ယခုဘဏ္ဍာနှစ်စမှ သြဂုတ် ၁၂ ရက်အထိ ဆန်တန်ချိန် သုံးသိန်းကျော် တင်ပို့ထား

Tue, 08/23/2016 - 06:36 -- admin_ygn

       သြဂုတ်လ ဒုတိယပတ်ဖြစ်တဲ့ ၆ ရက်မှ ၁၂ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ဆန် တန်ချိန် ၁၃၄၆၉ တန်တင်ပို့ခဲ့ရာ မူဆယ် ( ၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၉၃၄ တန်ကျော်နဲ့ ဧည့်မထဆန် တန် ၁၃၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၁၁ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၇၀၂၃ တန် တင်ပို့ခဲ့ပါတယ်။   ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်း ယှဉ်ပါက ၂၇၇၈ တန် လျော့နည်းခဲ့ကြောင်း သိရှိရပါတယ်။ ဆန်တင်ပို့မှု လျော့နည်းသော်လည်း ယခုတစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ပိုမိုခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သုညဒသမ ၈၂၈ သန်း တန်ဖိုး ရှိ  ဆန်ကွဲ ၂၅၃၇ တန်  တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်တင်ပို့မှုထက်  ၁၂၆၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ  အမေရိကန်ဒေါ်လာ သုညဒသမ ၅ သန်းတန် ဖိုးရှိ ဆန်တန်ချိန် ၁၂၀၃ တန် တင်ပို့ခဲ့ရာ တရုတ်နိုင်ငံသို့ ငစိန်ဆန်တန် ၅၀၊ ပြင်သစ်နိုင်ငံသို့ ပေါင်းဆန် တန် ၂၀၀ ၊ စင်ကာပူနိုင်ငံသို့ ဧည့်မထဆန် ၂၄ တန်၊  အီးယူနိုင်ငံများသို့ ပေါင်းဆန် ၂၂၅ တန်နဲ့ ဧည့်မထဆန် ၇၀၄ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ဆန် ၁၀၆၆၃ တန် လျော့နည်းခဲ့ပါတ ယ်။  လျော့နည်းရခြင်းမှာ ယခင်တစ်ပတ်က  စင်ကာပူတစ်နိုင်ငံတည်းကို ဧည့်မထဆန် တန်ချိန်တစ်သောင်း တင်ပို့ပြီး အခြားနိုင်ငံများကိုလည်း ၁၈၆၆ တန် တင်ပို့နိုင်ခဲ့လို့ဖြစ်ပါတယ်။  ဆန်အပြင် အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၅၁၅ သန်းတန်ဖိုးရှိ ဆန်ကွဲ  ၅၅၂၅ တန်ကို အီးယူနိုင်ငံများသို့သာ တင်ပို့ခဲ့ပါတယ်။ ယခင် တစ် ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၃၀၅၀ တန် ပိုမိုတင်ပို့နိုင် ခဲ့တာ တွေ့ရပါတယ်။
       ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှသြဂုတ် ၁၂ ရက်အထိ အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၂၈၈ သန်း တန်ဖိုးရှိ ဆန် ၃၀၀၂၈၆ တန်ကျော်နဲ့ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၀၃၃ တန်ဖိုးရှိ ဆန်ကွဲ ၁၀၆၀၃၅ တန်ခန့် တင်ပို့ထား ပြီးဖြစ်ပါ တယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages