ဘရာဇီးပဲပုပ်ရောင်းလိုအား မြင့်မားသဖြင့် စားအုန်းဆီဈေး နှစ်လအတွင်း အနိမ့်ဆုံးကိုကျ

ဘရာဇီးနိုင်ငံဟာ ယခုနှစ်အတွင်း ကမ္ဘာမှာ ပဲပုပ်အများဆုံးထွက်တဲ့နိုင်ငံ ဖြစ်လာပြီး၊ ကမ္ဘာ့ဆီထွက်သီးနှံ ရောင်း လိုအား မြင့်တက်ကာ ဝယ်လိုအား ကျစေနိုင်သဖြင့် စားအုန်းဆီဈေးဟာ ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးနှုန်းကို ကျ ဆင်းခဲ့ပါတယ်။ မလေးရှား ဆင့်ပွား စာချုပ်စာတမ်းများအဝယ်ဒိုင်မှာ စားအုန်းဆီ မေလအတွက် စာချုပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ မက် ထရစ်တစ်တန်ကို ၂၃၆၂ ရင်းဂစ် (၇၅၉ ဒေါ်လာ)နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ ကုန်ဈေးနှုန်းမှာ ဇန်နဝါရီ ၁၄ ရက် နောက်ပိုင်း အရောင်းအသွက်ဆုံး ဈေး နှုန်းဖြစ်ခဲ့ပါတယ်။ ကြိုရောင်း ဈေးများမှာ ကွာလာလမ်ပူတွင် မနက်ပိုင်း ဈေး သိမ်းချိန်မှာ မက်ထရစ်တစ်တန်ကို ၂၃၆၃ ရင်းဂစ်နှုန်းရှိခဲ့ရာ ယခင်နှစ် ကာလတူအောက် ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ မတ် ၁၃ ရက်ထိကောက်ယူရရှိတဲ့ စာရင်းများအရ ဘရာဇီးနိုင်ငံရှိ အဓိက ဆိပ်ကမ်းများမှ တင်ပို့ရန် လျာထားတဲ့ ပဲပုပ်နဲ့ ပဲပုပ်ထွက်ကုန်များမှာ တန် ၁၁ ဒသမ ၉ သန်းခန့်ရှိခဲ့ပါတယ်။ ထို ပမာဏမှာ ယခင် ရက်သတ္တပတ် တစ် ပတ်ကထက် တန် ၁၀ ဒသမ ၇၇ သန်း ပိုမိုခဲ့ကြောင်း၊ SA  Commodities  and Unimar Agenciamentos  Maritimos မှ ထုတ်ပြန်ချက်အရ သိရ ပါတယ်။ ယခုနှစ်တွင်  အမေရိကန် ချီကာဂို ကုန်သွယ်ရေး ဘုတ်အဖွဲ့တွင် မေလအတွက် ပဲပုပ်ဆီ ကြိုပွိုင့်ဈေးဟာ တစ်ပေါင်ကို သုည ဒသမ ၂ ရာခိုင်နှုန်း သို့မဟုတ် ၄၉ ဒသမ ၄၁ ဆင့် ကျဆင်းခဲ့ပါတယ်။ သန့်စင်ပြီး စားအုန်းဆီရဲ့ စက်တင်ဘာတွက် ကြိုပွိုင့်ဈေးမှာ ဒါလီယံ ကုန်စည်ဒိုင်တွင် သုည ဒသမ ၇ ရာခိုင် နှုန်း ကျဆင်းပြီး၊ တစ်တန်ကို ၆၂၉၆ ယွမ် (၁၀၁၂ ဒေါ်လာ)နှုန်း ရှိခဲ့ပါတယ်။ အလားတူကာလအတွင်း ပဲပုပ်ဆီဈေး မှာ အပြောင်းအလဲအနည်းငယ်သာ ရှိ ပြီး တစ်တန်ကို ၈၀၃၂ ယွမ်နှုန်းရှိ ကြောင်း bloomberg.com မှ သိရပါတယ်။
UNT