၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ကျဆင်းခဲ့သော်လည်း စင်ကာပူတွင် ၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့

     ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုသည် အမေရိကန် ၁ ဒသမ ၃၉ ထရီလီယံသို့ ကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ၂၀၁၇ ခုနှစ် အခွန်ဆိုင်ရာပြုပြင်ပြောင်း လဲမှုများ၏ အကျိုးသက်ရောက်မှုကြောင့် ၂၀၁၈ ခုနှစ်တွင် အမေရိကန်၏ FDI စီးထွက်မှုနှင့် ကမ္ဘာ့ FDI စီးဆင်းမှု အခြေ အနေတို့ကို နှေးကွေးစေခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကျဆင်းမှု ဆက်လက်ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့သော် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေး တိုးတက်မှု အတန်အသင့်ကောင်းမွန်လာပြီး FDI စီးဆင်းမှုမှာ အနည်းငယ် မြင့်တက်လာ ဖွယ်ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ကုန် သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုညီလာခံ (United Nations Conference on Trade and Development - UNCTAD) က ပြောကြားသည်။

      ကုန်သွယ်ရေးတင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုတို့ကြောင့် ကမ္ဘာ့ FDI  ဝင်ရောက်မှု ပမာဏသည် လျော့ကျခဲ့သော်လည်း   ၂၀၁၉   ခုနှစ် တွင် စင်ကာပူသို့ FDI  ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံဖြင့် ယခင်နှစ်တွင်ရရှိ ခဲ့သည့် အမေရိကန် ဒေါ်လာ ၇၈ ဘီလီယံထက် ၄၂ ရာခိုင် နှုန်းအထိ တိုးတက်ခဲ့သည်။ အဓိက ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့သောကဏ္ဍမှာ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးကဏ္ဍတွင် ဖြစ်သည်။ ထို့ပြင် အာဆီယံရှိ အင်ဒိုနီးရှားသို့ FDI  ဝင် ရောက်မှုသည် အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံဖြင့် ၁၂ ရာခိုင်နှုန်းတိုးတက် ရရှိခဲ့ကြောင်း၊ အာဆီယံဒေသ တစ်ခု လုံးအနေဖြင့် FDI  ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၇၇ ဘီလီယံဖြင့် ၁၉ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။

       UNCTAD ၏ စာရင်းအရ ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ FDI စီးဆင်းမှု နှေး ကွေးခဲ့သော်လည်း စင်ကာပူသည် ကမ္ဘာ တွင် တတိယမြောက်  FDI ဝင် ရောက်မှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်။ အမေ ရိကန်နိုင်ငံမှာ ၂၀၁၈ ခုနှစ်တွင် FDI  အမေရိကန်ဒေါ်လာ ၂၅၄ ဘီလီယံရရှိ ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၅၁ ဘီလီယံသို့ အနည်းငယ် ကျဆင်းခဲ့သော်လည်း ကမ္ဘာတွင်  FDI ဝင်ရောက်မှုအများဆုံးနိုင်ငံအဖြစ် ဆက် လက်ရပ်တည်လျက်ရှိသည်။ တရုတ် နိုင်ငံသည် FDI အမေရိကန်ဒေါ်လာ ၁၄၀ ဘီလီယံဖြင့်  ဒုတိယအများဆုံး နေရာတွင်  ရပ်တည်ခဲ့သည်။  အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေး အငြင်းပွားမှုနှင့် ဟောင်ကောင်တွင် အစိုးရ အပေါ် ဆန့်ကျင် ဆန္ဒပြမှုအခြေအနေ များက FDI  စီးဆင်းမှုလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည့်အတွက် ဟောင် ကောင်သည် ၂၀၁၈ ခုနှစ်တွင် FDI အမေရိကန် ဒေါ်လာ ၁၀၄ ဘီလီယံဖြင့် တတိယ အများဆုံးဖြစ်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင်   အမေရိကန်ဒေါ်လာ   ၅၅ ဘီလီယံအထိ တစ်ဝက်ကျော် ကျဆင်းခဲ့ပြီး ဆဋ္ဌမမြောက်နေရာသို့ လျှောဆင်း သွားပါသည်။ ဗြိတိန်မှာ Brexit  ကိစ္စဖြင့် FDI ဝင်ရောက်မှု အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံသို့ ကျဆင်းခဲ့သော်လည်း ပဉ္စမနေရာသို့ တစ်ဆင့်မြင့်တက်ခဲ့ သည်။

     ဖွံ့ဖြိုးဆဲနိုင်ငံများ၏  FDI  ဆွဲ ဆောင်မှုသည် ကမ္ဘာ့ FDI တစ်ဝက် ကျော်ကို  ရရှိခဲ့ကြောင်း၊  လက်တင် အမေရိကနှင့်  Caribbean သို့ ၁၆ ရာခိုင် နှုန်းနှင့် အာဖရိကသို့ ၃  ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဟောင်ကောင် အပါအဝင် အရှေ့အာရှသို့ FDI စီးဝင် မှုမှာ ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ တောင်ကိုရီးယားသို့ FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံဖြင့်   ၄၆   ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ FDI  စီးဆင်းမှုသည် အမေရိကန်ဒေါ်လာ ၆၄၃ ဘီလီယံဖြင့် ၆ ရာခိုင်နှုန်း လျော့ နည်းခဲ့ကြောင်း ဖော်ပြထားသည်။ UNCTAD  ၏ ခန့်မှန်းစာရင်း အရ ၂၀၁၉ ခုနှစ်တွင် FDI ဝင်ရောက်မှု အများဆုံး ၁၀ နိုင်ငံမှာ အမေရိကန်၊ တရုတ်၊  စင်ကာပူ၊  ဘရာဇီး၊  ဗြိတိန်၊ ဟောင်ကောင်၊   ပြင်သစ်၊   အိန္ဒိယ၊ ကနေဒါနှင့် ဂျာမနီနိုင်ငံတို့ဖြစ်ကြောင်း သိရှိရသည်။                  

 

Source: The Business Times

မြတ်နိုး၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ စင်ကာပူမြို့။