နို့ဆီ အဝင်လျော့ပြီး နို့မှုန့်ဝင်အားကောင်း

Wed, 08/17/2016 - 08:29 -- admin_ygn

    ဇူလိုင် ၃၁ရက်မှ သြဂုတ် ၆ ရက် သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၃၀၉၈၆၉ တန်ဖိုးရှိ နို့ဆီ ၂၂၈ ဒသမ ၁၆၈ တန်ကိုပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ၁၀၃ ဒသမ ၉၆၈ တန်နဲ့   စင်ကာပူနိုင်ငံမှ ၁၂၄ ဒသမ ၂၀တန်တင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၉၆၀ ကျော် တင်သွင်းနိုင်ခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ရင် တန် ချိန် ၇၄၀ ကျော်တင်သွင်းမှု လျော့နည်း ခဲ့တယ်လို့ သိရပါတယ်။
    ဒီတစ်ပတ် နို့မှုန့်အဝင်မှာ နယူး ဇီလန်မှ ၃၆၄ ဒသမ ၉၅တန်၊ မလေးရှား မှ ၇၉ ဒသမ ၄၃၇ တန်၊ ဖိလစ်ပိုင်မှ ၅ ဒသမ ၉၆ တန်၊ထိုင်းမှ ၅ ဒသမ ၅၀၄ တန်၊ အိုင်ယာလန်မှ ၁၀ ဒသမ ၉၂၇ တန်နဲ့ စင်ကာပူမှ ၁ ဒသမ ၁၄၇တန် စုစုပေါင်း ၄၉၇ ဒသမ၉၂၅ တန်တင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် နို့မှုန့်အဝင်မှာ တန်ချိန် ၂၄၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၂၂၀ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါ တယ်။

Local Trade News

Pages