ဆန်ချော အဝယ်လိုက်ပြီး ဆန်ဈေးတက်

Tue, 08/16/2016 - 06:39 -- admin_ygn

      ရန်ကုန် ဝါးတန်းဆန်ဈေးကွက်မှာ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၃၅၀၀ ခန့်ဈေးတက် ပြီးကျန်တဲ့နယ်စုံပေါ်ဆန်းဖြစ်တဲ့  ဖျာပုံ၊ ပုသိမ်၊  ကျိုက်လတ် ကတော့ တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ  ဈေးတက်ေ ကြာင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခုတစ်ပတ်မှာ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကို ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၅၀၀၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၃၇၅၀၀နဲ့ လတ်စ တစ်အိတ်ကို ကျပ် ၃၄၅၀၀၊ နယ်စုံ(ကျိုက်လတ်) ထိပ်စတစ် အိတ်ကိုကျပ် ၃၅၅၀၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ် ဈေးထက်တစ်အိတ်ကိုကျပ် ၅၀၀ ခန့်စီ ဈေးတက်လာပါတယ်။
      လူကြိုက်များတဲ့ရွှေဘိုပေါ်ဆန်းဆန်ကတော့ တစ်အိတ် ကို ကျပ် ၄၃၀၀၀ မှ ကျပ် ၄၆၀၀၀ အထိရှိပြီး ယခုတစ်ပတ် အတွင်းမှာ တစ်အိတ်ကိုကျပ် ၃၅၀၀ ခန့် ဈေးတက်လာတယ် လို့ သိရပါတယ်။ လဆန်းပိုင်းဖြစ်တာရယ်၊ လူ ကြိုက်များပြီး အဝယ်လိုက်လာလို့ ဆန်ဈေးတက်လာတာဖြစ်တယ်လို့ ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။ ဧည့်မထဆန်ကတော့ ထိပ်စတစ်အိတ်ကျပ် ၂၃၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၂၁၅၀၀၊ မနောသုခ တစ်အိတ်ကို ကျပ် ၂၆၀၀၀ မှ ၂၇၀၀၀ နဲ့ဈေးငြိမ်နေပြီး၊ နွေသီးထပ်(ရှယ်) တစ် အိတ် ကျပ် ၁၉၅၀၀ မှ ကျပ် ၂၀၃၀၀ ၊ နွေဆန်ရက် ၉၀ တစ် အိတ် ကျပ် ၂၀၀၀၀ မှကျပ် ၂၁၅၀၀ ဖြစ်လို့  တစ်အိတ်ကို ကျပ် ၅၀၀ ခန့်စီဈေးတက်လာပါတယ်။ အိတ်စပို့ ဆန် ဧည့်မထ ၂၅ မှတ်ကတော့ တစ်အိတ်ကို ကျပ် ၁၇၂၀၀မှ ကျပ် ၁၇၅၀၀ ဖြစ် ပြီး ယခင်တစ်ပတ်အတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေကြောင်း သိရပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာ အဝင်ကတော့ ပုံမှန်ရှိနေပြီး ရေကြီးတာရယ် လဆန်းပိုင်းရက် ဖြစ်တာတွေရယ် ကြောင့် အရောင်းအဝယ်သွက်နေတယ်လို့  ဆန်ဈေးကွက်မှ သတင်းရရှိပါတယ်။
       မူဆယ်ဆန်ဈေးကွက်မှာ ဧည့်မထ ၅ မှတ် မှော်ဘီ ၁၄၃ ယွမ်မှ ၁၄၆ ယွမ်  စူပါတစ်အိတ် ၁၄၆ ယွမ်မှ ၁၄၉ ယွမ်၊ ဧည့်မထ မှော်ဘီတစ်အိတ် ၁၃၈ မှ ၁၄၁ ယွမ်၊ စူပါတစ်အိတ် ၁၄၄ မှ ၁၄၅ ယွမ်၊ မနောသုခ ၂၅ မှတ် တစ် အိတ် ၁၃၀ မှ ၁၄၁ ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၄၅ မှ ၁၄၇ ယွမ်၊ ၁၅ မှတ်တစ် အိတ် ၁၄၀ မှ ၁၄၃ ယွမ်နဲ့ ၂၅ မှတ်တစ်အိတ်  ၁၃၆ မှ ၁၃၈ ယွမ်ဈေးရှိပြီး မူဆယ်မှာတော့ ဆန်ဈေးငြိမ်နေတာတွေ့ရပါတယ်။  မူဆယ် ကုန်စည် ဒိုင်ကို မြို့တွင်းနယ်စုံမှ ဆန်အဝင် တစ်နေ့ ပျမ်းမျှ ၉၅၆တန်ရှိပြီး သြဂုတ် ၅ ရက်မှ ၁၁ ရက် အထိ အဝင်   စုစုပေါင်းတန်ချိန် ၆၆၉၀ ရှိတယ်လို့  သိရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ သြဂုတ် ၁၂ ရက် ငွေလဲနှုန်းအရ တစ် ယွမ်ကို ၁၇၆ ဒသမ ၆၇ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါ တယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages