ထိုင်းသုဝဏ္ဏဘူမိလေဆိပ်၌ အကောက်ခွန်ကို ဘဏ်ကတ်များဖြင့် ပေးချေခွင့်ပြုမည်

     ထိုင်းနိုင်ငံသားများနှင့်နိုင်ငံခြားသား ခရီးသည်များသည် ပြည်ပမှယူဆောင်လာသောပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန် ၎င်းတို့၏ debit card သို့မဟုတ် credit card များကို မကြာခင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သုဝဏ္ဏဘူမိလေဆိပ်၌ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကောက်ခွန် ပေးဆောင်နိုင်မည့် လမ်းကြောင်းသစ် (ဘဏ်ကတ်များဖြင့် ပေးချေခြင်း) ကို စတင်အသုံးပြုနိုင်မည် ဖြစ်ပါသည်။
     အကောက်ခွန်ပေးဆောင်ခြင်း ကို debit card သို့မဟုတ် credit card များဖြင့် ဘတ် ၁၀၀ç၀၀၀ အထိသာ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ Kasikornbank  နှင့် Krungthai Bank တို့၏ကတ်များကို  အသုံးပြုသူများအနေဖြင့် ဝန်ေ ဆာင်ခပေးရန် မလိုကြောင်း၊ အခြားသောငွေကြေးအဖွဲ့အစည်းများ၏ ဘဏ်ကတ်များကို အသုံးပြုပါက ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းပေးရမည် ဖြစ်ကြောင်း၊ ဘဏ်ကတ်များဖြင့် အကောက်ခွန်ပေးဆောင်ခြင်းကို နောင်တွင် အခြားေ လဆိပ်များတွင်ပါ ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့