ပြည်နယ်များတွင် MSP (Minimum Support Price) Program ကို ၂၀၀၈ ခုနှစ်မှ စတင် ဆောင်ရွက်ပေးခဲ့ပြီး အရန်ဆန်ပမာဏကို တိုးမြှင့်ဝယ်ယူခဲ့ပါသည်။ ၂၀၁၆ ခုနှစ် သြ ဂုတ်အထိ ကိန်းဂဏန်းများအရ အရန်ဆန်ပမာဏ တန်ချိန် ၁၁၃ဒသမ ၇၆၆ သန်းတွင် တရုတ်နိုင်ငံ၌ တန်ချိန် ၆၉ဒသမ ၉၀၆သန်းရှိခဲ့ရာ ကမ္ဘာ့လက်ကျန် စုစုပေါင်းပမာဏ၏ ၆၁ဒသမ ၁၈ ရာခိုင်နှုန်း ရောက်ရှိနေသည်ကို တွေ့ရ ပါသည်။ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး နေထိုင်သော တရုတ်နိုင်ငံ အနေဖြင့် ၂၀၀၈ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဆန်ဈေး ရုတ်တရက် မြင့်တက်မှုနှင့် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကမ္ဘာ့ဆန် ထွက်ရှိမှု ကျဆင်းနိုင်သည်ဟူေ သာ ကြိုတင်ခန့်မှန်းချက်များအရ အရန်ရိက္ခာ ပမာဏကို တန်ချိန် ၄၉ဒသမ ၈၃၂ သန်းမှ ၆၉ဒသမ ၉၀၆ သန်းအထိ တိုးမြှင့်ခဲ့ပြီး ၂၀၁၂ မှ ၂၀၁၆ (သြဂုတ်) ခန့်မှန်းကာလအတွင်း ဆန်တန်ချိန် ၁၉ သန်းကျော်တိုးမြှင့် သိုလှောင် ခဲ့ပါသည်။ ထို့ကြောင့်တရုတ်နိုင်ငံအနေဖြင့် အရန်ဆန်ပမာဏအမြောက်အများကို သိုလှောင်ထားရသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်ပေါ်လာပြီးနောက်ပိုင်း ယခင်နယ်စပ်ဒေသများမှ ဝင်ရောက်မှုကိုမျက်စိပိတ်၊ နားပိတ်နေခဲ့ရာမှ ၂၀၁၆ နှ စ်လယ်ပိုင်းမှစ၍ တင်းကျပ်မှုများကို စတင်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့ ဝယ်ယူထားသော အရန်ဆန်ပမာဏအား ဆုံးရှုံးမှုနည်းအောင်၊ ၎င်းတို့ပြည်တွင်း၌ ရောင်းချနိုင်အောင် ဆောင်ရွက်လာပါသည်။
ကမ္ဘာ့ ဆန်ဈေးကွက်ကို မျက်ခြည်ပြတ်နေသော မြန်မာ့ဆန်ဈေးကွက်
အထက်ဖော်ပြပါ ကိန်းဂဏန်းများအရ ကမ္ဘာ့ဆန်ဈေးကွက်သည် လွန်ခဲ့သည့်ငါးနှစ်ကာလအတွင်း အပြောင်းအလဲအနည်းငယ်မျှသာ တည်ရှိနေသော်လည်း မြန်မာ့ ဆန်ဈေးကွက်တွင်မူ တရုတ် နယ်စပ်ဝယ်လိုအား မြင့် တက်မှု၊ အီးယူမှ GSP အခွင့်ရေးရရှိမှုနှင့် ပြည်တွင်းရေကြီးမှု သဘာဝဘေးဒဏ်များကြောင့် နှစ်စဉ်အတက်ဘက်ကို ဦးတည်ခဲ့ပြီး ၂၀၁၅ သြဂုတ်အတွင်း စံချိန်တင် ဈေးမြင့်တက်မှုကို ကြုံခဲ့ရပါသည်။ ပင်လယ်ရေကြောင်းတင်ပို့မှု ကို ဆောင်ရွက်နေသော ပို့ကုန်လုပ်ငန်းရှင်များသည်လည်း တရုတ်နယ်စပ်၏ မခန့်မှန်းနိုင်သော ဝယ်လိုအားနှင့် ကမ္ဘာ့ဈေးကွက်သို့ ရောင်းချရန် ခက်ခဲသော ပြည် တွင်း ေ ဈးနှုန်း၊ ငွေလဲနှုန်း အတက်အကျများမှုတို့ကို ကြောက်ရွံ့ ပြီး ဈေးကွက်မှဘေးထွက်စောင့်ကြည့် အနေအထားသို့ရောက်ရှိခဲ့ပြီး ပင်လယ်ရေကြောင်းမှ တင်ပို့သည့်ပမာဏလည်း ကျဆင်းခဲ့ပါသည်။ ပြည်တွင်းဈေးကွက်တွင်လည်း မူမမှန်သောဈေးကွက် သဘောတရားအရ နှစ်စဉ်တိုးမြှင့် လာသော ဆန်စပါးဈေးနှုန်းများကို အခြေခံ၍ ဈေးနှုန်းအမြင့်ကို အကောင်းမြင်သည့် Up Trend ဈေးကွက်ကဲ့သို့သဘောထားကာ ယခင်နှစ်များကဲ့သို့ ဈေးမြင့်တက်ရန် မျှော်လင့်စောင့်စားခဲ့တာကြောင့် အဓိကတင်ပို့သည့် နယ် စပ်ထွက်ပေါက်တွင် တားမြစ်မှုများ၊ တင်းကျပ်မှုများ နှင့်အတူ သိုလှောင် စောင့်ဆိုင်းသူများ အမြတ်မထွက်သော ယနေ့အချိန်သို့ ရောက်ရှိခဲ့ကြပါသည်။
ကောက်ပဲသီးနှံတို့၏ ဈေးကွက်သဘောတရား
စပါး၊ ဂျုံ၊ ပြောင်း၊ ကြံ၊ ပဲပုပ်စသည့် ကမ္ဘာ့အဓိက ကောက်ပဲ သီးနှံများသည် ရာသီသီးနှံများဖြစ်ကြပြီး ဈေးကွက်သဘောတရားအရ အထွက်နှုန်း မြင့်တတ်ပြီး လက်ကျန်ပမာဏ များပါက ထွက်ရှိရာသီတွင် ဈေးနှုန်းကျဆင်း တတ်ပါသည်။ ဈေးနှုန်းကျဆင်းပါက ထုတ်လုပ်သူများ တွက်ချေမကိုက် စိုက်ပျိုးမှု နည်းပြီး နောက်တစ်ရာသီအတွက် အထွက်နှုန်းကျဆင်းကာ ဈေးနှုန်းပြန်လည် မြင့်တတ်လာနိုင်ေ ပသည်။ မြန်မာနိုင်ငံတွင် ကြိတ်ခွဲပြီးဆန် ထွက်ရှိ မှုမှ ဆန်တန်ချိန် ၁၂သန်းခန့်သာရှိပြီး ပြည်ပတင်ပို့မှု ခန့်မှန်း ၁ဒသမ ၅ သန်းခန့်သာရှိသဖြင့် ထွက်ရှိမှုပမာဏ၏ ၁၂ဒသမ ၅ ရာခိုင်နှုန်းသာ ပြည်ပဈေးကွက်သို့ ရောက်ရှိပါသည်။ ဆိုလိုသည်မှာ ပြည်တွင်းစားသုံးသူဈေးကွက် သ ည် အကြီးမားဆုံး ဈေးကွက်ဖြစ်နေပြီး ထုတ်လုပ်သူများမှ ထွက်ရှိစပါးပမာဏ၏ ၁၅ ရာခိုင်နှုန်းမျှကို ဝိုင်းဝန်းထိန်းသိမ်းထားရုံဖြင့် ဈေးကွက်ကို ဖော်ဆောင်နိုင်သော အနေအထား ဖြစ်ပါသည်။ ဈေးကွက် သဘောတရားနှင့် ဆန့် ကျင်၍ လူများရာ ဘက်သို့ ဘက်ပြောင်းသူများကြောင့် ဈေးကွက်ပြောင်းလဲမှုကိုပိုမို မြန်ဆန်နိုင်သည်ကိုသတိပြုရန် လိုအပ်ပါသည်။
ကမ္ဘာ့ဆန်ဈေးနှုန်းလားရာဘယ်လဲ
ပညာရှင်များက ကမ္ဘာ့ဆန်ဈေးကွက်ကို ခန့်မှန်းတွက်ချက်ရာ တွင် ဆန်အများဆုံး တင်ပို့သူ ငါး နိုင်ငံ (E5) နှင့် ဆန်အများဆုံး တင်သွင်းသူ ငါးနိုင်ငံ (I5) တို့၏ ကုန်သွယ်မှု ပမာဏနှင့် လက်ကျန် ပမာဏ တို့ကို အခြေခံ၍ ခန့်မှန်းကြပါသည်။ ၂၀၁၆ခုနှစ် အောက်တိုဘာလအတွင်း E5 နှင့် I5 တို့၏ ဆန်လက်ကျန် အခြေအနေမှာ(တရုတ်နိုင်ငံသည် ဆန်တင်ပို့သူဖြစ်သလို ဆန်တင်သွင်းသူလည်း ဖြစ်သဖြင့် E5 နှင့် I5 တွင် မထည့်သွင်းပါ) USDA စာရင်းအရ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ အောက်တိုဘာရှိ ဆန်လက်ကျန်ပမာဏမှာ တန်ချိန် သုညဒသမ ၈၄သန်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် ကာလတူလက်ကျန်ပမာဏမှာ တန်ချိန် သုည ဒသမ ၈၉သန်း ဖြစ်ပါသည်။ ကမ္ဘာ့အရန်ဆန် ပမာဏ၏ ၆၁ဒသမ ၁၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက သိုလှောင်ထားပြီး E5 လက်ဝယ် တွင် ၂၅ဒသမ ၄ရာခိုင်နှုန်း I5 လက်ဝယ်တွင် ၆ဒသမ ၆ရာခိုင်နှုန်းသာ လက်ဝယ် ရှိနေပါသည်။ E5 ၏ လက်ဝယ်ပမာဏသည် ၎င်းတို့ တင် ပို့ သော ၂၀၁၆ ခုနှစ် (ခန့်မှန်း) တင်ပို့ပမာဏ တန်ချိန် ၃၂ဒသမ ၅ သန်း အောက်နှင့် I5 ၏ လက်ကျန် ပမာဏသည် ၎င်းတို့တင်ပို့သော ၂၀၁၆ ခုနှစ် (ခန့်မှန်း) တင်သွင်းပမာဏ ခုနစ်သန်းနှင့် အနည်းငယ်သာ ပိုနေသည်ကို တွေ ရပါသသည်။ ဈေးကွက်သဘောတရားနှင့် လက်ရှိလက်ကျန် ပမာဏများအရ ဈေးကွက်ပြောင်းလဲမှု အနည်းငယ်သာရှိမည်ဟု ထင်မြင်မိပါသည်။ မြန်မာ့ဆန်စပါး ဈေးအနေနှင့် စပါးပေါ်ချိန်တွင် မြင့်တက်လာတတ်သော ငွေလဲနှုန်း သည် ဆန်စပါး ဈေးကွက်ကို မျက်နှာသာ ပေးသော အချက်တစ်ချက် ဖြစ်ပါသည်။
မြန်မာ့ဆန်လောကထွက်ပေါက်
USDA ကိန်းဂဏန်းများအရ မြန်မာနိုင်ငံထက် စိုက်ဧက ရှစ်ရာခိုင်နှုန်းသာ များသော ဗီယက်နမ်နိုင်ငံ ၏ ကြိတ်ခွဲပြီးဆန် ထွက်ရှိမှု ပမာဏသည် ၁ဒသမ ၉၅ဆ ထွက်ရှိပြီး စိုက်ဧကတူ ဖိလစ်ပိုင်နိုင်ငံ၏ ကြိတ်ခွဲပြီး ဆန် ထွက်ရှိမှု ပမာဏသည် ၁ဒသမ ၄ဆ ထွက်ရှိသည်ဟု စာရင်းများအရ မှတ်သားရပါသည်။ တစ်ဧကချင်း စိုက်ပျိုးစရိတ်၊ လုပ်အား၊ အချိန်၊ ရင်းနှီးမြှုပ်နှံမှု တူပါလျက် ထွက်နှုန်းကွာခြားရသည့် အကြောင်းရင်းမြစ်ကို အဖြေရှာရန် လိုပါ သည်။ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော စီးပွားရေးစနစ်အရ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်သော ဈေးကွက်စီးပွားရေးနှင့် စီးပွားရေး ပိတ်ဆို့မှု (Sanction) မရှိသော ဈေးကွက်တွင် ယှဉ်ပြိုင် ရောင်းချနိုင် သည်ဖြစ်၍ ကမ္ဘာ့ဆန် ဈေးကွက်တွင် သင့်တင့်သောဈေးဖြင့် ရောင်းချ နိုင်မည် ဖြစ်ပါသည်။ ဆန်စပါးမှ ဝင်ငွေတိုးရန် အခြားဆန်စပါး စိုက်ပျိုးသည့် နိုင်ငံ များကဲ့သို့ အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန်မှတစ်ပါး အခြား မရှိပါ။ စပါးအ ထွက်နှုန်းတိုးအောင် ဘယ်လို ဆောင်ရွက်ကြမှာလဲ ဆိုတာ . . . .။
Eagle