Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲကျင်းပ

           Myanmar International Gems, Jewellery & Watch Expo 2016 ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ  ( Gems Trade Center) တွင် ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန် မာနိုင်ငံ ကျောက်မျက်ရတနာရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌ  ဦးယုံမူ၊ အတွင်းရေးမှူး ဦးထွန်းလှအောင်၊  မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေ ဆိုင်)၊Asia Concent Co.,Ltd နှင့် ဖိတ်ြ ကားထား သော ဧည့်သည်များတက်ရောက်ကြပါသည်။
          အဆိုပါပြပွဲကIn Time Media (Myanmar) Co.,Ltd၊ La Min Aung Trading Company Limited တို့က စီစဉ်ကြီးကြပ်ပြီး ဟောင်ကောင်၊ သြစတြေးနိုင်ငံရှိ ကုမ္ပဏီရှစ်ခုမှ  ကျောက်မျက်ရတနာ အချောထည်များ၊ အချော ထည်ပြုလုပ်သည့် စက်များ၊ ခွဲစက်သေးများအား ခင်းကျင်းပြသခဲ့ကြပါသည်။ သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံ အနေဖြင့် တွင်းထွက်ကျောက်မျက်ရတနာ အကြမ်းထည်များကို ပြည်ပသို့လျှော့ေ ဈးဖြင့် ရောင်းချမည့်အစား အချောထည်ပြုလုပ်သော စက်ကိရိယာများ ဖြင့် ပြုလုပ်ရောင်းချပါက ပြည်တွင်းဝင်ငွေပိုမိုရရှိ ရန်နှင့်  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး ရတနာပစ္စည်းရောင်းချသည့်ကုမ္ပဏီများ၊ လုပ်ငန်း ရှင်များအနေဖြင့်  အကျိုးအမြတ် များ  ပိုမိုခံစားရရှိ စေရန်၊ နည်းပညာ အပြန်အလှန်  ဖလှယ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရေး အထောက်အကူဖြစ်စေရန်  ရည်ရွယ်၍ ပြသခြင်း ဖြစ်ကြောင်း သိရှိရပါသည်။၎င်းပြပွဲအား ဧပြီ ၁ ရက်မှ ၄ ရက်အထိ ခင်း ကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

KMT