Re-export နဲ့ ဘယ်လိုကုန်သွယ်ကြမလဲ

ယခင်တစ်ပတ်မှအဆက်
Re-export   နဲ့ဘယ်လိုကုန်သွယ်ကြမလဲ

(၆)     Re-export လုပ်ငန်းစဉ်ပါ ပြန်လည်ထုပ်ပိုးဆောင်ရွက်မည်ဆိုပါက ပြုပြင်ဆောင်ရွက်မည့်  နေရာ၊ လိပ်စာအပြည့်အစုံ ဖော်ပြပေးရမည်။
(၇)    ပြည်တွင်း၌ ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းမပြုပါကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကုန်ဝယ်သူနိုင်ငံသို့ ပြန်လည် တင်ပို့နိုင်ခြင်းမရှိပါက မူလကုန်ရောင်းသူ(နိုင်ငံ) ထံသို့ ကုမ္ပဏီအစီအစဉ်ဖြင့်ပြန်လည်တင်ပို့မည်ဖြစ်ေ ကြာင်း ကတိ ဝန်ခံချက်ပါရှိရမည်။
(၈)     Re-export လုပ်ငန်းစဉ်တစ်ခုလုံးပြီးမြောက်ပါက တင်သွင်းတင်ပို့ခြင်းဆိုင်ရာ အထောက်အထားများအား ပြန်လည် တင်ပြမည်ဖြစ်ကြောင်း ဝန်ခံချက်။
(၉)    ပထမခွင့်ပြုလိုင်စင်ပါ တန်ချိန်၊ အရေအတွက်အားအမှန်တင်ပို့ ပြီးစီးကြောင်း အထောက်အထားများ တင်ပြစစ်ဆေးပြီးမှသာ နောက်တစ်ကြိမ် Re-export လိုင်စင်ကို ခွင့်ပြုပေးမည်ဖြစ်ပါ သည်။
(၁၀)   Re-export စနစ်ဖြင့် တင်သွင်းပြီး ပို့ကုန်ပြန်လည်တင်ပို့ တင်ပို့ ရာတွင် LC/TT စနစ်  ဖြင့် ဗဟိုဘဏ်မှသတ်မှတ်  ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ရမည်။
Re-export  စနစ်ဖြင့် ခွင့်ပြုရာတွင် မူလလိုင်စင်သက်တမ်းအား သုံးလခွင့်ပြုပြီး ပထမအကြိမ်သက်တမ်းတိုး တစ်လ၊ ဒုတိယ အကြိမ်သက်တမ်းတိုး တစ်လ၊ ခွင့်ပြုပါမည်။ (အစားအသောက် နှင့်ဆေးဝါးများအား သက်တမ်းတိုး ခွင့် မပြုပါ။) ခွင့်ပြုသက်တမ်း အတွင်း တင်သွင်းတင်ပို့ဆောင်ရွက်နိုင်ခြင်း မရှိသည့်ကုမ္ပဏီများကို လိုင်စင်သက်တမ်းတိုးခွင့်မပြုဘဲ သက်တမ်းကုန်လိုင်စင်အား ပြန်လည်အပ်နှံရမည်ဖြစ်သည်။

       သကြားကို Re-export စနစ်ဖြင့် တင်သွင်းတင်ပို့ရာမှာ တန်ချိန်ခွင့် ပြုချက်ကို သတ်မှတ်ထားရှိတဲ့အပြင် တင်ပို့တင်သွင်းရာမှာလည်း သတ်မှတ်ထားတဲ့ စည်းကမ်း ချက်များအတိုင်းလိုက်နာရမှာဖြစ်ပါ တယ်။ Re-export စနစ်နဲ့  သကြားတင်သွင်းမယ့်  ကုမ္ပဏီအနေနဲ့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်(ယခင်ပြီးခဲ့သည့်ဘဏ္ဍာနှစ်) ပို့ကုန် သွင်းကုန် ဆောင်ရွက်ထားရှိသည့် တန်ဖိုးကိုကြည့်၍ ခွင့်ပြုတန်ချိန်သတ်မှတ် ပေးသွားမှာဖြစ်ပါတယ်။
          ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်းက ကုန်သွယ်ခဲ့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ တစ်သိန်းအောက်ဖြစ်ပါက ပင်လယ်ရေကြောင်း မှ တန်ချိန် ၁၀၀၀၊ နယ်စပ်မှ တန်ချိန် ၅၀၀ တင်ပို့တင်သွင်း ခွင့်ပြုမည်ဖြစ်သည်။ ပြီးခဲ့ သည့်ဘဏ္ဍာနှစ်အတွင်းက ကုန်သွယ်ခဲ့သည့်ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်သိန်းအထက်ဖြစ်ပါက  ပင်လယ်ရေ ကြောင်းမှ တန်ချိန် ၂၀၀၀၊ နယ်စပ်မှ တန်ချိန် ၁၀၀၀ တင်သွင်းခွင့်ပြု မှာ ဖြစ်ပါတယ်။
        သို့သော်  Re-export စနစ်ဖြင့် သကြားတင်ပို့တင်သွင်းမည့် ကုမ္ပဏီသည် ကုမ္ပဏီအသစ်ဖြစ်ပါက ယခင်ဘဏ္ဍာ နှစ်အတွင်းက ကုန်သွယ်မှုဆောင်ရွက် ထားခြင်း မရှိသော်လည်း အဆိုပါကုမ္ပဏီတွင် ပါဝင်သည့် ဒါရိုက် တာတစ်ဦးဦး သည် အခြားကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာအဖြစ်ပါဝင်နေပါကအဆိုပါကုမ္ပဏီ မှ ပို့ကုန်သွင်း ကုန် ဆောင်ရွက်ထားရှိသည့် တန်ဖိုးအပေါ်တွင် အထက်ပါအတိုင်း တန်ချိန် သတ်မှတ်ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ ထို့ပြင် ပို့ကုန်သွင်းကုန်လုပ်ငန်း လုံးဝဆောင်ရွက်ထားခြင်း မရှိသေးသည့် ကုမ္ပဏီအသစ်များအတွက်ကိုမူ ပင် လယ်ရေကြောင်းမှ တင်သွင်းပါက တန်ချိန် ၃၀၀ နှင့် နယ်စပ်မှတင်သွင်း ပါက တန်ချိန် ၁၀၀ စမ်းသပ် ခွင့်ပြုပေးမည်ြ ဖစ်ကြောင်း သိရသည်။

 

ဆက်လက်ဖော်ပြပါမည်။