MSP ဈေးနှုန်းနှင့် တောင်သူလယ်သမားပင်စင်ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ Odisha ပြည်နယ်တွင်လည်း တောင်သူလယ်သမားများ စုဝေးဆန္ဒပြမှုဖြစ်ပေါ်

            မွမ်ဘိုင်းမြို့ဆန္ဒပြပွဲပြီးနောက်ထောင်ပေါင်းများစွာသော တောင်သူလယ်သမားများစုဝေးဆန္ဒပြမှုထပ်မံဖြစ်ပေါ်ခဲ့သည့်နေရာမှာ Odisha ပြည်နယ်ဖြစ်ကြောင်း၊  ယင်းဆန္ဒပြပွဲ၌ တောင်သူလယ်သမားများသည် စပါးသီးနှံအတွက် MSPဈေးနှုန်းအား တစ်ကွင် တယ် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၅၀၀၀ သို့သတ်မှတ်ပေးရေး၊ ပြည်နယ်အတွင်းရှိ တောင်သူလယ်သမား ပေါင်း ၃၆ သိန်းအတွက်တစ်လလျှင် ရူပီး ၅၀၀၀ ခန့် ပင်စင်လစာရရှိရေးအတွက်လည်း တောင်းဆိုခဲ့ကြ ကြောင်း၊ လက်ရှိတွင် အဆိုပါပြည်နယ်၌ တောင်သူလယ်သမားများအတွက် ပင်စင်လစာစီစဉ်ပေးထားခြင်းမရှိကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ၎င်းတို့၏လိုလားချက်များအား ဖြည့်ဆည်းပေးရန်ပျက်ကွက်ပါက လှုံ့ဆော်မှုများအား ပိုမို ကျယ်ပြန့်လာမည်ဖြစ်ကာအခြေခံလူတန်းစား အားလုံးပါဝင်လာနိုင်သည်ဟု NKS ဥက္ကဋ္ဌ Akshay Kumar က ပြောကြားထားကြောင်း သိရှိရပါသည်။ မွမ်ဘိုင်းမြို့တွင်လည်း BJP ပါတီ ဦးဆောင် သည့် Maharashtra  ပြည်နယ်အစိုးရ သည် အတိုက်အခံပါတီနှင့် ယင်း၏ မိတ်ဖက်ပါတီများ၏ ဖိအားများ ရှိခဲ့သည့်အတွက် သစ်တောမြေများအား  ထွန်ယက်စိုက်ပျိုးခွင့်အပါအဝင်  တောင်သူလယ်သမားများ၏ တောင်းဆိုချက်များကို လက်ခံရန် ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက် တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ရကြောင်း သိရှိရပါ သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့